နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ် အတွက် အပြင်းအထန် လေ့ကျင့်နေတဲ့ မက်ဂွိုင်းယား (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အပြင်းအထန် လေ့ကျင့်နေတဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ကတော့ ပေါ်တူဂီ နောက်ခံလူဟောင်း ကာဗယ်ဟို ဆီကပါ အကူအညီတွေ ယူပြီး လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ၃ ပတ်အတွင်းမှာ သူက တစ်ရက်ကို ၃ ကြိမ်နှုန်းနဲ့ လေ့ကျင့်နေခဲ့ပြီးတော့ ကာဗယ်ဟိုနဲ့ တစ်ဦးချင်းစီ လေ့ကျင့်မှုတွေ လုပ်နေတာပါ။ သူ့ရဲ့ နေရာ အတွက် အရှုံးပေးမှာ မဟုတ်ဘဲ တိုက်ပွဲဝင်သွားဖို့ အတွက် အကောင်းဆုံး ကြိုးစားနေတာ လို့လည်း ဆိုပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလား 2023
နယူးဇီလန်
နော်ဝေး
1X2 နယူးဇီလန် @ 5.80
နော်ဝေး အာရှ ဟန်းဒီးကပ် -1.75 @ 2.06
ဂိုးပေါ် 3.00 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မက်ဂွိုင်းယားဟာ အခု တစ်ပတ်ထဲမှာပဲ သူ့ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အကြိုက် မတွေ့ဘဲ အရန်ခုံပို့ထားခဲ့သလို အခုလည်း အသင်းခေါင်းဆောင် ရာထူးကို ပြန်လည် ရုတ်သိမ်းသွားဖို့ အတွက် စီစဉ်နေကာ ဘရူနို ဖာနန်ဒက်စ်ကို ပေးအပ်သွားဖွယ် ရှိနေပါတယ်။ 

မက်ဂွိုင်းယားကို ပရီးမီးယားလိဂ် ကလပ်က ရောင်းထုတ်ချင်နေပေမယ့် ကစားသမား ကတော့ သူ့ရဲ့ နေရာ အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ကိုပဲ ပစ်မှတ်ထားနေပါတယ်။ သူက အသင်း ကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားလို့ လာမယ့် ရာသီ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းမှာ သူ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပါ။ 


အလီကို ကူညီပေးချင်နေတဲ့ ပိုချက်တီနို

ချဲလ်ဆီး နည်းပြသစ် မော်ရီစီယို ပိုချက်တီနိုက တော့တင်ဟမ်ဟော့စပါးမှာ လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်လူ ဒယ်လီ အလီကို ကူညီပေးချင်တယ်လို့ ဆိုပါတယ်။ အလီ ကတော့ လက်ရှိမှာ အဲဗာတန် အတွက် ကစားပေးနေပြီး သူ့ရဲ့ ကစားသမားဘဝက တော်တော်လေးနိမ့်ကျနေခဲ့တာ ဖြစ်ပါတယ်။ 

ပိုချက်တီနိုက “ ကျနော် ဒယ်လီ အလီနဲ့ တွေ့သွားဖို့ ရှိနေပြီး သူ့ အခြေအနေကို မြင်ချင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ သူက လူကောင်းလေး တစ်ဦးပါ၊ သူနဲ့ စကားနည်းနည်းပါးပါး ပြောကြည့်ဦးမယ်၊ ပြီးတော့ သူ့ကို ကျနော် ကူညီချင်တယ်၊ သူ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကိုလည်း ကျနော် သိချင်တယ်” လို့ ဖွင့်ဟခဲ့တာပါ။ 

အလီဟာ စပါးမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးမှ ကြိုးစားအားထုတ်မှု နည်းပါးခဲ့လို့ ခြေစွမ်း ကျဆင်းလာခဲ့ကာ အငှားနဲ့ ထွက်ကစားရတာတွေပါ ရှိခဲ့ပါတယ်။ အဲဗာတန် မှာလည်း အဆင်မပြေ ဖြစ်နေပြီး တူရကီ ကလပ် ဘက်ဆီးတပ်ကို အငှားသွားကစားပြီး ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။


ဒီဘားလားကို ချဲလ်ဆီးဆီ လာဖို့ စည်းရုံးနေတဲ့ သီယာဂို ဆေးလ်ဗား

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နောက်ခံလူ သီယာဂို ဆေးလ်ဗားက ရိုးမား တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို သူတို့ အသင်းဆီ ပြောင်းရွှေ့လာဖို့ အတွက် စည်းရုံးနေပါတယ်။
ချဲလ်ဆီးကို လာဖို့ ဒီဘားလားကို စည်းရုံးခဲ့တဲ့ သီယာဂို ဆေးလ်ဗား

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နောက်ခံလူ သီယာဂို ဆေးလ်ဗားက ရိုးမား တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို သူတို့ အသင်းဆီ ပြောင်းရွှေ့လာဖို့ အတွက် စည်းရုံးနေပါတယ်။ ရိုးမားနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် ဒီဘားလားဟာ စာချုပ် ဖျက်သိမ်းကြေး ယူရို ၁၂ သန်း တည်းသာ ရှိလို့ သူ့ကို ခေါ်ယူဖို့က လွယ်ကူနေတာ ဖြစ်ပါတယ်။ 

ဆေးလ်ဗားက “ ချဲလ်ဆီးကို လာမလားလို့ ပေါ်လို ဒီဘားလားကို ကျနော် မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် သူ အဖြေ ပြန်မပေးခဲ့ပါဘူး၊ သူက ထိပ်တန်းကစားသမား တစ်ဦးပါ၊ သူ့ကိုသာ ခေါ်လိုက်နိုင်မယ် ဆိုရင် ဒါက ကျနော်တို့ အတွက် ကြီးမားတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ၊ သူ့ကို လာစေချင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။ 

ဒီဘားလား ကတော့ သူ ရိုးမားမှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုထားပေမယ့် ချဲလ်ဆီး ကသာ အမှန်တကယ် ကမ်းလှမ်းလာရင် စဉ်းစားသွားဖွယ် ရှိနေပါတယ်။ ဒီဘားလားက ပြီးခဲ့တဲ့ ရာသီမှာ ရိုးမား အတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်အောင် ကူညီနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်