လက်ရှိမှာ နယ်သာလန် အမှတ်ပေးလိဂ် ဟီရန်ဗင်း အသင်းရဲ့ နည်းပြ အဖြစ် ဆောင်ရွက်နေသည့် ရော်ဘင် ဗန်ပါစီ ကတော့ ပရီးမီးယားလိဂ် ကလပ်ဟောင်း အာဆင်နယ်နဲ့ ပတ်သတ်ပြီး ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ပါစီက အာဆင်နယ် ပရိသတ်တွေ အနေနဲ့ သူ့ကို အခုချိန်ထိ ခွင့်မလွှတ်နိုင်သေးတဲ့ အတွက် အာဆင်နယ်နဲ့ အလုပ်လုပ်ကိုင်ဖြစ်ဖွယ် မရှိကြောင်း ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။။
ရော်ဘင် ဗန်ပါစီ ကတော့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ အာဆင်နယ်မှာ ခြေစွမ်းပြနေစဉ် ကာလ အတွင်း ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်ထံ မထင်မှတ်ပဲ ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။
မီဒီယာတွေက ဗန်ပါစီကို အာဆင်နယ်မှာ နည်းပြ အဖြစ် ပြန်လည် ဆောင်ရွက်လိုခြင်း ရှိ၊ မရှိနဲ့ ပတ်သတ်လို့ မေးမြန်းခဲ့ရာမှာ အခုလိုပဲ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဗန်ပါစီက “အာဆင်နယ်မှာ အလုပ်လုပ်ဖို့ ကျွန်တော် မမျှော်လင့်ပါဘူး။ ကျွန်တော် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာကြောင့် အာဆင်နယ် တံခါးက ပိတ်သွားပြီလို့ ထင်ပါတယ်။ ဘောလုံးမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာတော့ မသိနိုင်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ထင်မြင်ချက်ပါ။ ဒီအကြောင်းအရာက သူတို့ အတွက် ခံစားရတဲ့ အရာ ဖြစ်နေတုန်းပါပဲ။ ကျွန်တော့် အတွက် မဟုတ်ပါဘူး။ အခုတော့ ဟီရန်ဗင်းမှာ ကျွန်တော် တကယ်ကို ပျော်ရွှင်နေပါတယ်” လို့ ဗန်ပါစီက ပြောကြားခဲ့ပါတယ်။
အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရောဘင် ဗန်ပါစီဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ၂၀၀၄ ခုနှစ် ကနေ ၂၀၁၂ ခုနှစ် အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၂၇၈ ပွဲ ကစားကာ ၁၃၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဗန်ပါစီက အာဆင်နယ်နဲ့ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ် ဒုတိယ ရရှိခဲ့ဖူးပြီးတော့ မန်ချက်စတာယူနိုက်တက်နဲ့တော့ ပရီးမီးယားလိဂ် ဖလားနဲ့ ကွန်မြူနတီဒိုင်း ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ဗန်ပါစီဟာ နယ်သာလန်နဲ့ အတူ ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့ဖလား ဒုတိယနဲ့ ၂၀၁၄ ခုနှစ် မှာတော့ တတိယဆု ရရှိခဲ့ပါတယ်။လက်ရှိမှာ အာဆင်နယ်ဟာ အားကစား ဒါရိုက်တာ အက်ဒူးကို လက်လွှတ်ထားခဲ့ရတာကြောင့် အခြားသော အားကစား ဒါရိုက်တာတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဂန်းနားတွေဟာ အားကစားဒါရိုက်တာ ရာထူး အတွက် ရီးရဲလ်ဆိုစီဒက် ကနေ နှုတ်ထွက်ထားတဲ့ ရော်ဘတ်တို အိုလာဘီ၊ မိုနာကိုက သီယာဂို စကူရို အပြင် ပီအက်စ်ဂျီက လူးဝစ် ကမ်ပို့စ် ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ လူးဝစ် ကမ်ပို့စ် ကတော့ မိုနာကို အသင်းမှာတုန်းက အန်တိုနီ မာစီရယ်၊ ဘာနာဒို ဆေးလ်ဗား၊ အဒမ်မာ ထရာအိုရေး၊ ဖာဘင်ဟို၊ သောမက်စ် လီမား၊ ကီလီယန် အမ်ဘာပေး တို့ကို ရောင်းချထားနိုင်ခဲ့ပါတယ်။ လိုင်လီ မှာတုန်း ကတော့ ရာဖေးလ် လီယောင်၊ ဗစ်တာ အိုဆင်မ်ဟန်၊ နီကိုးလပ်စ် ပေပေ တို့ကို အသိအမှတ် ပြုစရာ Signing တွေ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.