နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုလစ်ဆီလုပွဲထဲ ပါဝင်လာခဲ့ပြီ ဖြစ်တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လာမယ့် ရာသီ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီးတော့ ကစားသမား တချို့ကိုလည်း ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ပရီးမီးယားလိဂ် ကလပ်က တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အစောပိုင်းမှာ ပရီးမီးယားလိဂ် ဆီ တန်းတက်ခွင့်မရခဲ့တဲ့ လိဒ်စ်ယူနိုက်တက် အသင်းရဲ့ တောင်ပံ ကစားသမား ခရိုင်ဆန်စီယို ဆမ်းမားဗီးလ်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိမှာတော့ လစ်ဗာပူးလ်က ဆမ်းမားဗီးလ်ထက် ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် မိုက်ကယ် အိုလစ်ဆီကို ပိုမို စိတ်ဝင်စားလာခဲ့ပြီလို့ သိရပါတယ်။

သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်က လာမယ့်နွေမှာ တောင်ပံ ကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို လက်လွတ်သွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာ နောက်ထပ် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ မိုဟာမက် ဆာလာ ကလည်း အနာဂတ် မသေမချာ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒီအခြေအနေတွေကြောင့် လစ်ဗာပူးလ်ဟာ ရာသီသစ် အတွက် မဖြစ်မနေ တောင်ပံကစားသမား တစ်ဦး ခေါ်ယူသွားရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ် အသင်းရဲ့ ကနဦး ပစ်မှတ်ထဲမှာ ပါဝင်နေခဲ့တဲ့ ကစားသမား ကတော့ လိဒ်စ်ယူနိုက်တက်ရဲ့ နယ်သာလန် ဘယ် တောင်ပံကစားသမားလေး ဆမ်းမားဗီးလ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဆမ်းမားဗီးလ်ဟာ လစ်ဗာပူးလ် နည်းပြသစ် ဆလော့တ်ရဲ့ အသင်းဟောင်း ဖီယင်နော့ဒ်မှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ 

အစောပိုင်းမှာ လစ်ဗာပူးလ်က ဆမ်းမားဗီးလ်ကို ချဲလ်ဆီးနဲ့ အပြိုင် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ရက်ပိုင်း အတွင်းမှာပဲ စိတ်ပြောင်းသွားခဲ့ပြီး သူတိုရဲ့ ပစ်မှတ်ကို အိုလစ်ဆီ အဖြစ် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ တောင်ပံနဲ့ ကွင်းလယ် တိုက်စစ် နေရာအစုံမှာ ကစားနိုင်တဲ့ အိုလစ်ဆီကို လက်ရှိမှာ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က အပြိုင် စိတ်ဝင်စားနေကြပြီး အခု ဆိုရင်တော့ လစ်ဗာပူးလ်ပါ အိုလစ်ဆီ လုပွဲထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ 

အသက် ၂၂ နှစ် အရွယ် ပြင်သစ် ကြယ်ပွင့် အိုလစ်ဆီဟာ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး လူငယ်အကယ်ဒမီတွေမှာ ဖြတ်သန်းခဲ့ဖူးပြီး ရက်ဒင်း အသင်းမှာတော့ စီနီယာ ကစားသမား ဘဝကို စတင်ခဲ့သူပါ။ ၂၀၂၁ ခုနှစ် မှာတော့ ခရစ္စတယ်ပဲလေ့စ်ကို ရောက်ရှိလာခဲ့ပြီး ပဲလေ့စ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အိုလစ်ဆီဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသာနာတွေကြောင့် ပရီးမီးယားလိဂ် ပွဲပေါင်း (၁၉) ပွဲ သာ ကစားခဲ့ရပေမယ့်လည်း (၁၀) ဂိုးသွင်းပြီး (၆) ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အိုလစ်ဆီရဲ့ စွမ်းဆောင်ရည်ကို သဘောကျတဲ့ ပရီးမီးယားလိဂ် ကလပ်တွေ တဖြည်းဖြည်း များပြားလာခဲ့ပြီး မကြာခင်မှာတော့ ဒီကစားသမား ဘယ်အသင်းကို ရောက်သွားမလဲ ဆိုတာ သိရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်