နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးကို နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၂-၀ တော့တင်ဟမ်ဟော့စပါး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂၆ ရဲ့ လက်ကျန် ပွဲစဉ် မှာတော့ ချဲလ်ဆီးက မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ချဲလ်ဆီး အနေနဲ့ တော့တင်ဟမ်ဟော့စပါးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို ထိုးနှက်နိုင်ခဲ့ပြီး သူတို့ဟာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အတွက် အနိုင်ဂိုးတွေ ကိုတော့ ထရီဗို ချာလိုဘာနဲ့ ပျောက်ကြီး နီကိုးလပ်စ် ဂျက်ဆင် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နည်းပြ မော်ရူစီယို ပိုချက်တီနို အနေနဲ့လည်း စတန်းဖို့ဒ် ဘရစ်ချ်မှာ အသင်းဟောင်း စပါးကို အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချာလိုဘာက ကော်နာ ဂယ်လာဟာရဲ့ အလွတ်တည်ကန်ဘော ကနေ တဆင့် အိမ်ရှင် အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ် မှာတော့ ကွင်းလယ်လူ ကိုးလ် ပါးလ်မားရဲ့ ကန်ချက်ကြောင့် ပြန်ထွက်လာတာကို ဂျက်ဆန်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲဟာ တော်တော်လေး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေနဲ့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အချက်အလက်တွေကို ပြန်ကြည့်ရင် ချဲလ်ဆီးထက် စပါးက ဘောလုံးပိုင်ဆိုင်မှု ဂိုးပေါက် ကန်ချက်တွေမှာ သာလွန်ခဲ့တာပါ။ ဒါပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့ပြီး ချဲလ်ဆီးက ဂိုးပေါက် ကန်ချက် ၁၆ ကြိမ်မှာ ဂိုးပေါက် ၅ ကြိမ် တည့်ခဲ့ပြီး သွင်းဂိုး က‌တော့ ၂ ဂိုး ရခဲ့ပါတယ်။ စပါး ကတော့ ဂိုးပေါက် ကန်ချက် ၁၉ ကြိမ် ရှိခဲ့ပေမယ့် ၃ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ စပါးဟာ ပုံစံကောင်း တစ်ခု ပြန်ရခဲ့သေးပေမယ့် ဒီနေ့ပွဲမှာ ထူးထူးခြားခြားပဲ ချဲလ်ဆီး ခံစစ်မှူးတွေ အမှားနည်းခဲ့တာကြောင့်လည်း စပါးတို့ ကံဆိုးခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းက ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပြီး ရလဒ်တွေလည်း ဆိုးရွားနေကာ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ နယူးကာဆယ်ကို ၄-၀၊ အာဆင်နယ်ကို ၂-၃ နဲ့ ချဲလ်ဆီး ကိုတော့ ၂-၀ တို့နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးက အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်ရှိနေခဲ့ပြီး အဆင့် ၄ နေရာက ဗီလာနဲ့ ၇ မှတ် ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ သူတို့ အတွက် မျှော်လင့်ချက်က ဗီလာထက် တစ်ပွဲ လျော့ ကစားထားတာ ဖြစ်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တော့ မသေချာတော့ပါဘူး။

ချဲလ်ဆီး ကတော့ ဝက်စ်ဟမ်းထက် တစ်ပွဲလျော့ ကစားထားပြီး အဆင့် (၈) နေရာကို တက်လှမ်းကာ ၃ မှတ် ဖြတ်ခဲ့သလို အဆင့် (၆) နေရာက ယူနိုက်တက်နဲ့လည်း (၃) မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စပါးကို နှစ်ကျော့စလုံး အနိုင်ကန်နိုင်ခဲ့ပြီး ပထမအကျော့တုန်း ကလည်း ၁-၄ ရလဒ်နဲ့ စပါးကွင်းမှာ ဂိုးပြတ် အနိုင်ရထားခဲ့တာပါ။

လက်ကျန် ပွဲစဉ်တွေကို ကြည့်ရင် ချဲလ်ဆီးက ဝက်စ်ဟမ်း၊ နော့တင်ဟမ်ဖောရက်စ်၊ ဘရိုက်တန်၊ ဘုန်းမောက်တို့နဲ့ ကစားရဦးမှာ ဖြစ်ပြီး စပါး ကတော့ လစ်ဗာပူးလ်၊ ဘန်လေ၊ မန်စီးတီး၊ ရှက်ဖီးလ်ယူနိုက်တက် တို့နဲ့ ကစားရဦးမှာပါ။ ဒါကြောင့် စပါးဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ယူရိုပါလိဂ် ဝင်ခွင့် ရဖို့သာ အခြေအနေကောင်းနေပြီး ချဲလ်ဆီး ကတော့ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် အတွက်ပဲ ပိုပြီး ဖြစ်နိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်