လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လစ်ဗာပူးလ် ကတော့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး ပရိသတ် ၅၀ ရာခိုင်နှုန်းကျော် ကလည်း မဲပေးထားခဲ့တယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီး နိုင်ငံတကာ ရက်သတ္တပတ် အတွက် အမှတ်ပေးပြိုင်ပွဲတွေ ခေတ္တ ရပ်နားထားချိန်မှာ ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်က ပရိသတ်တွေကို စစ်တမ်း ကောက်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ် ဦးရေ ၃၅၀၀၀ ကျော် ဆန္ဒမဲပေးခဲ့ကြပြီးတော့ လစ်ဗာပူးလ် ချန်ပီယံ ဖြစ်မယ်လို့ ၅၇ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး မန်စီးတီး ကိုတော့ ၁၃ ရာခိုင်နှုန်း၊ အာဆင်နယ်ကို ၁၂ ရာခိုင်နှုန်း၊ ချဲလ်ဆီးကို ၁၁ ရာခိုင်နှုန်းနဲ့ တခြား အသင်းတွေ ချန်ပီယံ ဖြစ်မယ်လို့ မဲပေးသူ ကတော့ ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။
အာနေး ဆလော့တ်ရဲ့ အသင်းဟာ ရာသီ အစမှာ မန်စီးတီး၊ အာဆင်နယ် တို့ ပြီးမှသာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။ လစ်ဗာပူးလ်ဟာ နိုဝင်ဘာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ပွဲစဉ် ၁၁ အပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ ဇယားကို ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ၄ နှစ် ဆက်တိုက် ရရှိထားတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနဲ့ အာဆင်နယ် ကိုလည်း ၉ မှတ် အထိ ဖြတ်ထားနိုင်ခဲ့ပြီး အားရစရာ ခြေစွမ်းနဲ့ အားရစရာ အခြေအနေတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ နည်းပြသစ် ဆလော့တ် လက်ထက်မှာ အကောင်းဆုံး ပုံစံ ရရှိနေပြီးတော့ ပြိုင်ပွဲစုံမှာ ၉ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ဆိုတဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ် ကလည်း သွင်းဂိုး ၂၁ ဂိုး အထိ ရရှိထားခဲ့သလို ခံစစ် ကတော့ ပေးဂိုး ၆ ဂိုးသာ ရှိထားပါတယ်။ ဒါကြောင့် Optaရဲ့ စူပါကွန်ပျူတာက ရာသီကြိုကာလ ချန်ပီယံ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကို တွက်ချက်လာခဲ့ပြီး ပွဲစဉ် ၁၁ အပြီးမှာ ချန်ပီယံ ဖြစ်နိုင်ချေ ရာခိုင်နှုန်းတွေကို နှိုင်းယှဉ် ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄/၂၀၂၅ ရာသီ မစတင်မီက ပပ် ဂွာဒီယိုလာရဲ့ မန်စီးတီးက ချန်ပီယံ ဖြစ်နိုင်ချေ ၈၂.၂ ရာခိုင်နှုန်းနဲ့ ၅ နှစ်ဆက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး အာဆင်နယ်က ၁၂.၂ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ လစ်ဗာပူးလ်က ၅.၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာသာ ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ် ၁၁ အပြီးမှာ လစ်ဗာပူးလ်ကက ချန်ပီယံ ဖြစ်နိုင်ချေ ၅၉.၃ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပြီး မန်စီးတီးက ၃၆.၂ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အာဆင်နယ်က ၄.၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ဒါ့အပြင် အခုရာသီ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာက မဲအများဆုံး ရရှိထားပါတယ်။ ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်ဟာ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ကစားသမား ၁၀ ဦးကို မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပြီး ပရိသတ် ၃၂၀၀၀ ကျော် မဲပေးခဲ့ရာ မှာတော့ မို ဆာလာက ၅၃ ရာခိုင်နှုန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ အများဆုံး ကတော့ ၁၈ ရာခိုင်နှုန်း ရရှိထားတဲ့ ချဲလ်ဆီး တိုက်စစ်မှူး ကိုးလ် ပါးလ်မား ဖြစ်ပြီး နော့တင်ဟမ်ဖောရက်စ် တိုက်စစ်မှူး ခရစ္စ ဝုဒ်က ၁၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ သူတို့ရဲ့ နောက်မှာတော့ လစ်ဗာပူးလ် ကွင်းလယ်လူ ဂရာဗန်ဘက်ချ်နဲ့ အာဆင်နယ် တောင်ပံ ကစားသမား ဘူကာယို ဆာကာ တို့က ၅ ရာခိုင်နှုန်းစီ ရရှိခဲ့တယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.