နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမနီနဲ့ ဒိန်းမတ် တွေ့ဆုံမှုကို ပွဲကြို ချဉ်းကပ်ကြည့်ခြင်း | ယူရို ၂၀၂၄

ယူရို ၂၀၂၄ အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ်တွေ ကတော့ ယှဉ်ပြိုင်ကစားသွားခဲ့တော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းပေါင်း ၁၆ သင်းလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဂျာမနီနဲ့ ဒိန်းမတ် တို့ရဲ့ တွေ့ဆုံမှုကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

ဂျာမနီက ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အိမ်ရှင် ဖြစ်သလို သူ့မြေ သူ့ရေမှာ အောင်မြင်မှု အရယူဖို့ အားခဲနေတဲ့ အသင်း ဖြစ်ပါတယ်။ လူငယ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း လက်အောက်မှာ တိုးတက်မှုတွေနဲ့ ပြန်လည် မြင်တွေ့နေရတဲ့ ဂျာမနီက စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ အဖွင့်ပွဲမှာ စကော့တလန်ကို တိုက်စစ် အစွမ်းပြပြီး ၅-၁ ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒုတိယပွဲမှာ ဟန်ဂေရီကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ပွဲမှာတော့ ဂျာမနီရဲ့ ခြေစွမ်းက အားရစရာ မရှိခဲ့ပဲ ဆွစ်ဇာလန်ကို နောက်ကနေ လိုက်ကစားပြီးမှ သရေ တစ်မှတ် ရခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ ပွဲမှာ ဂျာမနီရဲ့ အားနည်းချက်တွေက ထင်သာ မြင်သာ ရှိခဲ့ပေမယ့် ရှုံးထွက်တက်ပြီးသား ဖြစ်တာကြောင့် သိသိသာသာ ကစားအား လျှော့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ လူစာရင်း အရ ဆိုရင်တော့ ဂျာမနီက ကလပ် အသင်းတွေနဲ့ အတူ ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ် ကြယ်ပွင့်တွေကို အဓိက အသုံးပြုနေပြီး ခရူးစ်၊ ဂွန်ဒိုအန်၊ ရူဒီဂါ၊ ကင်မစ်ချ်၊ နော်အာ တို့လို အတွေ့အကြုံရင့် ကစားသမားတွေလည်း ရှိနေပါတယ်။

ဒိန်းမတ် ကိုတော့ ယူရို ၂၀၂၄ မှာ သိပ်ပြီး အားရစရာ ခြေစွမ်းမျိုးနဲ့တော့ မမြင်ရသေးပါဘူး။
အခုတစ်ခါမှာတော့ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဂျာမနီနဲ့ ဒိန်းမတ် တို့ရဲ့ တွေ့ဆုံမှုကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

ဒိန်းမတ် ကိုတော့ ယူရို ၂၀၂၄ မှာ သိပ်ပြီး အားရစရာ ခြေစွမ်းမျိုးနဲ့တော့ မမြင်ရသေးပါဘူး။ အင်္ဂလန်၊ ဆားဘီးယား၊ ဆလိုဗေးနီးယား တို့ ပါဝင်တဲ့ အုပ်စုမှာ ကျရောက်ခဲ့ပြီး အုပ်စုတွင်း သရေ ၃ ပွဲ၊ ရမှတ် ၃ မှတ်နဲ့ ဒီအဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဆလိုဗေးနီးယားနဲ့ ၁-၁ သရေ၊ ပွဲစဉ် ၂ မှာ အင်္ဂလန်နဲ့ ၁-၁ သရေ၊ နောက်ဆုံး ပွဲမှာတော့ ဆလိုဗေးနီးယားနဲ့ ဂိုးမရှိ သရေ ရလဒ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကက်စ်ပါ ဂျူးလ်မန်း အသင်းရဲ့ အဓိက အားနည်းချက်က အရည်အသွေးမြင့် ကစားသမား ရှားပါးမှု ဖြစ်ပေမယ့် အားသာချက် ကတော့ အသင်းကြီးတွေနဲ့ တွေ့ရင် ဘယ်လိုမျိုး ကစားရမလဲ ဆိုတာကို ကောင်းကောင်း နားလည်နေတာပါ။ ယိုးနက်စ် ဝင်း၊ ဟွိုက်ဂျ်လန်း၊ အဲရစ်ခ်ဆင်၊ ဟွိုက်ဘယက်ဂျ်၊ မာအဲလီ၊ ဗတ်စတာဂတ်၊ အန်ဒါဆန်၊ ကတ်စ်ပါ ရှမိုက်ကယ် တို့က အသက်ရနေပြီ ဖြစ်ပေမယ့် ပြိုင်ပွဲ အတွေ့အကြုံ များပါတယ်။

