နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်လာမယ့် ၇ ပွဲ ပြီးမှ ဆုံးဖြတ်ကြဖို့ တိုက်တွန်းလိုက်တဲ့ အာနေး ဆလော့တ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် က‌တော့ ဒီရာသီ နည်းပြသစ် အာနေး ဆလော့တ် လက်အောက်မှာ ပုံစံကောင်းတွေ ပြသနေပြီးတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာနေး ဆလော့တ်ရဲ့ အသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း ချဲလ်ဆီးကို အနိုင်ရရှိပါသေးတယ်။ ဒါသော်လည်း ဆလော့တ်က သူတို့ အသင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အခြေအနေနဲ့ ပတ်သတ်လို့ ပွဲကြပ်ကာလ ပြီးမှသာ ဆုံးဖြတ်ကြဖို့ ပြောဆိုလာခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပွဲကြပ် ၇ ပွဲဆက်တိုက် ကစားရဦးမှာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ် အနေနဲ့ အခုရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားပြီးချိန်မှာ နော့တင်ဟမ်ဖောရက်စ် တစ်သင်းတည်း ကိုသာ ရှုံးနိမ့်ထားခဲ့ပြီး ကျန် ၁၀ ပွဲစလုံး အနိုင်ရထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အလားအလာတွေ ရှိနေပြီး ဒါနဲ့ပတ်သက်လို့ မေးမြန်းရာ မှာတော့ ဆလော့က အခုလိုပဲ ဖြေကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အလားအလာတွေ ရှိနေပြီး ဒါနဲ့ပတ်သက်လို့ မေးမြန်းရာ မှာတော့ ဆလော့က အခုလိုပဲ ဖြေကြားလာခဲ့တာ ဖြစ်ပါတယ်။
ပွဲကြပ်တွေ တောက်လျောက် ကစားရဖို့ ရှိနေတဲ့ လစ်ဗာပူးလ်

ဆလော့တ်က “ဒီရလဒ်ကို ကျွန်တော် အရမ်းပဲ ကျေနပ်ပါတယ်။ ကျွန်တော့် အမြင်အရ ပြောရရင် ဒီပွဲက မျှတတဲ့ ပွဲတစ်ပွဲ ဖြစ်ပြီး ကျွန်တော်တို့ ဂိုးမပေး ရဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ ကာတစ် (ဂျုံးစ်) နဲ့ ဒိုမီနစ် (ဆိုဘို့ဇ်ဆလိုင်း) တိုရဲ့ ကောင်းမွန်တဲ့ တားဆီးမှုတွေက ကျွန်တော်တို့ သွင်းခဲ့တဲ့ ဂိုးတွေလိုပဲ အရေးကြီးပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ ကျွန်တော် တို့ကို မဆုံးဖြတ်ကြဖို ပြောခဲ့ပါတယ်။ နောက်လာမယ့် ၇ ပွဲ ပြီးမှ ကျွန်တော် တို့ကို ဆုံးဖြတ်ပေးပါ။ ကျွန်တော် တိုရဲ့ အကြီးမားဆုံး စမ်းသပ်မှုက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ပွဲစဉ်တွေကို ၃ ရက် ၁ ကြိမ် ကစားရမှာပါ။ အဲဒါကို ပြီးခဲ့တဲ့ နှစ်ရာသီမှာ မန်စီးတီးနဲ့ အာဆင်နယ် တို့ လုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်မှာ ကျွန်တော်တို့ အတွက် ဘယ်လောက် အထိ ခက်ခဲခဲ့တယ် ဆိုတာ ခင်ဗျားတို့ တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ်မှာ ယူနိုက်တက်နဲ့ နယူးကာဆယ် တို့လည်း အဲဒီလို ကြုံခဲ့ရတယ်။ အဲဒီပွဲတွေက ကျွန်တော်တို ဘယ်နေရာမှာ ရှိနေမလဲ ဆိုတာ သိနိုင်ဖို့ စမ်းသပ်မှုပါပဲ။” လို့ ဆလော့တ်က ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် နိုဝင်ဘာလကုန်ပိုင်း အထိ ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာ လိုက်ပ်ဇစ်နဲ့ အဝေးကွင်း၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ အာဆင်နယ်နဲ့ အဝေးကွင်း၊ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဘရိုက်တန်နဲ့ အဝေးကွင်း၊ နိုဝင်ဘာ ၂ ရက်နေ့မှာ ဘရိုက်တန်နဲ့ အိမ်ကွင်း၊ နိုဝင်ဘာ ၅ ရက်နေ့မှာ လေဗာကူဆင်နဲ့ အိမ်ကွင်း၊ နိုဝင်ဘာ ၉ ရက်မှာ အက်စတွန်ဗီလာနဲ့ အိမ်ကွင်း၊ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဆောက်သမ်တန်နဲ့ အဝေးကွင်း၊ နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ အိမ်ကွင်း ပွဲစဉ်တွေ ယှဉ်ပြိုင် ကစးရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်