နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာမှာ အဆင်ပြေတယ် ဆိုပြီး ယူနိုက်တက်ကို ကြိုငြင်းလိုက်တဲ့ ဒီယောင်၊ ဆရာဟောင်း မော်ရင်ဟိုကို ချစ်တယ်လို့ ဆိုလိုက်တဲ့ လာမယ်လာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဘာစီလိုနာမှာ အဆင်ပြေတယ် ဆိုပြီး ယူနိုက်တက်ကို ကြိုငြင်းလိုက်တဲ့ ဒီယောင်၊ ဆရာဟောင်း မော်ရင်ဟိုကို ချစ်တယ်လို့ ဆိုလိုက်တဲ့ လာမယ်လာ စတဲ့ သတင်းတွေ အပါအဝင် မေလ ၂၂ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာမှာ အဆင်ပြေတယ် ဆိုပြီး ယူနိုက်တက်ကို ကြိုငြင်းလိုက်တဲ့ ဒီယောင်

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် ကတော့ လာမယ့် နွေရာသီကျရင် သူ့ကို မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းမှုတွေ မလုပ်ခင်မှာပဲ ဘာဆာမှာ သူ အဆင်ပြေတယ်လို့ ကြိုတင် ပြောဆိုလိုက်ပါတယ်။ ဒီယောင်ဟာ မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အဓိက ပစ်မှတ် ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကတည်းက ပရီးမီးယားလိဂ် ကလပ်က ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင်က ဘာစီလိုနာမှာပဲ ဆက်လက် ကစားချင်တယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုတွေကို ငြင်းဆန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီယောင် အတွက် အချိန် ၂ လ ကျော် ကြာအောင် ကြိုးစားခဲ့ပေမယ့် ခေါ်ယူနိုင်ခြင်း မရှိခဲ့ဘဲ သူတို့ရဲ့ အပြောင်းအရွှေ့ ကိုင်တွယ်မှု အပေါ် ပရိသတ်တွေကပါ ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

အခုအခါလည်း ဒီယောင်က “ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူရိုသန်း ၈၀ နဲ့ အသင်းက ကျနော့်ကို ထွက်ခွာစေချင်တယ်လို့ ခံစားရလား ဆိုရင် ဘယ်လိုတွေ ဖြစ်ခဲ့လဲတော့ ကျနော် မသိဘူး၊ လာမယ့် နွေရာသီနဲ့ ကွဲပြားခြားနားနိုင်ပါတယ်၊ ဒါပေမယ့် ကျနော် ကတော့ ဘာစီလိုနာမှာ အကုန် အဆင်ပြေနေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
ပါတေးက ရိုဒရီရဲ့ ဖိနပ်ကြိုးကို ချည်ပေးဖို့တောင် မတန်ဘူးလို့ ဝေဖန်ခဲ့တဲ့ ဒါရင်းဘန့်

လာလီဂါ
ရီးရဲလ်မက်ဒရစ်
ဗယ်လက်ကာနို
ပထမပိုင်း 1X2 ရီးယဲလ်မက်ဒရစ် @ 2.31
ဗယ်လက်ကာနို အာရှ ဟန်းဒီးကပ် 0.75 @ 2.06
ဂိုးပေါ် 3.00 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်က အာဆင်နယ် ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ ဖိနပ်ကို ကြိုးချည်ပေးဖို့တောင်မှ မထိုက်တန်ဘူးလို့ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ပါတေးနဲ့ ရိုဒရီ တို့ဟာ အက်သလက်တီကိုမက်ဒရစ်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ပြီး အခုတော့ ပြိုင်ဘက်တွေ ဖြစ်နေခဲ့ပါပြီ။

ဒီရာသီမှာ ပါတေးက အာဆင်နယ် အတွက် အစောပိုင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေ မှာတော့ ပုံမှန်ခြေစွမ်းတွေ ရဖို့ ရုန်းကန်နေရပါတယ်။ တဖက်မှာတော့ ရိုဒရီက မန်စီးတီး အတွက် ထူးရှယ် ခြေစွမ်းပြနေပြီး အသင်းနိုင်ပွဲတွေမှာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားလို့ သတ်မှတ်ခံနေရပါတယ်။

