နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘောလုံး လောက ကနေ အနားမယူသေးကြောင်း ဖွင့်ဟလာတဲ့ မက်ဆီ | လာလီဂါ

ဘောလုံးလောကရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီ ကတော့ လောလောဆယ် မှာတော့ ကစားသမားဘဝ ကနေ အနားယူဖို့ မစဉ်းစားသေးဘူးလို ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အတူ အောင်မြင်မှု များစွာ ပိုင်ဆိုင်ခဲ့ရတဲ့ မက်ဆီက ပီအက်စ်ဂျီမှာ ရုန်းကန်ခဲ့ရပေမယ့် မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ မှာတော့ ပုံစံကောင်းတွေ ပြန်လည် ရရှိနေသူ ဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီက ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့်လည်း အနားယူဖို့ အစီအစဉ် မရှိသေးကြောင်း ကိုတော့ အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ မက်ဆီက “အင်တာမိုင်ယာမီ အသင်းဆီ လာခဲ့ရတာက မကြာခင်မှာပဲ အနားယူတော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော် ကစားဖို့ နောက်ထပ် နှစ်တွေ ကျန်ရှိနေပါသေးတယ်။ လက်ရှိ အခိုက်အတန့် မှာတော့ ကျွန်တော်တို့ မြင် တွေ့ရပါလိမ့်မယ်။ ကျွန်တော် အရှေ့ကို လှမ်းမျှော် မကြည့်ချင်ပါဘူး။ နေ့စဉ်တိုင်း ပျော်နေဖို့ ကိုပဲ ကြိုးစားနေပါတယ်။ ဒီအဆင့်မှာ စိတ်ခံစားချက် ကောင်းကောင်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက် ကစားသွားနိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ကိုယ်ချစ်မြတ်နိုးတာကို လုပ်နေရတဲ့ အခါမှာ ပျော်ရွှင်နေပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွဲဖို့ထက် အဲ့ဒါကိုပဲ ပိုပြီး တန်ဖိုးထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ “ကျွန်တော် ကတော့ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ဖို ရည်မှန်းထားတာ မဟုတ်ပါဘူး။ နေ့စဉ်နဲ့ အမျှ အကောင်းဆုံး ဖြတ်သန်းသွားဖို့က ပိုပြီး အရေးကြီးပါတယ်။”လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီက အင်တာ မိုင်ယာမီနဲ့ အတူ ပုံမှန် ဆုဖလား တစ်ခု ဖြစ်တဲ့ Supporters’ Shield ဖလားကို ရရှိထားခဲ့ပြီး မကြာခင်မှာပဲ MLS Cup ပလေးအော့ဖ် ပွဲတွေ ကိုပါ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

မက်ဆီဟာ ကစားသမား ဘဝ တလျှောက် အသင်းလိုက် ဆုဖလားပေါင်း များစွာနဲ့ တစ်ဦးချင်း ဆုတံဆိပ်ပေါင်း များစွာကို သိမ်းပိုက်ရယူထားနိုင်သူ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ GOAT တစ်ဦး အဖြစ် သတ်မှတ်ခံရထားတဲ့ မက်ဆီက လက်ရှိမှာ အသက် ၃၇ နှစ် အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ကြံ့ခိုင်မှု အပိုင်းမှာလည်း သိသိသာသာ အားနည်းနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီက အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလား ကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် သူ့ရဲ့ ကစားသမားဘဝက ပြီးပြည့်စုံနေပြီလို့တောင် ပြောလို့ ရပါတယ်။ လက်ရှိမှာလည်း အင်တာ မိုင်ယာမီနဲ့ အတူ ဆုဖလားတွေ ထပ်မံ သိမ်းပိုက်ထားနိုင်တာကြောင့် ကစားသမား ဘဝ ကနေ အနားယူလို့တောင် ရနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

မက်ဆီဟာ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ကတ်တာလန် ကလပ် အတွက် ကိုတော့ ပွဲပေါင်း ၇၆၅ ပွဲအထိ ကစားပေးခဲ့ကာ ၆၆၆ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီ မှာတော့ ၇၅ ပွဲ ကစားပြီး ၃၂ ဂိုး သွင်းယူခဲ့ပြီး အင်တာမိုင်ယာမီ မှာတော့ ၃၅ ပွဲ ကစားပြီး ဂိုး ၃၀ သွင်းယူထားပါတယ်။ ဒါကြောင့် မက်ဆီဟာ လာလီဂါ ကလပ် ဘာစီလိုနာ မှာတော့ အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်