နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖလော်ရီယန် ဝစ်ဇ်ကို ပစ်မှတ်ထားတဲ့ အသင်းတွေထဲမှာ ပါဝင်လာတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီး အသင်း ကတော့ အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား နေရာမှာ အစားထိုးဖို့ အတွက် ကစားသမား စတင် ရှာဖွေနေပြီ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ မန်စီးတီး အတွက် နှစ်ကာလ ကြာရှည်စွာ အကျိုးရှိစေခဲ့ပေမယ့် နောက်ပိုင်း နှစ်တွေမှာတော့ အသက်အရွယ် အရ ကြံ့ခိုင်မှု တဖြည်းဖြည်း လျော့ကျလာခြင်းနဲ့ အတူ သိပ်ပြီး မကစားပေးနိုင်တော့တာ တွေ့ရပါတယ်။ 

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးက ရေရှည် အစားထိုးနိုင်ဖို့ အတွက် လေဗာကူဆင်ရဲ့ ဂျာမနီ ကြယ်ပွင့် ကစားသမားလေး ဖလော်ရီယန် ဝစ်ဇ်ကို အရ ခေါ်ယူသွားဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ ဝါရင့် ကွင်းလယ်ကစားသမားဟာ ၂၀၁၅ ခုနှစ် ကတည်းက ဂျာမန် ကလပ် ဝုဖ်ဘတ် ကနေ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီးတော့ လက်ရှိအချိန်ထိလည်း မန်စီးတီး အတွက် ဂိုးဖန်တီးမှုပေါင်း များစွာ လုပ်ဆောင်ပေးထားခဲ့သလို အရေးပါတဲ့ သွင်းဂိုးတွေ ကိုလည်း သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေ မှာတော့ ဒီဘရွန်းနားက ကြံခိုင်မှု အားနည်းလာခြင်းနဲ့ အတူ မကြာခဏ ဒဏ်ရာတွေ ရရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကလည်း မန်စီးတီး အသင်း အတွက်ရော ဘယ်လ်ဂျီယံ အသင်း အတွက်ပါ ပြိုင်ပွဲစုံ ပွဲစဉ် ပေါင်း ပွဲ ၄၀ လောက် ဆက်တိုက် လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

လက်ရှိမှာ ဝစ်ဇ်ကို မန်စီးတီး အပြင် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ လစ်ဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကပါ စိတ်ဝင်စားနေပါတယ်။
ဝစ်ဇ် အတွက် ယူရို သန်း ၁၀၀ အနည်းဆုံး လိုချင်နေတဲ့ လေဗာကူဆင်

ဒါ့အပြင် မန်စီးတီးနဲ့ ဒီဘရိုင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ဒီရာသီအကုန်မှာပဲ သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ အယ်လ်နာ ဆာအသင်းဆီ ပြောင်းရွှေ့ဖိုလည်း နီးစပ်နေပါတယ်။ ဒါကြောင့် မန်စီးတီးက ဒီဘရိုင်းနေရာမှာ ပြန်လည် အစားထိုးဖိုအတွက် ကစားသမားတစ်ဦး ရှာဖွေနေပြီး လက်ရှိမှာတော့ ဖလော်ရီယန် ဝစ်ဇ်ကို အတော်လေး မျက်စိကျနေပါတယ်။ အသက် (၂၁)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားလေး ဝစ်ဇ်ဟာ လေဗာကူဆင်ကို ၂၀၂၀ ခုနှစ် ကမှ ကိုလုံး လူငယ် အသင်း ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ လေဗာကူဆင် အတွက် သာမကပဲ ဂျာမနီ အသင်း အတွက်ပါ အဓိက ကစားသမားတစ်ဦး ဖြစ် နေပါတယ်။

မန်စီးတီးက ကွင်းလယ် တိုက်စစ်နေမှာရော၊ တောင်ပံ နှစ်ဖက်မှာပါ ကစားနိုင်သူ အပြင် ဂိုးဖန်တီးမှုရော သွင်းဂိုးမှုတွေပါ ပြုလုပ်နိုင်တဲ့ ကစားသမားကို ရှာဖွေနေပြီး ဝစ်ဇ်ကို အသင့်တော်ဆုံး အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဝစ်ဇ်ကို မန်စီးတီး အပြင် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ လစ်ဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကပါ စိတ်ဝင်စားနေပါတယ်။ လေဗာကူဆင် ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ လောက် အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်