နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မော်ရင်ဟိုနဲ့ တွေ့ဆုံရမှာ ဖြစ်လို့ စိတ်လှုပ်ရှားနေတဲ့ အဲရစ်ခ် တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ရက်ပိုင်း အတွင်းမှာ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ တူရကီ ထိပ်သီး ကလပ် ဖီနာဘာချီနဲ့ ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် (၃) အဖြစ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့နာမည်ကျော် ဘောလုံး နည်းပြ တစ်ဦး ဖြစ်တဲ့ စပယ်ရှယ်ဝမ်းလို့ နာမည်တွင်တဲ့ ဟိုဆေး မော်ရင်ဟိုဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ နှစ်ရာသီခွဲ အကြာ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ လူမျိုး နည်းပြကြီးက ယူရိုပါလိဂ်၊ ခရာဘောင်ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရယူပေးနိုင်ခဲ့ပေမယ့်လည်း အစဉ်အလားဆိုးတွေ အတိုင်း တတိယမြောက် ရာသီ မှာပဲ အသင်း ကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မော်ရင်ဟိုက ယူနိုက်တက် ကနေ ထုတ်ပယ်ခံရပြီးနောက် တော့တင်ဟမ်ဟော့စပါးနဲ့ ရိုးမား တို့ကို ဆက်လက် ကိုင်တွယ်ပြီး အဲ့ဒီ အသင်းတွေ ကနေလည်း အထုတ်ပယ်ခံရပြန်တာ ဖြစ်ပါတယ်။

အဲဒီနောက် မော်ရင်ဟိုက ဖီနာဘာချီနဲ့ အတူ တူရကီလိဂ်မှာ ဖြတ်သန်းနေပြီး မကြာခင်မှာတော့ ပရီးမီးယားလိဂ် အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပြန်လည် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က စပယ်ရှယ်ဝမ်း မော်ရင်ဟိုလို နာမည်ကျော် ယူနိုက်တက် နည်းပြဟောင်းနဲ့ ရင်ဆိုင်ရမယ့် အပေါ် စိတ်လှုပ်ရှားနေခဲ့ပြီးတော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

အဲဒီနောက် မော်ရင်ဟိုက ဖီနာဘာချီနဲ့ အတူ တူရကီလိဂ်မှာ ဖြတ်သန်းနေပြီး မကြာခင်မှာတော့ ပရီးမီးယားလိဂ် အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပြန်လည် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
မော်ရင်ဟိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ စိတ်လှုပ်ရှားနေတဲ့ တန်ဟက်ဂ်

အဲရစ်ခ် တန်ဟက်ဂ်က “ဒီပွဲဟာ ကျွန်တော်တို့ နှစ်ယောက်လုံး အတွက် ကြီးမားတဲ့ ပွဲစဉ် တစ်ပွဲပါပဲ။ သူနဲ့ ရင်ဆိုင် ယှဉ်ပြိုင်သွားရမှာကို ကျွန်တော် တကယ် သဘောကျမိပါတယ်။ သူက အသင်းကောင်းတွေကို အမြဲတမ်း ကိုင်တွယ်ရပါတယ်။ သူက နည်းပြ နယ်ပယ်ထဲမှာ အောင်မြင်နိုင်သူ တစ်ဦးလည်း ဖြစ်ပြီးတော့ ဆုဖလားပေါင်း များစွာကို လည်း ဆွတ်ခူးထားနိုင်ခဲ့သူပါ။ နောက်ပြီး သူက ဘောလုံး နည်းပြ အားလုံးရဲ့ စံနာမူနာ ယူထိုက်တဲ့ နည်းပြ တစ်ဦး ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီလို နည်းပြမျိုးနဲ့ ရင်ဆိုင်တွေ့ဆုံရမှာကို ကျွန်တော် သဘောကျမိပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ ဖီနာဘာချီနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာ သူတို့ရဲ့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ သာမက ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ်နဲ့ မနှစ်ကမှ အသင်းကို အငှားနဲ့ လာရောက် ကစားခဲ့တဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်နဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဖီနာဘာချီ ကတော့ လက်ရှိ တူရကီ ထိပ်သီးလိဂ်ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီးတော့ မော်ရင်ဟို အနေနဲ့ ဖီနာဘာချီကို ၁၄ ပွဲ ကိုင်တွယ်ထားကာ ၈ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ ဒါ့အပြင် ဖီနာဘာချီက ယူရိုပါလိဂ် မှာတော့ ၂ ပွဲ ကစား ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၄ မှတ် ရရှိထားပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်ကာ ယူနိုက်တက် ကတော့ အဆင့် ၂၁ နေရာမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်