နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ်မှာ အကြိတ်အနယ် ကစားပြီး နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ရဲ့ လက်ကျန် ပွဲစဉ် မှာတော့ ချဲလ်ဆီးတို့ နယူးကာဆယ်ကို အကြိတ်အနယ် ကစားပြီး ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ် ပထမအကျော့ ရှုံးကြွေးကို ခရာဘောင်ဖလားနဲ့ ဒုတိယအကျော့မှာပါ ပေါင်းပြီးဆပ်နိုင်ခဲ့သလို အိမ်ကွင်း ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကိုပါ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးက ပီထရိုဗစ်၊ ချာလိုဘာ့ရ်၊ ဒီယာဆီ၊ ကူကာရယ်လာ၊ ဂူစတို၊ ကိုင်စီဒို၊ အန်ဇို၊ ဂယ်လာဟာ၊ စတာလင်၊ ပါးလ်မား၊ ဂျက်ဆန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယူးကာဆယ် ဘက်မှာတော့ ဒူဗရက်ဗ်ကာ၊ ဘော့တ်မန်း၊ ရှား၊ လစ်ဗာရာမန်တို၊ ဘန်း၊ ဂီမာရေးစ်၊ ဝေးလ်လော့ခ်၊ လောင်းစတက်ဖ်၊ ဂေါ်ဒွန်၊ အယ်လ်မီရွန်၊ အိဆက်ခ် တို့ ပါဝင်လာခဲ့ပါတယ်။

ပွဲအစကတည်းက ချဲလ်ဆီးတို့ နယူးကာဆယ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဂျက်ဆန်က ပါးပါးနပ်နပ်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄၃ မိနစ်မှာ အိဆက်ခ်က ချေပခဲ့လို့ ပထမပိုင်းအပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး တိုက်စစ် ပိုမြှင်လာခဲ့ပြီး အိမ်ရှင် ချဲလ်ဆီးတို့ အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ဒါကြောင့် ၅၇ မိနစ်မှာ ပါးလ်မားနဲ့ ၇၆ မိနစ် မှာ မူဒရစ်ခ် တို့က ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦးစလုံး သွင်းယူခဲ့တဲ့ ဂိုးတွေက တော်တော်လေး သပ်ရပ်ပြီး ကောင်းမွန်ခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာတော့ နယူးကာဆယ်တို့ ချေပဂိုး ရရှိဖို့ အားစိုက်ခဲ့ပြီး မိနစ် ၉၀ မိနစ်မှာတော့ မာဖီက အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ နယူးကာဆယ် အတွက် ချေပဂိုး ၁ ဂိုး ရယူးနိုင်ခဲ့လို့ ၃-၂ ရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘာစီလိုနာ
နာပိုလီ
1X2 နာပိုလီ @ 4.02
ဂိုးပေါ် 3.00 @ 2.25
ဂိုးပေါင်း 0-1 @ 3.85
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး နယူးကာဆယ် ကိုတော့ ပထမအကျော့ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ အသင်းက ကစားပုံ ကောင်းလာပေမယ့် အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး ဒီပုံအတိုင်း ဆက်သွားရင်တော့ ရာသီကုန်ရင် ဇယား အလယ်မှာပဲ ရပ်တည်ရမယ့် အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဥရောပဝင်ခွင့် နေရာ အတွက် ၁၄ မှတ် ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လက်ကျန် ပွဲစဉ်တွေ အဖြစ် အာဆင်နယ်၊ ယူနိုက်တက်၊ ဘရိုက်တန်၊ ဗီလာ တို့လို အသင်းကောင်းတွေနဲ့ ကစားဖို့ ကျန်ရှိနေသေးလို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်ဖက်မှာ နယူးကာဆယ် ကတော့ ချဲလ်ဆီးထက် တစ်မှတ် အသာ ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး သူတို့လည်းပဲ ဥရောပ ဝင်ခွင့် တစ်နေရာ အတွက် ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ လက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ကစားရဖို့ ရှိပြီး နယူးကာဆယ်က မန်စီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်