နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုထက် မက်ဆီ ပိုကောင်းတယ်လို့ ပြောကြားလိုက်တဲ့ ဝိန်း ရူနီ | ပရီးမီးယားလိဂ်

ပလိုင်းမောက် နည်းပြသစ် ဝိန်းရူနီ ကတော့ လီယွန်နယ် မက်ဆီ ကသာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရူနီဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ တွဲဖက် ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုထက် မက်ဆီက အနည်းငယ် ပိုကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း သူ့ရဲ့ အမြင်ကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝိန်း ရူနီက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီ တို့ဟာ သူကစားသမားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်တယ် လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ 

အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ၃၆ နှစ် အရွယ် မက်ဆီတို့ဟာ ၁၀ စုနှစ် နှစ်ခုကျော်ကြာ ပြိုင်ဆိုင်ခဲ့ကြပြီးတော့ လက်ရှိ ကစားသမား ဘဝ နေဝင်ချိန် ရောက်တဲ့ အချိန်ထိတောင် ပြိုင်ဆိုင်မှုတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ ပိုကောင်းသလဲ ဆိုတဲ့ မေးခွန်း အပေါ် ဝိဝါဒ ကွဲပြားမှုတွေ ရှိနေဆဲ ဖြစ်ပြီး အမြဲတမ်းလိုလို ငြင်းခုံရလေ့ ရှိတဲ့ Topic တစ်ခု ဖြစ်နေဆဲပါ။

Sky Betနဲ့ ပြုလုပ်တဲ့ အစီအစဉ် တစ်ခုမှာ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ ပိုကောင်းသလဲ ဆိုတဲ့ မေးခွန်းကို ပလိုင်းမောက် နည်းပြသစ်က အခုလိုပဲ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဝိန်းရူနီက “ကျွန်တော် ကတော့ မက်ဆီ လို့ပဲ ဖြေပါမယ်။ သူက အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ ပိုကောင်းလဲလို့ ရွေးချယ်ရတဲ့ နေရာမှာ မက်ဆီလို့ ပြောရတာ ကျွန်တော့်ကို အကြပ်ရိုက်စေပါတယ်။”

“တချို့က မက်ဆီလို့ ဖြေတယ်။ တချို့ ကတော့ ရော်နယ်ဒိုပေါ့။ သူတို့ နှစ်ယောက်စလုံးက မယုံနိုင်စရာပါပဲ။ ကစားဖူးသမျှ အကောင်းဆုံး ကစားသမား နှစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော့် အတွက် ကတော့ မက်ဆီက ကစားသမား တစ်ယောက် အနေနဲ့ သဘောကျတဲ့ အရည်အချင်း နည်းနည်းပို ရှိပါတယ်။ ဒါက အဓိက အကြောင်းပြချက်ပါပဲ။”

ဝိန်းရူနီဟာ သူ့ရဲ့ ကစားသမားဘဝ အစောပိုင်းမှာ ရော်နယ်ဒိုနဲ့ အတူ ပရီးမီးယားလိဂ် ကလပ်မှာ ငါးရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီ က အနည်းငယ် ပိုကောင်းကြောင်း အံ့အားသင့်စရာ ဖြေကြားလိုက်တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး နောက်ရာသီမှာတော့ ဝိန်း ရူနီက အဲဗာတန် ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် မှာတော့ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး ရူနီ ကတော့ အသင်းမှာ ဆက်လက် ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အသက် ၃၆ နှစ် အရွယ် မက်ဆီက မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီမှာ ခြေစွမ်းပြနေပြီး ဒေးဗစ် ဘက်ခမ်းရဲ့ အသင်း အတွက် ၂၃ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူပေးထားပါတယ်။ ဘာစီလိုနာ အသင်းဖော်ဟောင်း ယော်ဒီ အဲလ်ဘာ၊ ဆာဂျီယို ဘူးစကွက်စ်၊ လူးဝစ်ဇ် ဆွာရက်ဇ် တို့နဲ့ အတူ အကောင်းဆုံး တွဲဖက် ကစားပြနေတဲ့ မက်ဆီရဲ့ အသင်းက ၁၀ ပွဲကစားပြီးနောက် Eastern Conference ဇယားထိပ်မှာ ရပ်တည်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ရော်နယ်ဒို ကလည်း ဆော်ဒီပရိုလိဂ် ကလပ်မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းကာ စံချိန်သစ်တွေ ရယူနေဆဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး အနေနဲ့ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ တစ်ရာသီ အတွင်း သွင်းဂိုး အများဆုံး စံချိန်သစ်ကိုလည်း တင်လိုက်နိုင်ပြီ ဖြစ်သလို ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ သွင်းဂိုး ၉၀၀ ပြည့်ဖို့လည်း အနည်းငယ်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်