နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖူလ်ဟမ်ကို ပြောင်းခဲ့တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း ပြောလာတဲ့ စမစ်သ်ရိုးဝ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ အီမိုင်းလ် စမစ်သ်ရိုး ကတော့ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်မှာ ဖူလ်ဟမ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သတ် လို့တော့ စမစ်သ်ရိုးဝ်က အာဆင်နယ် ကနေ ထွက်ခွာခဲတာက သူ့ အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမားဟာ အသက် ၁၀ နှစ်သား အရွယ် ကတည်းက အာဆင်နယ် လူငယ် အကယ်ဒမီ ဆီကို ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၁၆ နှစ် အရွယ် မှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ယူ ၂၃ အသင်း အတွက် စတင် ကစားပေးခွင့် ရရှိခဲ့သလို ၂ နှစ် အကြာမှာတော့ အာဆင်နယ် စီနီယာ အသင်း အတွက် ပွဲထွက်ခွင့်ရခဲ့ပါတယ်။

စမစ်သ်ရိုးဝ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်နဲ့ ဟယ်ဒယ်စတုန်း တို့မှာ အငှား သွားရောက်ခဲ့ဖူးပြီး အာဆင်နယ် မှာတော့ ကျောနံပါတ် ၁၀ ကိုပါ ဝတ်ဆင်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ စမစ်ရိုးဝ်က အာဆင်နယ်တို့ ပြန်လည် တည်ဆောက်ချိန်မှာ အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ရပေမယ့်လည်း ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရပြီး ပွဲထွက် ကစားခွင့်တွေလည်း ပျောက်ဆုံးလာကာ မြက်ခင်းစိမ်းနဲ့ တဖြည်းဖြည်းနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။ 

စမစ်သ်ရိုးဝ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အာဆင်နယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၉ ပွဲသာ ကစားခဲ့ရပါတယ်။ ဒါကြောင့် အခု နွေရာသီ အပြောင်းအရွှေ့ မှာတော့ အာဆင်နယ် ကနေ ဖူလ်ဟမ်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး ခရေဗင်ကော့တေ့ဂျ်မှာ စိတ်သစ် လူသစ်နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သတ်လို့ စမစ်သ်ရိုးဝ်က အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြားလာခဲ့ပါတယ်။ စမစ်သ်ရိုးဝ်က “ပြီးခဲ့တဲ့ နှစ်ရာသီတုန်းက ကျွန်တော် ပွဲတော်တော်များများ ကစားချင်သလောက် မကစားခဲ့ရပါဘူး။ ပြီးတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ကစားချင်နေတယ် ဆိုတာ ကလည်း ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်း ရှိနေခဲ့တာပါ။ တစ်ခါတစ်လေကျရင် ကိုယ့်အတွက် အကောင်း ဆုံးကို တွေးရပါတယ်။ ကျွန်တော်က အမြဲတမ်း အသင်း အတွက် ကိုပဲ ဦးစားပေးတတ်ပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် ကိုယ်တိုင် ပျော်ရွှင်နေဖို အတွက်ကိုလည်း လုပ်ဆောင်ရပါမယ်။ အသင်း ကနေ ထွက်ခွာဖို လုပ်ဆောင်ရတာ ကတော့ ကျွန်တော့် အတွက် အတော်လေး ခက်ခဲခဲ့ရတဲ့ ဆုံးဖြတ်ရချိန်တွေ ဖြစ်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး စမစ်ရိုးဝ်က “ဒါပေမယ့် ဆုံးဖြတ်ပြီးချိန် မှာတော့ ဒါက ကျွန်တော့် အတွက် အကောင်းဆုံး ဖြစ်မယ့် အရာကို ဆုံးဖြတ်ခဲ့တာလို့ မိသားစုကို ကျွန်တော် ပြောပြခဲ့ပါတယ်။ အခု ကတော့ ဒီကနေ ကျွန်တော်ဟာ သားရဲ တစ်ကောင်လို ပြောင်းလဲလာခဲ့ပါတယ်။ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားနေပါတယ်။ ပွဲတိုင်း ကိုလည်း နောက်ဆုံး ပွဲစဉ်လို သဘောထားပြီး ကစားနေပါတယ်။ အသင်း အတွက် အရာအားလုံးကို ပေးစွမ်းနိုင်ဖို ကြိုးစားနေပါတယ်။ ဒါက အရေးကြီးပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

စမစ်သ်ရိုးဝ်ဟာ ဒီရာသီမှာတော့ ဖူလ်ဟမ် အတွက် ၉ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်