နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်တာတွေ ရပ်တန့်နိုင်ဖို့ လိုအပ်ပြီ ဆိုတဲ့ ရိုက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ကွင်းလယ်လူ ဒီကလန် ရိုက်စ်က သူတို့ အသင်း အနေနဲ့ အနီကတ်တွေကို ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်နေပြီဟု ဝန်ခံ ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြင်သစ် နောက်ခံလူ ဝီလီယမ် ဆလီဘာ အနီကတ် ပြသခံခဲ့ရတာကြောင့် ၁၀ ယောက်ထဲနဲ့ ကစားပြီး ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာပဲ အနီကတ် ပြသခံရသူ ၃ ဦး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ အနီကတ် အများဆုံး ပြသခံရတဲ့ အသင်း အဖြစ်လည်း ရပ်တည်နေခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒီကလန် ရိုက်စ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို၊ မန်စီးတီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာတော့ လီအန်ဒရို ထရော့ဆက်ဒ် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အခုနောက်ဆုံး ဘုန်းမောက်ကို ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ဆလီဘာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာပဲ အနီကတ် ပြသခံရသူ ၃ ဦး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ အာဆင်နယ်

အာဆင်နယ် အနေနဲ့ အနီကတ် ပြသခံရခြင်း မရှိတဲ့ ၅ ပွဲ စလုံးမှာတော့ နိုင်ပွဲ ရရှိခဲ့ပြီးတော့ အနီကတ် ပြသခံရတဲ့ ၃ ပွဲမှာ ၂ ပွဲ သရေ၊ ၁ ပွဲရှုံးကာ ၂ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်က အနီကတ် ပြစ်ဒဏ်ကြောင့် ၇ မှတ် အထိ ဆုံးရှုံးခဲ့ရကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။ ကိုယ်တိုင် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဒီကလန် ရိုက်စ် ကတော့ ဘုန်းမောက်နဲ့ ပွဲအပြီးမှာ အသင်းရဲ့ အားနည်းချက်တွေကို အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။

ရိုက်စ်က “ကျွန်တော်တို ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာ ၈ ပွဲမှာ ၃ ပွဲ ရှိခဲ့ပါတယ်။ ဘရိုက်တန်နဲ့ အိမ်ကွင်း၊ မန်စီးတီးနဲ့ အဝေးကွင်းတွေမှာ အနိုင်ရလဒ်တွေ ဆုံးရှုံးခဲ့ရသလို၊ ဘုန်းမောက် ကိုလည်း အရှုံးပေးခဲ့ရပါတယ်။ ၁၀ ယောက်တည်းနဲ့ တိုက်ပွဲဝင်နိုင်ခဲ့တဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူစရာ ဖြစ်ပေမယ့် ဒါဟာ နုံအ လို့ ဖြစ်ခဲ့ရတာပါ။ ကျွန်တော်တို့ မိုက်မဲတဲ့ အမှားအယွင်းတွေ မလုပ်မိအောင် ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်နေပါပြီ။ နိုင်ပွဲတွေ ရရှိဖို့ ဆိုရင်လည်း မိနစ် ၉၀ အပြည့် ကစားသမား ၁၁ ဦးနဲ့ ယှဉ်ပြိုင်ကစားနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပြီးနောက် ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ဆုဖလား အောင်မြင်မှု ရရှိဖို့ မျှော်လင့်နေတဲ့ အသင်း ဖြစ်ပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက တစ်နှစ်ထက် တစ်နှစ် တိုးတက်မှုတွေ ရှိနေသလို ကစားသမား အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှ ဆုဖလား အောင်မြင်မှု မရရှိခဲ့ရင်တော့ မီခဲလ် အာတေးတားရဲ့ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်စရာတွေ ရှိလာတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်