ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်း ကနေ ထွက်ခွာသွားတဲ့ ဒန်အက်ရှ်ဝက် နေရာမှာ အစားထိုးဖို့ အားကစား ဒါရိုက်တာ တစ်ဦး ရှာဖွေနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ်ရဲ့ အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။
ယူနိုက်တက်ဟာ ဒန်အက်ရှ်ဝက်ကို အသည်းအသန် ခေါ်ယူခဲ့ပေမယ့်လည်း လပိုင်း အကြာမှာပဲ စိတ်သဘောထားခြင်း မတိုက်ဆိုင်မှုတွေကြောင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဒန်အက်ရှ်ဝက်နဲ့ ယူနိုက်တက် အကြားမှာ လူသိတဲ့ ကိစ္စတွေ အပြင် လူမသိတဲ့ ကိစ္စတွေ များစွာ ရှိခဲ့တယ်လို့ သိရပေမယ့် နောက်ဆုံး မှာတော့ လမ်းခွဲခြင်းနဲ့သာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က လစ်လပ်နေတဲ့ အားကစား ဒါရိုက်တာ ရာထူး အတွက် လက်ရှိမှာ အန်ဒရီယာ ဘာတာနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အန်ဒရီယာ ဘာတာ ကတော့ အသက်အရွယ် အားဖြင့် ၅၂ နှစ် အရွယ်သာ ရှိနေသေးပြီး လာလီဂါရဲ့ နာမည်ကျော် အားကစား ဒါရိုက်တာ တစ်ဦး အဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဘာတာက ထိပ်တန်း အဆင့် ကစားသမားကောင်း တော်တော်များများကို မွေးထုတ်ပေးနိုင်ခဲ့သူ အဖြစ် နာမည်ကျော်သူလည်း ဖြစ်ပါတယ်။ အန်ဒရီယာ ဘာတာဟာ အက်တလက်တီကိုမက်ဒရစ်ရဲ့ နည်းစနစ် ဒါရိုက်တာ အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီးတော့ ၄ နှစ်တာ ကာလ အတွင်းမှာ အက်သလက်တီကိုမက်ဒရစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂ ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် မှာတော့ နည်းစနစ် ဒါရိုက်တာ ရာထူး ကနေ အားကစား ဒါရိုက်တာ ရာထူးကို ပြောင်းလဲ တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။
ဘာတာ အနေနဲ့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အားကစား ဒါရိုက်တာ ရာထူးကို ရယူခဲ့ပြီးတဲ့နောက် ထိပ်တန်း အပြောင်းအရွှေ့များစွာကို ကိုင်တွယ်ခဲ့ပြီး Globe Soccer Awards က ပေးအပ်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ တစ်နှစ်တာ အတွင်း အကောင်းဆုံး အားကစား ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အက်တလက်တီကိုမက်ဒရစ် အသင်းက အန်ဒရီယာ ဘာတာရဲ့ ဦးဆောင်မှု အောက်မှာ ဒါးဗစ် ဗီလာကို ဘာစီလိုနာ ကနေ ခေါ်ယူခဲ့ပြီးနောက် ဒါးဗစ် ဗီလာ-ဒီယေဂို ကော်စတာ တိုက်စစ် အတွဲအဖက်နဲ့ အတူ လာလီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ၁၉၉၆ ခုနှစ် နောက်ပိုင်း လာလီဂါ အမှတ်ပေးချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ပြန်လည် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဘာတာက ဒါးဗစ် ဗီလာ အပြင် တခြားသော ထိပ်တန်း ကစားသမားပေါင်း များစွာ ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသေးတယ်။ ယန် အော်ဘလက်ခ်၊ ဂရစ်ဇ်မန်း၊ ကာရက်စ်ကို၊ ဒီယိုဂို ဂျိုတာ၊ ရိုဒရီနဲ့ မားကို့စ် ယော်ရန်တေးတို့ ကတော့ အန်ဒရီယာ ဘာတာ မွေးထုတ်ပေးခဲ့တဲ့ ထင်ရှားတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ အားလုံးထဲ ကမှ ရိုဒရီ ကတော့ အထင်ရှားဆုံး ဖြစ်ပြီး ဒီကစားသမားဟာ မန်စီးတီးကို ပြောင်းရွှေ့ပြီးနောက် Ballon d’Or ဆုကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်ပါတယ်။ ဒီလို ထင်ရှာ ကျော်ကြားတဲ့ အားကစားဒါရိုက်တာ တစ်ဦး ကိုတော့ ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ ပရီးမီးယားလိဂ် ကလပ် တာဝန်ရှိသူတွေ အနေနဲ့ အရ ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.