နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆိုလန်ကီကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ဘုန်းမောက် တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြလာခဲ့ပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးက အသက် ၂၆ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး ဆိုလန်ကီကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကစားသမား အနေနဲ့ စပါးကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လျက် ရှိကြောင်းလည်း သိရပါတယ်။ ဆိုလန်ကီဟာ ဘုန်းမောက်နဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး စာချုပ်ပါလျော်ကြေး ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းမှု ရှိလာရင် အသင်းပြောင်းရွှေ့ခွင့် ရှိနေသူလည်း ဖြစ်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် နွေရာသီမှာ အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘေယန်မြူးနစ်ဆီ ရောင်းချခဲ့ပြီးနောက် အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကတော့ ဆိုလန်ကီကို အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး အခုအခါမှာတော့ စာချုပ်လျော်ကြေးပေးကာ ခေါ်ယူဖို့ ဘုန်းမောက်နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ဆိုလန်ကီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း အထိ အသုံးပြုရဖို့ ရှိပြီး ဒါကလည်း မြောက်လန်ဒန် ကလပ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်လာဖို့ ရှိနေပါတယ်။ ယခင်က စပါးရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ကတော့ ပြင်သစ် ကွင်းလယ်လူ အန်ဒွန်ဘီလီ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ လိုင်ယွန် ကနေ ပေါင် ၆၃ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဆိုလန်ကီ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံး ရာသီက ဘုန်းမောက် အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၁၉ ဂိုး သွင်းယူပေးခဲ့သလို ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဘုန်းမောက် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဆိုလန်ကီ

ဆိုလန်ကီဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ အဲနောက် လစ်ဗာပူးလ်မှာ ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ် နှစ်စပိုင်း အထိ ကစားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ မှာတော့ ဘုန်းမောက်ကို နှစ်ရှည်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဆိုလန်ကီ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံး ရာသီက ဘုန်းမောက် အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၁၉ ဂိုး သွင်းယူပေးခဲ့သလို ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဆိုလန်ကီက ဘုန်းမောက် အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချရတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ ယခင်က ဘုန်းမောက်ရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ကတော့ နယ်သာလန် လက်ရွေးစင် နောက်ခံလူ နေသန် အေခီ ဖြစ်ပြီး ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးကို ပေါင် ၄၁ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ဆိုလန်ကီကို ဘုန်းမောက် အသင်းထံ ရောင်းချခဲ့စဉ်က ပြန်လည် ရောင်းထုတ်ခဲ့ပါက ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်း ပေးချေရမယ် ဆိုတဲ့ အချက်ကြောင့် အပြောင်းအရွှေ့ ဖြစ်ခဲ့ရင်တော့ ပေါင် ၉ သန်း အမြတ် ရရှိမှာ ဖြစ်ပါတယ်။ ဆိုလန်ကီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲစုံအရပ်ရပ်မှာ ၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ အတွက် စပါးရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဆွန်ဟောင်မင် (၁၇ ဂိုး) နဲ့ ရစ်ချာလီဆင် (၁၁ ဂိုး) တို့ထက် ပိုများနေတာ တွေ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်