ဒီနှစ်သင်းရဲ့ ချန်ပီယံဆုဆီ သွားရာလမ်းကြောင်း ကလည်း ကြပ်ပါတယ်။ ဘယ်အသင်း တက်တက် တစ်ဖက်က စပိန်-ဂျော်ဂျီယာ ပွဲက အနိုင်ရလာတဲ့ အသင်းနဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမှာပါ။ ကွာတားဖိုင်နယ် အဆင့်ကို ကျော်လွန်ခဲ့မယ် ဆိုရင်လည်း ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆလိုဗေးနီးယား တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လမ်းကြောင်း အရတော့ တော်တော်လေး ကြပ်နေတာ ဖြစ်ပါတယ်။

ဒီနှစ်သင်းက ၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၃ ကြိမ် ကတော့ ခြေစမ်းပွဲ အဖြစ် ကစားခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီဟာ ဒိန်းမတ်ကို အဲ့ဒီ ၄ ကြိမ်စလုံး မရှုံးခဲ့ပေမယ့် ၁ ကြိမ် နိုင်သာ အနိုင်ရခဲ့ပြီး ကျန် ၃ ကြိမ် ကတော့ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ယူရို ၂၀၁၂ အုပ်စု အဆင့်မှာ တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီးတော့ ဂျာမနီက ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။

ဒိန်းမတ် နည်းပြ ကက်စ်ပါ ဂျူးလ်မန်း ပြောသလိုပါပဲ။ ဒိန်းမတ်ဟာ အသင်းကြီးတွေနဲ့ တွေ့ရင် ဘယ်လို ကစားရမလဲ သိသလို ကျော်ဖြတ်နိုင်တဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ ဂျာမနီက အိမ်ရှင် ဆိုတဲ့ အားသာချက် ရှိပေမယ့် ဆွစ်ဇာလန်နဲ့ ပွဲတုန်းက ခြေစွမ်းမျိုးနဲ့ ကစားရင် ဒိန်းမတ် အကြိုက် ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲ ကိုတော့ ကျွန်တော့် အနေနဲ့ သာမန် ပွဲချိန် အတွင်း သရေရလဒ်လောက်ပဲ မျှော်လင့်ထားချင်ပြီး အခန့်မသင့်ရင် ပင်နယ်တီ အဆုံးအဖြတ်ပါ ခံယူရနိုင်ပါတယ်။ နောက်တစ်ဆင့် တက်မယ့် အသင်း ဆိုရင်တော့ အိမ်ရှင် ဂျာမနီကိုပဲ ရွေးချယ်ထားချင်ပါတယ်။ ပွဲချိန်နီးရင် ပေါက်ကြေး ပြန်ကြည့်ရဦးမှာ ဖြစ်ပေမယ့် ကျွန်တော် ကတော့ ဂိုးပေါင်း အောက်ကို ရွေးချယ်ထားစေချင်ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမားတွေ ဆိုရင်တော့ ဂျာမနီ ဘက်က လူငယ် ကြယ်ပွင့်လေး ဂျမဲလ် မူဆီအာလာနဲ့ ဒိန်းမတ် ဘက်ကတော့ ဝါရင့် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင်ကို ရွေးချယ်ချင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်