နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါင် ၇၂ သန်းနဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ခံခဲ့ရတယ်လို့ ပြောလာတဲ့ ပေပေ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကနေ ထွက်ခွာဖို့ဟာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို ပေါင် ၇၂ သန်းနဲ့ အကဲဖြတ်ခံခဲ့ရတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

နီကိုးလပ်စ် ပေပေဟာ ၂၀၁၉ ခုနှစ်မှာ ပြင်သစ် ကလပ် လိုင်လီ ကနေ အာဆင်နယ် အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် လေးနှစ် အကြာမှာပဲ အမ်းမရိတ်စ်ကို စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ပေပေဟာ ပြီးခဲ့နှစ်က တူရကီ ကလပ် ထရပ်ဇွန်စပေါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ထွက်ခွာသွားခဲ့သူ ဖြစ်ပါတယ်။ ဒီကလန် ရိုက်စ် မတိုင်ခင် ပရီးမီးယားလိဂ် ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေပေဟာ အာဆင်နယ် အတွက် ၁၁၂ ပွဲ ကစားကာ ၂၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ တူရကီ ကလပ် အတွက် ကစားနေပြီ ဖြစ်တဲ့ ပေပေက အာဆင်နယ် ကနေ ထွက်ခွာလာခဲ့တဲ့ အကြောင်းရင်းတွေကို အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ပေပေက “ဒါဟာ လုံးဝ မလွယ်ကူပါဘူး။ ကျွန်တော့်ရဲ့ ဖျော်ဖြေပုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေ မပျော်ရွှင်ခဲ့ကြပါဘူး” လို့ သူ ရုန်းကန်ခဲ့ရတဲ့ အခြေအနေတွေ အကြောင်း BBC Sport ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် စစရောက်ချင်းတုန်းက ပရိသတ်တွေက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို အကဲမဖြတ်ပဲ စျေးနှုန်းကို အဆုံးအဖြတ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အာဆင်နယ် မှာတုန်းက ကျွန်တော် ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီမှာရှိခဲ့တဲ့ အချိန်တွေ အတွက် ကျွန်တော် နောင်တမရပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပြောင်းရွှေ့ကြေးက လက်မှတ်ထိုးထားတဲ့ ကလပ် အတွက် အမြင့်ဆုံး ဖြစ်တာကြောင့် ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ သူတို့ မျှော်လင့်ထားခဲ့ကြတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပေပေက “အာဆင်နယ်က ကျွန်တော့်ကို ပေါင် သန်း ၂၀နဲ့ ဝယ်ခဲ့မယ် ဆိုရင် ဒါက မတူနိုင်ပါဘူး။ ဒါဟာ ကစားသမားရဲ့ အပြစ်မဟုတ်ပါဘူး။ မီခိုင်လို မူဒရစ်ခ်နဲ့ အန်တိုနီ တို့လို ကစားသမားတွေ ရှိသလို တစ်ချိန်လုံး အကောင်းဆုံး မစွမ်းဆောင်နိုင်တဲ့ ကစားသမားတွေ ရှိသလို မဆိုးတဲ့ ကစားသမားတွေတော့ ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မီခဲလ် အာတေးတားရဲ့ အာဆင်နယ် အသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ရေး၊ မန်စီးတီးရဲ့ စိုးမိုးမှုကို ရပ်တန့်နိုင်ရေး အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ လက်ရှိမှာ အမေရိကန် နိုင်ငံကို ရောက်ရှိနေပြီး ရာသီကြို ခြေစမ်းပွဲတွေ ကစားနေသလို တစ်ဖက် မှာလည်း ကစားသမား ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ အနောက် ၈၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၃-၀၄ ဘောလုံးရာသီ နောက်ပိုင်း သူတို့ အသင်း အတွက် အမြင့်ဆုံး ရမှတ်တွေကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်