နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြောင်းလဲ တိုးတက်လာတဲ့ ဂျေဇုစ်ရဲ့ ခြေစွမ်းကို ကျေနပ်နေတဲ့ အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ သူ့အသင်းရဲ့ တိုက်စစ် ကစားသမား ဂါဘရီရယ် ဂျေဇုစ်ရဲ့ ခြေစွမ်းကို အားရလျက်ရှိပြီး ချီးကျူးမှုတွေလည်း ပြုလုပ်လာခဲ့ပါတယ်။ အာတေးတားက ဂါဘရီရယ် ဂျေဇုစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပုံစံနဲ့ လုံးဝ ကွဲပြားသွားခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ ကစားသမား ဖြစ်လာနေပြီလို့ ချီးမွမ်း သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်မှူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၇ ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သူပါ။ ဒါ့အပြင် ဂျေဇုစ်က သွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေ ကလည်း ဂျေဇုစ်ရဲ့ စွမ်းဆောင်ရည် အပေါ် သံသယ ဖြစ်ခဲ့ကြပါတယ်။ ဂျေဇုစ် ခြေစွမ်းမပြနိုင်ခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ ဒူးနဲ့ တံကောက်ကြော ဒဏ်ရာတွေကြောင့် ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေကြောင့်ပဲ ကစားသမားက အသင်းရဲ့ ပွဲ စဉ် ၁၆ ပွဲ အထိ လွဲချော်ခဲ့ရသလို ဒဏ်ရာ ကနေ ပြန်လည် သက်သာလာချိန်မှာတော့ ပုံမှန် ခြေစွမ်းအတိုင်း ပြန်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ အာတေးတား အနေနဲ့ သူ့ရဲ့ နံပါတ် ၉ တိုက်စစ်မှူးကို အရန်ခုံ ပို့ခဲ့ရပြီး ကိုင်ဟာဗက်ဇ် ကိုပဲ ပွဲထုတ်အသုံးပြုနေခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ရာသီကြို ခြေစမ်းပွဲတွေမှာတော့ ဂျေဇုစ်က သူ့ရဲ့ အရင်က ခြေစွမ်းတွေ ပြန်လည် ရရှိနေပြီးတော့ ဂိုးတွေပါ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ဒီအခြေအနေကို သူ့ရဲ့ နည်းပြ ဖြစ်တဲ့ မီခဲလ် အာတေးတားက ကျေနပ် အားရလျက် ရှိပြီး အခုလိုပဲ ချီးကျူးစကားတွေ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ မီခဲလ် အာတေးတားက “ကျွန်တော် အစကတည်းက ပြောခဲ့ပါတယ်။ ရာသီအကုန်မှာ သူနဲ့ စကားပြော အပြီး အခု သူ ကစားနေတာ မြင်တွေ့ရချိန် ပထမဆုံး ခံစားမိတာက သူ တစ်ခုခု ပြောင်းလဲသွားတယ် ဆိုတာပါပဲ။ ဒါကို ကျွန်တော် ခံစားသိမြင်နေပါတယ်။ သူရဲ့ ခွန်အား တွေက ပြောင်းလဲလာတယ်။ သူရဲ့ ကစားဟန်တွေ ပြောင်းလဲလာတယ်။ သူရဲ့ လှုပ်ရှားမှုတွေ ကလည်း ပြောင်းလဲလာပါတယ်။ သူ့ကို ကြည့်ရတာ လိုချင်စိတ်တွေ ပိုများလာပုံရပါတယ်။ အခုကတော့ တသမတ်တည်း ရှိနိုင်မယ့် စွမ်းဆောင်မှုကို ရှာဖွေသွားရတော့မှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး မီခဲလ် အာတေးတားက “ဘယ်လို ကစားကွက်မျိုးနဲ့ မဆို ဘယ်လို ပြိုင်ဘက်မျိုးနဲ့ မဆို ဘယ်နေ့ပဲ ကစားရ ကစားရ ၃ ရက် ၁ ပွဲ နှုန်းနဲ့ ကစားရ ပါစေ မိနစ် ၉၀ အပြည့် ဒါမှမဟုတ် မိနစ် ၃၀ မိနစ် သို့မဟုတ် ၇၀ ပဲ ကစားရပါစေ ဘယ်လို အခြေအနေတွေမှာ ဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်နိုင်ရပါမယ်။ အဲဒီလိုသာ လုပ်ဆောင်နိုင်မယ် ဆိုရင်တော့ ဒါက တကယ်ကို ကောင်းမွန်မှာပါ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ဂါဘရီရယ် ဂျေဇုစ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး ကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ အာဆင်နယ် အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၆၉ ပွဲ ကစားကာ ၁၉ ဂိုး သွင်းယူပေးထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်