နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ် ပစ်မှတ် ဂေါ်ဒွန်ကို စာချုပ်သက်တမ်းတိုးမယ့် နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ လစ်ဗာပူးလ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ အန်တိုနီ ဂေါ်ဒွန်ကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ လစ်ဗာပူးလ်ဟာ အာနေး ဆလော့တ် လက်ထက်မှာ ရေရည် အတွက် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပြီး တောင်ပံ ဘယ်ညာ နှစ်ဖက်စလုံး ကစားနိုင်တဲ့ ဂေါ်ဒွန်ကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်မှာ မွေးတဲ့ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်နဲ့ အတူ ရာသီကောင်း တစ်ခု ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၁ ဂိုး သွင်းကာ ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဂေါ်ဒွန်က ယူရို ၂၀၂၄ အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာလည်း အရွေးချယ်ခံခဲ့ရပါတယ်။

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်းတွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဖြေရှင်းခဲ့ရပြီး အန်တိုနီ ဂေါ်ဒွန်ကို လစ်ဗာပူးလ်ဆီ ရောင်းထုတ်ဖို့ စဉ်းစားခဲ့သေးပေမယ့်လည်း အဲလီယော့တ် အန်ဒါဆန်နဲ့ ယန်ဘူကာ မင်တာ့ရ် တို့ နှစ်ဦးပေါင်း အတွက် ပေါင် ၆၈ သန်းလောက်နဲ့ ရရှိခဲ့လို့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လက်ရှိမှာ မနှစ်က အသင်း အတွက် အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ အမာခံ ကစားသမားတွေကို စုစည်းဖို့ ကြိုးပမ်းနေပြီး ဂေါ်ဒွန် ကိုလည်း စာချုပ်သစ် ကမ်းလှမ်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက ပွဲ ၃၀ ကစားပြီး ၂၁ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုလည်း လမ်းခွဲဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

နယူးကာဆယ် မန်နေဂျာ အက်ဒီဟောင်းဝ် ကတော့ အခုနွေရာသီမှာ ဂေါ်ဒွန်ရဲ့ အပြုအမူနဲ့ ပတ်သတ်လို့ လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်နဲ့ ဆွေးနွေးမှု ပျက်ပြားသွားခဲ့တဲ့ အတွက် စိတ်ပျက်ခဲ့ခြင်း မရှိကြောင်း ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် အက်ဒီဟောင်းဝ်က အင်္ဂလန် တောင်ပံကစားသမားဟာ နယူးကာဆယ် အတွက် ‘အရာရာ’ ကို ပေးစွမ်းနိုင်သူ လို့လည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။

လက်ရှိအချိန် မှာတော့ ဂေါ်ဒွန်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မသေချာမရေရာမှုတွေကို အဆုံးသတ်ဖို့ နယူးကာဆယ်က အသက် ၂၃ နှစ်အရွယ် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ဂေါ်ဒွန်ရဲ့ စွမ်းဆောင်ရည်ကြောင့် လုပ်ခလစာ တိုးမြှင့်ပေးသွားဖို့ ရှိနေပြီး ကစားသမား အနေနဲ့လည်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဆက်နေဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ရှိနေပြီး အခုနွေရာသီမှာတော့ ရှက်ဖီးယူနိုက်တက် တိုက်စစ်မှူး ဝဲလ်အိုဆူလာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ အသက် ၂၀ နှစ် အရွယ် ဒီကစားသမားဟာ မကြာခင်မှာ ပေါင် ၁၅ သန်း (ကနဦး ပေါင် ၁၀ သန်း+အပိုဆုကြေး ပေါင် ၅ သန်း) နဲ့ ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဒီကစားသမားလေး ကိုတော့ အက်ဒီဟောင်းဝ်က စီနီယာ အသင်းကြီး အတွက် တန်းပြီး အသုံးပြုသွားဖွယ် ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်