နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ရရင် လက်ရွေးစင် အဖြစ် ကနေ အနားယူမယ့် မာတီနက်ဇ် | ကမ္ဘာ့ဖလား

အီမီလီယာနို အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား အီမီလီယာနို မာတီနက်ဇ် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ထပ်မံ ရယူနိုင်ရင် လက်ရွေးစင် ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူတော့မယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာမှာ ကစားနေတဲ့ အသက် ၃၂ နှစ် အရွယ် မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား မှာ အာဂျင်တီးနားနဲ့ အတူ ချန်ပီယံဆု ရရှိထားခဲ့သူလည်း ဖြစ်ပါတယ်။

အီမီလီယာနို မာတီနက်ဇ်က “ကမ္ဘာ့ဖလား ချန်ပီယံဆုကို နှစ်ကြိမ်ဆက် ရယူနိုင်တဲ့ အသင်း ဘယ်အသင်း ရှိလို့လဲ။ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့ရင်တော့ ကျွန်တော် အနားယူတော့မှာပါ။ ကတိလည်း ပေးပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် ၂၀၂၁ ခုနှစ်မှ စတင် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးတော့ လက်ရှိမှာ အသင်း အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားထားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလား အပါအဝင် ကိုပါအမေရိက ချန်ပီယံဆု ၂ ကြိမ်နဲ့ Finalissima ချန်ပီယံဆု တစ်ကြိမ်လည်း ရရှိထားသူ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလား အပါအဝင် ကိုပါအမေရိက ချန်ပီယံဆု ၂ ကြိမ်နဲ့ Finalissima ချန်ပီယံဆု တစ်ကြိမ်လည်း ရရှိထားသူ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မာတီနက်ဇ်

ဆက်လက်ပြီး မာတီနက်ဇ်က “ကျွန်တော် အဝတ်လဲခန်းထဲ ဝင်သွားတဲ့ အခါ ကူတီ ရိုမဲယို (ခရစ္စတီယန် ရိုမဲယို)နဲ့ မာရီတို (ဗြူနိုအေးရိစ် ဒုမြို့တော်ဝန်) တို့ ငိုနေတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် ပြောခဲ့တာ ရှိပါတယ်။ နိုး။ အဲ့ဒါ မဟုတ်သေးဘူး။ ကျွန်တော် နိုင်ငံ အသင်း ကနေ အနားယူတော့မယ်။ ကျွန်တော် အရာရာကို အောင်မြင်ပြီးပြီ၊ အဲဒါ ကျွန်တော့်ရဲ့ အိပ်မက်ပဲ။ ဆိုပြီးတော့ပေါ့။ နောက်တော့ ပေါ်လို ဒီဘားလား ငိုနေလို့ ကျွန်တော် ဖက်ခဲ့တယ်။ ကျွန်တော်လည်း ကလေး တစ်ယောက်လို ငိုကြွေးခဲ့တယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂလန်မှာ ကြုံတွေ့ခဲ့ရတာတွေကို တွေးမိလို့ပါ။ 

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့ ပူးပေါင်း ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ မာတီနက်ဇ်ရဲ့ အသက်ဟာ ၃၃ နှစ်သာ ရှိဦးမှာ ဖြစ်တာကြောင့် သူ့ရဲ့ အိမ်မက်တွေက ဖြစ်လာဖွယ် ရှိနေပါသေးတယ်။ မာတီနက်ဇ်က လက်ရွေးစင် အသင်း ကနေ အနားယူမလား ဒါမှမဟုတ် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ကနေ လုံးဝ အနားယူမလား ဆိုတာ ကိုတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

မာတီနက်ဇ်ဟာ အာဆင်နယ် အသင်းမှာ ကစားသမား ဘဝကို စတင်ခဲ့ပေမယ့် အောက်စဖို့ဒ်၊ ရှက်ဖီးလ် ဝမ်းနက်စ်ဒေး၊ ရိုသာဟမ်၊ ဝုဗ်၊ ဂီတာဖေး၊ ရက်ဒင်း စတင်း အသင်းတွေထံ အငှားထွက်ကစားခဲ့ရပြီး ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီ အဲဒီအချိန်တုန်းက အာဆင်နယ်ရဲ့ နံပါတ် ၁ ဂိုးသမား ဘန် လန်နို ဒဏ်ရာ ရရှိသွားချိန်မှသာ အဓိက ပြိုင်ပွဲကြီးတွေမှာ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ သူ ပွဲထွက်ခွင့် ရချိန်မှာတော့ အာဆင်နယ်နဲ့ အတူ အက်ဖ်အေဖလား ချန်ပီယံဆု ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် မှာတော့ အက်စတွန်ဗီလာကို ပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီအချိန်ကစပြီး မာတီနက်ဇ်ရဲ့ ကစားသမားဘဝဟာ အမြင့်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီး အာဂျင်တီးနားနဲ့ ဆုဖလားတွေ အပြင် တစ်ဦးချင်း ဆုတံဆိပ်တွေ အဖြစ် ယာရှင်ဆု နှစ်ကြိမ်ဆက်၊ ဖီဖာက ပေးအပ်တဲ့ The Best ဆု ၂ ကြိမ်၊ ကမ္ဘာ့ဖလား နဲ့ ကိုပါအမေရိကဖလား ရွှေလက်အိတ်ဆုတွေ အပြင် IFFHS က ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုတွေ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်