အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကနေထွက်ခွာဖို့များနေသူဖြစ်ပါတယ်။ဒီအချိန်မှာလစ်ဗာပူးလ်ကစားသမားဟောင်း (လက်ရှိဘောလုံးသုံးသပ်သူ) ဂျေမီကာရေဂါကယူနိုက်တက်နဲ့အဆင်မပြေဖြစ်နေတဲ့ရက်ရှ်ဖို့ဒ်နဲ့ပတ်သတ်လို့ဝေဖန်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ကာရေဂါကရက်ရှ်ဖို့ဒ်အနေနဲ့ပြောစကားတွေကိုရပ်တန့်ပြီးတော့အလုပ်နဲ့သာသက်သေပြသင့်နေပြီဖြစ်ကြောင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ကာရေဂါက “ပြီးခဲ့တဲ့တစ်ပတ်ကမားကပ်စ်ရက်ရှ်ဖို့ဒ်အကြောင်းပြောခဲ့ပြီးပြီထင်ပါတယ်။အဲဒီတုန်းကကျွန်တော်ပြောခဲ့သလိုပါပဲ။ကျွန်တော်သူ့ရဲ့အကြောင်းကိုပြောနေတဲ့အချိန်မှာသူကအတိုင်းအတာတစ်ခုကစားသမားကောင်းတစ်ဦးမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။ဝိန်းရွန်နီ၊ဒေးဗစ်ဘက်ခမ်း၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ကတော့ကစားသမားကောင်းတွေဖြစ်ခဲ့ကြပါတယ်။ရက်ရှ်ဖို့ဒ်အနေနဲ့ကြီးကျယ်ခမ်းနားတဲ့ကစားသမားတစ်ယောက်ဖြစ်ချင်ရင်ဒါမှမဟုတ်မန်ချက်စတာယူနိုက်တက်ရဲ့ကစားသမားဆက်ပြီးဖြစ်ချင်နေသေးတယ်ဆိုရင်တော့ဒီလိုပြောစကားတွေရှောင်သင့်ပါတယ်။ပါးစပ်ပိတ်ထားပြီးတော့တိုက်ပွဲဝင်နေရပါမယ်။အခွင့်အရေးနည်းနည်းလောက်လေးရလာဖို့လည်းမျှော်လင့်နေရပါမယ်။အခုကတော့ကလပ်အသင်းကအခြေအနေဆိုးတစ်ခုကိုရောက်နေချိန်မှာသူကအသင်းကနေထွက်ခွာခွင့်တောင်းဆိုထားသလိုအသင်းကနေထွက်ခွာချင်သလိုလည်းဖြစ်နေပါတယ်။”လို့ပြင်းပြင်းထန်ထန်မှတ်ချက်ပေးသွားခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်ယူနိုက်တက်မှာဆယ်စုနှစ်နှစ်ခုနီးပါးဖြတ်သန်းထားခဲ့တဲ့ရက်ရှ်ဖို့ဒ်ကလက်ရှိမှာအသင်းကနေရောင်းထုတ်ခံရတော့မယ်လို့သတင်းတွေကြီးနေသူပါ။ဒါ့အပြင်ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်းစိန်ခေါ်မှုအသစ်တွေ၊ခြေလှမ်းအသစ်တွေအတွက်အဆင်သင့်ဖြစ်နေပြီဆိုပြီးပြောကြားထားခဲ့ပါသေးတယ်။လက်ရှိမှာလည်းရက်ရှ်ဖို့ဒ်ကမန်ချက်စတာဒါဘီပွဲနဲ့စပါးနဲ့လိဂ်ဖလားပွဲစဉ်တွေမှာအသင်းလူစာရင်းကနေဆက်တိုက်ချန်လှပ်ခံခဲ့ရပါတယ်။ဒီလိုအခြေအနေတွေကြောင့်ပဲရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်ကပိုပိုပြီးဝေဝါးလာခဲ့သလိုအသင်းသစ်ကိုရောက်ရှိဖို့များနေခဲ့ပြီဖြစ်ပါတယ်။
လက်ရှိမှာမားကပ်စ်ရက်ရှ်ဖို့ဒ်ကပရီးမီးယားလိဂ်ကလပ်နဲ့လက်တွဲဖြုတ်ရဖို့သေချာသလောက်ရှိနေပြီးလာမယ့်ဇန်နဝါရီမှာပဲအသင်းကနေရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။ဒါပေမယ့်ယူနိုက်တက်ကအသင်းမှာကစားသမားအင်အားကအလုံအလောက်မရှိတာကြောင့်ရက်ရှ်ဖို့ဒ်ကိုရောင်းထုတ်ဖို့ပြန်စဉ်းစားဖွယ်ရှိနေကြောင်းလည်းသတင်းတွေထွက်ပေါ်နေပါတယ်။ရက်ရှ်ဖို့ဒ်ကိုရောင်းထုတ်လိုက်မယ်ဆိုရင်တော့ယူနိုက်တက်ကသူ့ရဲ့နေရာအတွက်မဖြစ်မနေကစားသမားပြန်လည်ခေါ်ယူရတော့မှာဖြစ်ပါတယ်။ရက်ရှ်ဖို့ဒ်ကိုတော့အာဆင်နယ်အပါအဝင်ဥရောပထိပ်တန်းကလပ်များစွာကစိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.