နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သောမက်စ် ဖရန့်ခ်ကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခြင်းနဲ့ အတူ ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေ မှာတော့ အသင်း တာဝန်ရှိသူတွေက နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ထုတ်ပယ် ဖြစ်ခဲ့မယ် ဆိုရင်လည်း သူ့နေရာမှာ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်နဲ့ အစားထိုးချင်နေတယ်လို့ သိရပါတယ်။ 

အစေပိုင်းမှာ ပရီးမီးယားလိဂ် ကလပ်က တန်ဟက်ဂ်ရဲ့ နေရာမှာ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ အစားထိုးဖို စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူချယ်က အင်္ဂလန် နည်းပြသစ် ဖြစ်သွားခဲ့တာကြောင့် ယူနိုက်တက်လည်း တခြားသော နည်းပြတွေကို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်တွေ ဖြစ်တဲ့ INEOS ကတော့ လက်ရှိမှာ သူတို့ရဲ့ စိတ်တိုင်းကျ ဖြစ်လာနိုင်မယ့် နည်းပြတွေကို ပစ်မှတ် စာရင်းထဲ ထည့်ထားခဲ့ပြီးတော့ အင်္ဂလန် နည်းပြဟောင်း ဂါရတ်သ် ဆောက်ဂိတ်၊ ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ လက်ရှိ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီနည်းပြတွေထဲကမှ လတ်တလော မှာတော့ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်ကို စိတ်အဝင်စားဆုံး ဖြစ်နေတယ်လို့ အင်္ဂလန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ 

ယူနိုက်တက် အနေနဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို အလျင်စလို ထုတ်ပယ်တာတွေ လုပ်ဆောင်သွားဦးမှာ မဟုတ်ပေမယ့် အခုလို ရလဒ်တွေ ဆက်လက် ဆိုးရွားနေခဲ့ဦးမယ် ဆိုရင်တော့ ရာထူး ကနေ သေချာပေါက် ထုတ်ပယ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ တခြား တစ်ဖက် မှာတော့ လက်ထောက် နည်းပြ ရုဒ် ဗန်နစ္စတဲလ်ရွိင်းကို ရာသီကုန် အထိ ယာယီ နည်းပြ အဖြစ် ဆက်လက် တာဝန်ပေးဖွယ် ရှိနေပြီးတော့ ရာသီအကုန်မှသာ အခြားသော ထိပ်တန်း နည်းပြ တစ်ဦးကို ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။ လက်ရှိ ယူနိုက်တက် အလိုရှိနေတဲ့ ဒိန်းမတ် လူမျိုး နည်းပြ သောမတ်စ် ဖရန့်ခ် ကလည်း ဘရန့်ဖိုဒ်ကို ကိုင်တွယ်နေဆဲ ဖြစ်တာကြောင့် ရာသီအကုန်မှသာ ကြိုးပမ်းမှုတွေ ပြုလုပ်ဖွယ်လည်း ရှိနေပါတယ်။

နိုင်ငံတကာ ရက်သတ္တပတ်တွေ အပြီး ကလပ် အသင်း ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး ဒီကနေ့ ညမှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် သောမက်စ် ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက် ခြေစွမ်းပိုင်း ယိမ်းယိုင်နေတယ် ဆိုပေမယ့် ဘရန့်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရတိုင်းမှာတော့ လုံးဝ ရှုံးနိမ့်ထားခြင်း မရှိတာလည်း တွေ့ရပါတယ်။ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ယူနိုက်တက်က ၄ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့တဲ့ ၄ ပွဲစလုံး ရှုံးနိမ့်ထားခြင်း မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်