ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ပပ် ဂွါဒီယိုလာကို ရုပ်တု ထုလုပ်ပြီး ဂုဏ်ပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ သူတို့ အသင်းကို အောင်မြင်မှု များစွာ ရယူပေးထားတဲ့ ဂွါဒီယိုလာကို အမြဲတမ်း အမှတ်ရနေစေဖို့ အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ရုပ်ထု ထုလုပ်ပေးသွားဖို့ ရှိနေတာ ဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။
စပိန် လူမျိုး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ် ချန်ပီယံဆု ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု များစွာ ရယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ မန်ချက်စီးတီးကို အင်္ဂလန် ဘောလုံးလောကမှာ အသင်းကြီး တစ်သင်း စာရင်းဝင်လာအောင် ထမ်းတင်ပေးခဲ့တဲ့ နည်းပြ တစ်ဦးဆိုလည်း မမှားပါဘူး။ သူရောက်ရှိချိန်က စလို့ မန်စီးတီးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သူတို့ တစ်ခါမှ မမျှော်လင်ခဲ့ဘူးတဲ့ စံချိန် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ၇ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုက ၆ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၄ နှစ် ဆက်တိုက် စံချိန်တင် ချန်ပီယံ ဖြစ်စေခဲ့သူပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ ကလည်း မန်စီးတီးကို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် တို့မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးတော့ မြို့ခံပြိုင်ဘက် ယူနိုက်တက် စံချိန်တင်ထားတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လိုက်မှီစေခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် မန်စီးတီး အသင်း တာဝန်ရှိသူတွေက သူတို့ရဲ့ ဂန္ထဝင် နည်းပြ ဖြစ်တဲ့ ဂွါဒီယိုလာကို ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုရန် စီစဉ်နေတာ ဖြစ်ကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ မန်စီးတီးဟာ လက်ရှိအချိန်မှာ မြောက်ဘက် ပွဲကြည့်စင်ကို တိုးချဲ့ တည်ဆောက်မှု ပြုလုပ်လျက် ရှိပြီး အဆိုပါ တည်ဆောက်မှုမှာ ဂွါဒီယိုလာရဲ့ ရုပ်တုကို ထည့်သွင်းဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။ အဲဒီ ပွဲကြည့်စင် တည်ဆောက်မှု ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ပြီးဆုံးမယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.