နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လှပတဲ့ ပြန်လာနိုင်ခြင်းနဲ့ အတူ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

နယူးကာဆယ် – ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ် ကတော့ ရင်သပ် ရှုမောဖွယ်ရာတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ဂိုးပြတ် ရှုံးနေပြီးမှ နောက်ကနေ လိုက်ကစားပြီး အံ့အားသင့်ဖွင့် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အက်ဒီဟောင်းရဲ့ နယူးကာဆယ်က ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ ရှား၊ လက်ဆဲလက်စ်၊ ဘန်း၊ လစ်ဗရာမန်တို၊ ဂီမာရေးစ်၊ ဝေးလ်လော့ခ်၊ လောင်းစတက်ဖ်၊ ဂေါ်ဒွန်၊ မာဖီ၊ အိဆက်ခ် တိုနဲ့ ဝက်စ်ဟမ်းကို ရင်ဆိုင်လာခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး အန်တိုနီယို ဦးဆောာင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ပက်ကေးတား၊ ဝက်ဒ်ပရောက်စ်၊ ဆိုချက်ခ်၊ တောင်ပံ နှစ်ဖက်မှာ ကူဒု့စ်နဲ့ ဘိုဝင်၊ ခံစစ်မှာတော့ ဇူးမား၊ အီမာဆင်၊ အမ်ဗရိုပါးနို့စ်၊ ဆိုဖယ်၊ ဂိုးမှာတော့ အာရီယိုလာပဲ ပါဝင်လာခဲ့ပါတယ်။

ဝက်စ်ဟမ်းရဲ့ အစောပိုင်း ကစားပုံက တော်တော်လေး ကောင်းခဲ့ပြီး ဘိုဝင်၊ ကူ့ဒုစ်တို့ရဲ့ တောင်ပံ နှစ်ဖက်က လုပ်အားနှုန်း ကောင်းကောင်းနဲ့ နယူးကာဆယ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲစပြီး မကြာခင်မှာပဲ နယူးကာဆယ် အတွက် အိဆက်ခ်က ပယ်နယ်တီ ကနေ အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ အဲ့နောက် နယူးကာဆယ်ရဲ့ ခံစစ်ကစားပုံ အားနည်းချက်တွေ ဆက်တိုက်ဖြစ်နေပြီး သိပ်မကြာခင်မှာပဲ ဝက်စ်ဟမ်းက ချေပဂိုး‌ရော အနိုင်ဂိုးရော သွင်းသွားလို့ ပထမပိုင်းမှာ ၁-၂ ရလဒ်နဲ့ အိမ်ရှင်တို့ ရှုံးနိမ့်နေခဲ့ပါတယ်။ နယူးကာဆယ် ကစားသမားတွေ အနေနဲ့ ကြံ့ခိုင်မှု အတော်လေး အားနည်းခဲ့တာ တွေ့ရပြီး မကြာခဏ ဒဏ်ရာရနေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ ဝက်စ်ဟမ်းက တစ်ဂိုး ထပ်သွင်းလိုက်လို့ သုံးဂိုး တစ်ဂိုးနဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ ဂိုးပြတ် ဦးဆောင်လိုက်ချိန် မှာတော့ ပွဲက ပြီးဆုံးသွားပြီလို့တောင် ထင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲက အလှည့်အပြောင်း များစွာ ဖြစ်ခဲ့ပြီး နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်က အယ်လ်မီရွန်၊ အန်ဒါဆင်၊ လီဝစ် ဟောလ် တို့ကို လူစားသွင်းပြီး တိုက်စစ်ကို အရှိန်စတင်ခဲ့တယ်။ သိပ်မကြာခင် ဂေါ်ဒွန်ကြောင့် ပယ်နယ်တီ ထပ်ရခဲ့ပြီး အိဆက်ခ် ကပဲ ဒုတိယဂိုး ဖြစ်စေခဲ့ပါတယ်။ အဲ့နောက် စိတ်ဓာတ် တက်ကြသွားတဲ့ ကာဆယ်တို့ တစ်သင်းလုံး အလုံးအရင်းနဲ့ တိုက်စစ် ဖွင့်ကစားခဲ့ပါတယ်။ ကံဆိုးစွာနဲ့ အယ်လ်မီရွန် ဒဏ်ရာ ထပ်ရသွားပြီး ဟာဗေး ဘန်းစ် လူစားဝင်လာတာက ပွဲရဲ့ အလှည့်အပြောင်း ထပ်ဖြစ်စေခဲ့တယ်လို့ပဲ ပြောရမှာပါ။ ဘန်းစ် ဝင်လာပြီးနောက် နယူးကာဆယ်ရဲ့ ချေပဂိုးရဖို့ အသည်းအသန် ထိုးနှက်မှုတွေ အောက်မှာ ဝက်စ်ဟမ်း ကစားသမားတွေ အလူးအလဲ ခံခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ ဟာဗေးဘန်းစ်က တတိယ ချေပဂိုးကို သွင်းယူလိုက်တာကြောင့် ၃-၃ ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သရေ ရလဒ်နဲ့ပဲ ပွဲပြီးမယ်လို့ ထင်ခဲ့ချိန်မှာပဲ နာကျင် အချိန်ပို အရောက်မှာ ဟာဗေးဘန်းစ် သူ့ရဲ့ ထုံးစံအတိုင်းပဲ ဧရိယာ ထိပ်ကနေ ချိုးဝင်လာပြီး ဝေ့ဝိုက် ကန်သွင်းခဲ့လို့ နယူးကာဆယ်တို့ အဖိုးတန် အနိုင်ဂိုးရခဲ့ပါတယ်။ ဒီအချိန် မှာတော့ စိန့်ဂျိမ်းစ်ပါ့ခ်ထဲက အိမ်ရှင် ပရိသတ်တွေရဲ့ ကျယ်လောင်တဲ့ အောဟစ် အာပေးသံကို ကြားခဲ့ရပြီး ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ငှက်ကြားတို့‌ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲ နယူးကာဆယ်ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း ကတော့ လေးစားစရာကောင်းခဲ့သလို တစ်ဖက်က ဝက်စ်ဟမ်းရဲ့ ဂိုးပြတ် အသာရနေမှုကို မထိန်းထားနိုင်ခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။

နယူးကာဆယ်ဟာ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာကို ဆက်လက် မျှော်လင့်နိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ နယူးကာဆယ်ဟာ လာမယ့် ကြားရက်မှာ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ကစားရဖို့ ရှိပြီး ဝက်စ်ဟမ်း ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်