နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ယူနိုက်တက်ကို ဘယ်သူ ကယ်တင်မှာလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ယူနိုက်တက်တို့ ဘုန်းမောက်ကို ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ ဂိုးပြတ် ရှုံးပြီးတဲ့နောက် ဂယ်ရီ နဗီးလ်က ငါးခွန်းတည်း ပြောပါတယ်။

“Consistently Inconsistent, an abysmal result” ဆိုပြီးတော့ပေါ့။ ပြောရရင် ယူနိုက်တက်တို့ မတည်ငြိမ်တာက တည်ငြိမ်နေတဲ့ ကိစ္စ တစ်ခုလို ဖြစ်နေပြီး ရလဒ်ပိုင်း ကတော့ တွင်းဆုံးကျနေတယ်လို့ ဆိုလိုက်တာပါ။ ချဲလ်ဆီးကို အကောင်းဆုံး ပုံစံနဲ့ နိုင်ထားပြီး ရက်ပိုင်း အကြာမှာပဲ ဘုန်းမောက်ကို အဆိုးရွားဆုံး ပုံစံနဲ့ ရှုံးခဲ့တာက စိတ်ပျက်ဖို့ ကောင်းပါတယ်။

ကစားကွက်တည်မရ၊ ကစားသမားတွေက အားရစရာ မရှိခဲ့ဘဲ တစ်သင်းလုံးက ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်း မသိတဲ့ ရည်မှန်းချက်နဲ့ ပွဲပြီးသွားပါတယ်။

တွမ်မီနေး၊ အမ်မရာဘတ် တို့ရဲ့ ကွင်းလယ်က ဆိုးရွားတဲ့ Character စုတ်ပြတ်သတ်နေတဲ့ ကစားပုံကိုပဲ ပြခဲ့ပါတယ်။  အသင်းကြီး တစ်သင်း အနေနဲ့ ဒါက လုံးဝကို မဖြစ်သင့်တဲ့ အနေအထား တစ်ခု ဖြစ်ပြီး ပထမပိုင်းမှာ မက်ဂွိုင်းရား Block ခဲ့တဲ့ အလုံးတွေသာ မရှိခဲ့ရင် အခုထက် ဂိုးပိုပြတ်နိုင်ပါတယ်။ တစ်ဂိုးတည်းနဲ့ ရှုံးဖို့ မပြောနဲ့၊ သရေတောင် မကျသင့်တဲ့ ပွဲမှာ အခုလိုမျိုး သုံးဂိုးပြတ် အထိ ရှုံးခဲ့တာက ရုပ်ပျက်ပါတယ်။ ဘုန်းမောက်က ဒီမတိုင်ခင် ယူနိုက်တက် အိမ်ကွင်းမှာ နိုင်ဖူးတဲ့ ပရီးမီးယားလိဂ် အသင်း မဟုတ်ဘဲ အခုပွဲက သူတို့ အတွက် သမိုင်းဝင်တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အသင်း တစ်သင်း ရှုံးတိုင်း၊ ရလဒ်ဆိုးတိုင်း အပြည့်အဝ တာဝန်ခံရတာက နည်းပြ ဖြစ်ပါတယ်။

ဘုန်းမောက်က ဒီမတိုင်ခင် ယူနိုက်တက် အိမ်ကွင်းမှာ နိုင်ဖူးတဲ့ ပရီးမီးယားလိဂ် အသင်း မဟုတ်ဘဲ အခုပွဲက သူတို့ အတွက် သမိုင်းဝင်တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တက်

