နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆော်ဒီအာရေဗျ နည်းပြ ရာထူး အတွက် ဆွေးနွေးနေတဲ့ ဇီဒန်း | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဇနက်ဒင် ဇီဒန်း ကတော့ လက်ရှိမှာ ဆော်ဒီအာရေဗျ လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူး အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြင်သစ်သား နည်းပြဟာ နည်းပြ ဘဝ ကနေ ကာလရှည်ကြာ အနားယူနေခဲ့ပြီးနောက် မထင်မှတ်ပဲ ဆော်ဒီအာရေဗျ လက်ရွေးစင် အသင်းကို တာဝန်ယူ ဆောင်ရွှက်သွားဖို့ အတွက် ဆော်ဒီ ဘောလုံးအဖွဲချုပ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ဇီဒန်းဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ အောင်မြင်မှုတွေကို အနိုင်ပိုင်း ထွက်ခွာသွားသူလို့တောင် ပြောလို့ ရပါတယ်။

ဆော်ဒီအာရေဗျ အသင်းဟာ နာမည်ကျော် အီတလီ နည်းပြကြီး ရောဘတ်တို မန်ချီနီနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကမှ စတင် လက်တွဲထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေမှာ မန်ချီနီက ဆော်ဒီအာရေဗျ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၀ ကိုင်တွယ်ထားရာမှာ နိုင်ပွဲ ၈ ပွဲသာ ရရှိအောင် စွမ်းဆောင်ထားနိုင်သလို ၇ ပွဲ သရေ ၅ ပွဲ ရှုံးထားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ အာရှဖလား ပြိုင်ပွဲမှာလည်း မန်ချီနီရဲ့ ဆော်ဒီအာရေဗျ အသင်းက တောင်ကိုရီးယားကို ရှုံးနိမ့်ကာ ရှုံးထွက် ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါသေးတယ်။ ဆော်ဒီအာရေဗျ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အာရှဇုန် တတိယ အဆင့် ခြေစစ်ပွဲ ၄ ပွဲ မှာလည်း နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားတဲ့ အတွက်လည်း ရလဒ်တွေ ဆိုးရွားနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆော်ဒီအာရေဗျ ဘောလုံးအဖွဲချုပ်က မန်ချီနီ နေရာမှာ အစားထိုးဖို့ နောက်ထပ် ထိပ်တန်း နည်းပြ တစ်ဦးနဲ့ အစားထိုး ခန့်အပ်သွားဖို့ အတွက် စီစဉ်နေခဲ့ပါတယ်။ လက်ရှိမှာတော့ အသင်း လက်မဲ့ ဖြစ်နေတဲ့ တစ်ချိန်က လာလီဂါ နာမည်ကျော် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သတင်းတွေက ဖော်ပြနေပြီ ဖြစ်ပါတယ်။ ဇီဒန်းဟာ နည်းပြ ဘဝ တလျှောက်လုံးမှာ ရီးရဲလ်မက်ဒရစ် တစ်သင်းတည်း ကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး ချန်ပီယံလိဂ် ဖလား ၃ ရာသီ ဆက်တိုက် ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် ကာလတို ကိုင်တွယ်ခဲ့ပေမယ့်လည်း အဲ့ဒီအချိန်ကာလ အတွင်းမှာ လာလီဂါ အပါအဝင် ဆုဖလား အောင်မြင်မှု ပေါင်းများစွာ ရရှိ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ နည်းပြ ဇီဒန်းကို ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက အပြိုင်အဆိုင် ခေါ်ယူချင်နေကြပေမယ့် ဇီဒန်း ကတော့ လက်ရှိ အထိ သူ့ရဲ့ စိတ်တိုင်းကျ အသင်းကို မတွေ့ရသေးတာကြောင့် ကမ်းလှမ်းလာမှုတိုင်းကို ငြင်းဆန် ပယ်ချထားခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဇီဒန်းဟာ လက်ရှိမှာ မထင်မှတ်ပဲ ဆော်ဒီအာရေဗျ ဘောလုံးအဖွဲချုပ်နဲ့ ဆွေးနွေးနေတာ ဖြစ်လို့ ဘယ်လို အခြေအနေတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်