“ ရိုဒရီက အနည်းဆုံး ပေါင်သန်း ၁၅၀ လောက်တော့ တန်မှာပါ၊ ဒါက ဘာလဲဆိုရင် ရိုဒရီက တိုက်စစ်ကို ကစားနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊ ကွင်းလယ်ကို ထိန်းညှိပေးနိုင်ပြီး ပွဲကို အတင်အချ လုပ်နိုင်တဲ့သူပါ၊ မှန်ကန်တဲ့ ပေးပို့မှုကို ရွေးချယ်ပြီးတော့ အရမ်းလည်း သန်မာတယ်၊ ဘောလုံးကို ဘယ်တော့မှ အဝေးကို မပေးဘူး၊ ငါ့အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပဲ”

“ သူ့ထက်ပိုပြီးတော့ ဘယ်သူမှ ပိုကောင်းမယ် မထင်ပါဘူး၊ ရာသီအစမှာ ကတော့ ကျနော် မှားခဲ့တယ်၊ ပါတေးကို ကျနော် အထင်ကြီးခဲ့တယ်၊ လက်ရှိမှာ သူက ရိုဒရီရဲ့ ဖိနပ်ကို ကြိုးချည်ပေးဖို့တောင်မှ မထိုက်တန်တော့ပါဘူး” လို့ ဒါရင်း ဘန့်က ပြောဆိုသွားခဲ့ပါတယ်။


ဆရာဟောင်း မော်ရင်ဟိုကို ချစ်တယ်လို့ ဆိုလိုက်တဲ့ လာမယ်လာ

သူတို့ နှစ်ဦးဟာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးမှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပြီး အခုတော့ ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေ အဖြစ်နဲ့ ရင်ဆိုင်ရတော့မှာပါ။
ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေ အဖြစ် တွေ့ဆုံရတော့မယ့် မော်ရင်ဟိုနဲ့ လာမယ်လာ

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မော်ရင်ဟိုရဲ့ ရိုးမား အသင်းနဲ့ ရင်ဆိုင်ရတော့မယ့် အချိန်မှာပဲ ဆီဗီလာ တောင်ပံ ကစားသမား အဲရစ်ခ် လာမယ်လာက ပြိုင်ဘက် နည်းပြ အပေါ် သူ ချစ်ခင်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ သူတို့ နှစ်ဦးဟာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးမှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပြီး အခုတော့ ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေ အဖြစ်နဲ့ ရင်ဆိုင်ရတော့မှာပါ။

လာမယ်လာက “ ရောမမှာ ကျနော့် သူငယ်ချင်းတွေ အများကြီး ရှိပါတယ်၊ သူတို့နဲ့လည်း အဆက်အသွယ် မပြတ်ပါဘူး၊ ဆီမီးဖိုင်နယ် မတိုင်ခင်မှာ သူတို့ထဲက တချို့နဲ့ ကျနော် စကားပြောဖြစ်ခဲ့ပါသေးတယ်၊ အခုကတော့ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ ကိုပဲ တွေးရတော့မှာပါ၊ ဒီပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားမှာပါ”

“ ဒါက ထူးခြားပါတယ်၊ မော်ရင်ဟိုက ရိုးမားကို သန်မအောင် တည်ဆောက်နိုင်ခဲ့ပြီး နည်းပြကောင်း တစ်ဦးပါ။ သူ့ကို ကျနော် ချစ်မြတ်နိုးပါတယ်၊ သူကလည်း အဲလိုပါပဲ၊ သူနဲ့ ကျနော့် ကြားမှာ ဆက်ဆံရေးက လှပပါတယ်၊ သူနဲ့ အတူ လက်တွဲခဲ့တုန်းကလည်း ကောင်းမွန်ခဲ့ပါတယ်၊ ဘူဒါပက်စ် (ယူရိုပါလိဂ် ဗိုလ်လုပွဲ ကန်မယ့်မြို့) ကိုလည်း ရည်မှန်းချက်ချင်း အတူတူနဲ့ ရောက်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်