တန်ဟက်ဂ်က လုပ်စရာရှိတာကို ပြတ်သားစွာ လုပ်တဲ့ နည်းပြ တစ်ယောက် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ ငြိမ်နေတဲ့ တိုက်စစ်ကို မာစီရယ် ထည့်ပြီး အပြောင်းအလဲ လုပ်လိုက်တာက နားလည်ပေးလို့ မရပါဘူး။ ပျင်းရိတဲ့ ကစားဟန်နဲ့ နာမည်ကြီးတဲ့ ဒီတိုက်စစ်မှူးက ဘုန်းမောက်ရဲ့ Low Block တွေကို ဘာဖိအားမှ မပေးနိုင်ခဲ့ပါဘူး။  ဂါနာချိုက Final Decision မကောင်းသေးတဲ့၊ လိုအပ်သေးတဲ့ ကစားသမားပါ။ အန်တိုနီ ကတော့ အထွေအထူး ပြောနေစရာကို မလိုတော့ပါဘူး။ သူကိုယ်တိုင်တောင် ဘာဖြစ်ချင်နေမှန်း မသိတဲ့ ကစားပုံနဲ့ တိုက်စစ်ကို နှေးသွား၊ တုံ့သွားစေတာ အကြိမ်ကြိမ်ပါပဲ။

ဒီပွဲက တစ်သင်းလုံးရဲ့ အပြစ် ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ အပြစ်လည်း မကင်းပါဘူး။ နောက်ပြီး ဂိုးပေါက်တည့်တာနဲ့ ဂိုးဖို့ ရာခိုင်နှုန်း တော်တော်လေး များနေတဲ့ အိုနာနာ အတွက် တန်ဟက်ဂ် တစ်ခုခု လုပ်သင့်ပါပြီ။ အချို့သော နေရာတွေမှာ လိုအပ်တာထက် ပိုပြီး ယုံကြည်ပေးတာက အသင်းကိုရော၊ ကစားသမား ကိုရော ဆွဲချရာ ရောက်ပါတယ်။ ဒါကို တန်ဟက်ဂ် နားလည်ဖို့ လိုအပ်ပါတယ်။ အခု ယူနိုက်တက်က နားလည်ရ ခက်သလို မှန်းဆရလည်း ခက်နေပါပြီ။ ကစားကွက် အံဝင်တဲ့နေ့၊ လူစာရင်းမှန်ကန်တဲ့နေ့ ဆိုရင် ကစားပုံရော၊ ရလဒ်ပါ ကောင်းပြီး မဟုတ်ရင်တော့ အရမ်းဆိုးရွားလို့ နေပါတယ်။

ပရီးမီးယားလိဂ်
AFC ဘုန်းမောက်
လုတန် တောင်း
1X2 ဘုန်းမောက် AFC @ 1.40
ဂိုးပေါင်း 2-3 @ 2.03
ဂိုးပေါ် 3.00 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီတစ်ပတ် ပရီးမီးယားလိဂ် ရှုံးပွဲက ပရိသတ်‌တွေကို စိတ်အပျက်ကြီး ပျက်စေခဲ့ကာ ကွင်းထဲနေ စောစောထွက်သွားတဲ့သူတွေ မနည်းပါဘူး။ ဆက်ကြည့်နေလို့လည်း ဘာမှမထူးတော့ဘူး ဆိုတာကို သိတဲ့နောက် အချိန်ကုန်မခံတော့တာပါ။ ဒါက အသင်း အတွက် တကယ် အရှက်ရဖို့ ကောင်းပါတယ်။ ဒီလိုမျိုးတွေ ခဏခဏ ဖြစ်နေခဲ့ပေမယ့် မပြင်ဆင်နိုင်ခဲ့သလို ထပ်ဖြစ်နေတုန်းပါပဲ။ ဒီပုံစံအတိုင်း ဆိုရင် ယူနိုက်တက် ပွဲတွေကို ကြည့်ဖို့ တွန့်ဆုတ်နေ၊ ကြည့်ချင်စိတ် မရှိတော့တဲ့ ပရိသတ်တွေ ပိုပိုတိုးပွားလာမှာ သေချာပါတယ်။ အသင်း ကိုယ်တိုင်က ဘာဖြစ်ချင်နေမှန်း မသိတော့တဲ့ အချိန်မှာ ပရိသတ်တွေပါ လမ်းပျောက်နေရပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်