နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူချယ် အင်္ဂလန် နည်းပြ ဖြစ်လာလို့ အံ့အားသင့်နေတဲ့ ဝိန်း ရူနီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ၀ိန်း ရူနီ ကတော့ သောမတ်စ် တူချယ်ကို အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခဲ့ခြင်း အတွက် အံ့အားသင့်မိတယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ 

အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ ဂါရက်သ် ဆောက်ဂိတ် ထွက်ခွာသွားပြီးနောက် ယာယီ နည်းပြ အဖြစ် လီကာစလေကို အစားထိုး ခန့်အပ်ထားခဲ့ပြီး ထိပ်တန်း နည်းပြ တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အင်္ဂလန် ဘောလုံးအဖွဲချုပ် (FA) အနေနဲ့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာကို နံပါတ် တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ဂွာဒီယိုလာက မန်စီးတီးနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ရှိနေတာကြောင့် လက်လျှော့ပြီး သောမက်စ် တူချယ် ကိုပဲ အောက်တိုဘာ (၁၆) ရက်နေ့မှာ အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ အဖြစ် ခန့်အပ်ကြောင်း အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။ တူချယ်ဟာ ဒေါ့မန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ် ကလပ်နဲ့တော့ အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိထားခဲ့သူ ဖြစ်ပါတယ်။

တူချယ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခွင့်ရခဲ့တဲ့ တတိယမြောက် ဗြိတိန် ပြင်ပ နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလမှ စတင်ကာ စတင် တာဝန် ထမ်းဆောင်မှာလည်း ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန် ဂန္ထဝင် ဝိန်း ရူနီက အက်ဖ်အေ အနေနဲ့ လက်ရွေးစင် အသင်း နည်းပြ အဖြစ် အင်္ဂလိပ် လူမျိုး ကိုသာ ခန့်အပ်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြောင်း ဖွင့်ဟခဲ့တာလည်း ဖြစ်ပါတယ်။  

ဒီကိစ္စနဲ့ ပတ်သတ်လို့ ဝိန်း ရူနီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ရူနီက “တူချယ်က အရမ်း တော်တဲ့ နည်းပြ တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အက်ဖ်အေက သူ့ကို ခန့်အပ်လိုက်တာ ကိုတော့ အံ့အားသင့်မိပါတယ်။ ကျွန်တော်က အင်္ဂလိပ် နည်းပြ တစ်ယောက် ကိုပဲ ခန့်အပ်လိမ့်မယ်လို့ ထင်နေခဲ့တာပါ” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

တူချယ်ဟာ ဒေါ့မန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ် ကလပ်နဲ့တော့ အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိထားခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ အတူ အောင်မြင်မှုတွေ ရရှိထားခဲ့တဲ့ တူချယ်

ဆက်လက်ပြီး ရူနီက တူချယ် အနေနဲ့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်စေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။ အင်္ဂလန်ဟာ ယာယီ နည်းပြ လီကာစလေ လက်ထက်မှာ ၄ ပွဲ ကစားခဲ့ရာမှာ ဂရိ တစ်သင်းတည်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးတော့ ကျန် ၃ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။

နည်းပြ ဘ၀ အတွင်း နိုင်ငံအသင်းတွေကို ကိုင်တွယ်နိုင်ခြင်း မရှိသေးတဲ့ သောမက်စ် တူချယ်က သူ့ အနေနဲ့ အင်္ဂလန် နည်းပြ ဖြစ်လာတဲ့ အပေါ် အလွန် စိတ်လှုပ်ရှားနေကြောင်း ပြောဆိုထားခဲ့ပါသေးတယ်။ တူချယ်က “မင်္ဂလာပါ။ သောမတ်စ် ဒီနေရာမှာ ရောက်နေပါပြီ။ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ဖြစ်နေရပါ တယ်။ ဒါက အင်္ဂလန် နည်းပြ အဖြစ် ကျွန်တော်ရဲ့ ပထမဦးဆုံး မက်ဆေ့ချ်ပါပဲ။ ကျွန်တော် အခု ဝင်ဘလေ ကွင်းကြီးထဲမှာ ရှိနေပါတယ်။ ပြီးတော့ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ အကြောင်းပြချက်လည်း ရှိနေပါတယ်။ အဲ့ဒါက ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်လို့ ပြောနိုင်ပါတယ်။” ဆိုပြီး ပြောကြားခဲ့တာပါ။ 

ဆက်လက်ပြီး တူချယ်က “ဒီရာထူးကို လက်ခံရရှိလိုက်လို ဂုဏ်ယူစရာ ဖြစ်နေသလို ပထမဆုံး အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့်ရဖို့ သေချာအောင် အားလုံး လုပ်ဆောင်ပေးသွားပါမယ်။ ပြီးတော့ ဒီအသင်း မှာလည်း ကမ္ဘာ့ဖလား တစ်ခုလည်း ရထားပြီးပါပြီ။ ဒုတိယမြောက် ကမ္ဘာ့ဖလားကို ထပ်မံ ရယူနိုင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်ေတာ်တို့ အသင်းရဲ့ ဂျာစီ အပေါ်မှာ ဒုတိယမြောက် ကြယ်ပွင့် ရလာဖို့ ကြိုးစားပါမယ်။ မကြာခင်မှာ ကွင်းထဲမှာ ပြန်တွေ့ကြပါမယ်။” လို့ ပြောဆိုသွားခဲ့ပါသေးတယ်။ တူချယ်က လာမယ့် ၂၀၂၅ ခုနှစ်က နေ စတင်ပြီး အင်္ဂလန် နည်းပြ ရာထူး အတွက် စတင် ဆောင်ရွက်သွားတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်