နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်းကို မရရင် အိဆက်ခ်နဲ့ နူညက်ဇ်ကို ကြိုးပမ်းမယ့် ဘာစီလိုနာ |  လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ လာမယ့် ၂၀၂၅ နွေရာသီမှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ နော်ဝေ ဂိုးသွင်းစက်ကို ခေါ်ယူဖို့ ဘာမဆို လုပ်ဆောင်သွားမယ်လို့ ပြောကြားထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာဆာက ဟာလန်းကို မခေါ်ယူနိုင်ခဲ့ရင်တော့ နောက်ထပ် Option တွေ အနေနဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်နဲ့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် တို့ထဲက တစ်ဦးဦးကို အစားထိုး ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။ 

လာလီဂါ ကလပ်ဟာ အသင်းရဲ့ အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် လာမယ့် နွေရာသီမှာ နာမည်ကြီး တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ အာလင်း ဟာလန်းကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာလန်း အနေနဲ့ မန်စီးတီးမှာ အဆင်ပြေနေတဲ့ အတွက် ခေါ်ယူဖို့ ခက်ခဲနိုင်တာကြောင့် ဒါဝင် နူညက်ဇ်နဲ့ အလက်ဇန္တား အိဆက်ခ် တို့ကိုလည်း ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ 

လာလီဂါ ကလပ်ဟာ နော်ဝေ ဂိုးသွင်းစက်ကို ခေါ်ယူဖို့ ဘာမဆို လုပ်ဆောင်သွားမယ်လို့ ပြောကြားထားတာလည်း ဖြစ်ပါတယ်။
လီဝမ်ဒေါစကီး နေရာမှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်မယ့် ဘာစီလိုနာ

သတင်းတွေ အရ ဆိုရင် ဘာစီလိုနာက နူးကမ့် ကွင်းကြီး ပြင်ဆင်မှု လုံးဝ ပြီးဆုံးသွားချိန်မှာ အသင်း အတွက် နာမည်ကျော် ကစားသမားတွေကို ဆက်တိုက် ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ လာပေါ်တာနဲ့ ဘာစီလိုနာရဲ့ ပစ်မှတ်တွေ ထဲမှာတော့ နော်ဝေ ထိပ်တန်း တိုက်စစ်မှူး အာလင်း ဟာလန်း လည်း အပါအဝင် ဖြစ်နေတာပါ။ လက်ရှိမှာ ဘာစီလိုနာက ဘဏ္ဍာရေး အကျပ်အတည်း များစွာနဲ့ ရင်ဆိုင်နေရပေမယ့်လည်း လာမယ့် ၂၀၂၆ ခုနှစ်ထဲမှာ သူတိုရဲ့ အိမ်ကွင်း နူးကမ့်ကို ပြန်လည် ဖွင့်လှစ် သွားဖို့ ရှိနေသလို နူးကမ့်ကွင်းသစ် ဖွင့်ပွဲနဲ့ အတူ နာမည်ကြီး ကစားသမား ခေါ်ယူမှု အဖြစ် အာလင်း ဟာလန်းကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ 

၂ဝ၂၂ ခုနှစ်ကမှ ဒေါ့မန် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ အာလင်း ဟာလန်းက မန်စီးတီးမှာ ဂိုးတွေ ဆက်တိုက် သွင်းယူနေပြီးတော့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားလည်း ဖြစ်နေသူပါ။ ဟာလန်းက မန်စီးတီးမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား အပါအဝင် အခြားသော ဆုဖလားတွေ ရရှိနေခဲ့သလို တစ်ဦးချင်းဆုတွေလည်း များစွာ ပိုင်ဆိုင်နေသူ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေ ရရှိနေတဲ့ ဟာလန်းကို မကြာသေးတဲ့ အချိန်က ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူဖို စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ သတင်းတွေ ပိုထွက်နေခဲ့ပြီးတော့ ရီးရဲလ် ကတော့ ကီလီယန် အမ်ဘာပေး ရှိနေပြီးသား ဖြစ်တာကြောင့် ဟာလန်းကို ထပ်မံ ခေါ်ယူဖို့ သိပ်စိတ်မပါတဲ့ အခြေအနေ ဖြစ်ပါတယ်။

လက်တလော မှာတော့ အိဆက်ခ်က နယူးကာဆယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးလျက် ရှိနေပြီး ဒါဝင် နူညက်ဇ် ကတော့ လစ်ဗာပူးလ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် ဘာစီလိုနာ အနေနဲ့ အီဆက်ခ်ထက် ဒါဝင် နူညက်ဇ်ကို ကြိုးပမ်းတာက ပိုမိုလွယ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်