နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လွန်ဒေါဆု အတွက် ယုံကြည်ချက် ရှိနေတဲ့ ပါးလ်မား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချဲလ်ဆီး အသင်းရဲ့ တိုက်စစ် ကစားသမား ကိုးလ် ပါးလ်မာက သူ့အနေနဲ့ ဘယ်လွန်ဒေါဆု ရယူနိုင်စွမ်း ရှိကြောင်း ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။ ပါးလ်မား ကတော့ ဒီနောက်ပိုင်း နှစ်တွေမှာ ပွဲတိုင်းလိုလို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်လေ့ ရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့် ပရိသတ် တချို့ကပင် ချဲလ်ဆီး အသင်း ဆိုတဲ့ နာမည်ထက် ပါးလ်မား အက်ဖ်စီလို့တောင် စနောက် ခေါ်ဆိုမှုတွေ ရှိနေပါတယ်။

အသက် ၂၂ နှစ် အရွယ် ပါးလ်မား ကတော့ လက်ရှိအချိန်မှာ ချဲလ်ဆီး မှာရော အင်္ဂလန် လက်ရွေးစင် အသင်း‌ အတွက်လည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ပါးလ်မားဟာ ပြီးခဲ့တဲ့ ရာသီ အတွက် အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားဆု အပါအဝင် တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်ပေါင်း များစွာ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်သားက ၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆု အတွက် ဆန်ခါတင် စာရင်းမှာလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ပါးလ်မားဟာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း မှတ်မှတ်ရရ တစ်ပွဲထဲ ၄ ဂိုးသွင်းပြီး အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။
ချဲလ်ဆီး အတွက် အရေးပါဆုံး ကစားသမား ဖြစ်နေတဲ့ ပါးလ်မား

ဒီလို အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကိုးလ် ပါးလ်မားက အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ပါးလ်မားက “ကစားသမားဘဝ အစောပိုင်း အချိန်ကာလတွေမှာ အခုလို ရွေးချယ်ခံရတာ ကြီးမားတဲ့ ဂုဏ်ပြုမှုပါပဲ။ ပြင်းပြင်းထန်ထန် ကြိုးစားသွားမယ် ဆိုရင် ကျွန်တော့် အနေနဲ့ ဒီဆုကို ရရှိနိုင်တယ်လို့ ထင်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ပါးလ်မားရဲ့ ခြေစွမ်းကြောင့် ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးကို ပြန်လည် ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်းလည်း သတင်းထွက်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ ကိုးလ် ပါးလ်မား ကတော့ ၂၀၂၀ ခုနှစ် ဇွန်လမှာ စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက်ကစားခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက် ပါးလ်မားက မန်စီးတီး အတွက် ၄၁ ပွဲ ကစားပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်နဲ့ စူပါဖလား တို့ကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ပါးလ်မားဟာ မထင်မှတ်ပဲ ၂၀၂၃ ခုနှစ် စက်တင်ဘာလ မှာတော့ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးတော့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက် ပြသနိုင်ခဲ့ပါတယ်။ ပါးလ်မားဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီ က ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားပြီး ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ပါးလ်မားက ပရီးမီးယားလိဂ်မှာ ၈ ပွဲ ကစားပြီး ၆ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီးထားနိုင်ခဲ့သလို ပြိုင်ပွဲစုံ မှာတော့ ၁၀ ပွဲ ကစားပြီး ၆ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ပါးလ်မားဟာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း မှတ်မှတ်ရရ တစ်ပွဲထဲ ၄ ဂိုးသွင်းပြီး အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။

ပါးလ်မား အနေနဲ့ ဒီခြေစွမ်းအတိုင်းသာ ဆက်ပြီး ကစားနိုင်မယ် ဆိုရင်တော့ လာမယ့် နှစ်တွေရဲ့ ဘယ်လွန်ဒေါဆု winner ပါ ဖြစ်လာနိုင်သူ အဖြစ်လည်း သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်