နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေ တစ်မှတ်စီ ခွဲယူဖို့ များနေတဲ့ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နယူးကာဆယ် ဝက်စ်ဟမ်း

အခုတစ်ပတ် စနေ၊ တနင်္ဂနွေမှာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ အမှတ်ပေး ပွဲစဉ်တွေ ပြန်လည် ကစားဖို့ ရှိနေပါတယ်။ ဒီထဲက အစောဆုံး ကစားမယ့် ပွဲကတော့ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း ပွဲ ဖြစ်ပြီး စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားမှာ ဖြစ်ပါတယ်။

နယူးကာဆယ်က ဘလက်ဘန်းနဲ့ ဝုဗ်ကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား မှာတော့ မန်စီးတီးကို အရေးနိမ့်ထားပါတယ်။ ဒီရာသီ နယူးကာဆယ်ရဲ့ ခြေစွမ်းက အတက်အကျ မတည်ငြိမ်ပဲ နိုင်ရင်လည်း ပွဲဆက်၊ ရှုံးရင်လည်း ပွဲဆက်ပါပဲ။ အက်ဒီဟောင်းဝ်ရဲ့ အသင်းက လက်တလော အမှတ်ပေးဇယား အဆင့် ၁၀ နေရာ အထိ ရောက်ရှိနေပြီး ဥရောပဝင်ခွင့် တစ်နေရာရဖို့တောင် ခက်ခဲနေတာ ဖြစ်ပါတယ်။

ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် ကြား ဗျာများနေပြီး ရလဒ်ပိုင်း ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားခဲ့ပြီး ဘန်လေနဲ့ ဗီလာကို သရေကျထားခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ကလည်း လက်တလော အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး လာမယ့် ရာသီ ဥရောပဝင်ခွင့် တစ်နေရာရဖို့ တိုက်ပွဲ ဝင်နေပြီး မျှော်လင့်ချက်လည်း ရှိနေဆဲ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

နယူးကာဆယ်မှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေဆဲ ဖြစ်ပြီး အဓိက ကွင်းလယ်လူ ဆန်ဒရို တိုနာလီ ကလည်း ပွဲပယ်ခံထားရလို့ လွဲချော်ဦးမှာ ဖြစ်ပါတယ်။ အခြား ကစားသမားတွေ အဖြစ် ဘော့တ်မန်း၊ ပုပ်၊ လီဝစ် မိုင်လီ၊ ထရစ်ပီယာ၊ ဂျိုးလင်တန်၊ ဘန်းစ်၊ ကော်လမ် ဝီလ်ဆင် တို့လည်း ဒီပွဲမှာ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။

ဝက်စ်ဟမ်း မှာတော့ ကွင်းလယ်လူ အက်ဒ်ဆင် အဲလ်ဗာရက်ဇ် ပွဲပယ် ပြစ်ဒဏ်ထိထားပြီး မိုဟာမက် ကူဒု့စ်နဲ့ မက်စ်ဝဲလ် ကောနတ် တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

နယူးကာဆယ် – ဒူဗရက်ဗ်ကာ၊ လက်ဆဲလက်စ်၊ ရှား၊ ခရက်ဖ်၊ မာဖီ၊ ဘန်း၊ ဂီမာရေးစ်၊ လောင်းစတက်ဖ်၊ ဝေးလော့ခ်၊ ဂေါ်ဒွန်၊ အိဆက်ခ်

ဝက်စ်ဟမ်း အာရီယိုလာ၊ အမ်ဗရိုပါးနို့စ်၊ ဇူးမား၊ အီမာဆင်၊ ကူဖယ်၊ ဆိုချက်၊ ဝက်ဒ် ပရောက်စ်၊ ပက်ကေးတား၊ ကူဒု့စ်၊ ဘိုဝင်၊ အန်တိုနီယို


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ပြီးခဲ့တဲ့ တွေ့ဆုံမှု ၂၄ ကြိမ်မှာ နယူးကာဆယ်က ၁၂ ကြိမ်နိုင်၊ ၆ ကြိမ် သရေကျပြီး ဝက်စ်ဟမ်း ကတော့ ၆ ကြိမ် ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ တစ်ကြိမ်စီ အနိုင်ရထားပြီး ၃ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ နယူးကာဆယ်က ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးခဲ့ပြီး ဝက်စ်ဟမ်းက ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၁.၈၁ ဆ၊ သရေ ဆိုရင် ၃.၄၃ ဆနဲ့ ဝက်စ်ဟမ်း နိုင်ရင်တော့ ၃.၆၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ နယူးကာဆယ်က သရေ အရှုံး၊ ၁ လုံး သရေကြေးတွေ ဖွင့်ထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက အနည်းငယ် ကျဆင်းနေပြီး နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားခဲ့တဲ့ ကစားသမားတွေ ပွဲပန်းနေနိုင်တာကိုလည်း ထည့်စဉ်းစားရပါမယ်။ နယူးကာဆယ်ဟာ ဝက်စ်ဟမ်းနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံး အနိုင်မရခဲ့ပါဘူး။ ဒါကြောင့် သရေရလဒ်ကိုပဲ အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။


ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်