နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရိုက်တန်ကို အိမ်ကွင်း ရှုံးကြွေး ပြန်ဆပ်မယ့် အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – ဘရိုက်တန်

ဒီတပတ် အခုတစ်ပတ် စူပါဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားဖို့ ရှိပြီး အာဆင်နယ်-ဘရိုက်တန် ပွဲကတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှ ဖြစ်ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လုံးဝ လက်မလျှော့သေးသလို ဘရိုက်တန် ကလည်း ယူရိုပါလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ရှိနေလို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ အာဆင်နယ်တို့ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာကို နယူးကာဆယ်နဲ့ အတွေ့မှာ ပေါက်ကွဲပြခဲ့ပြီး ကစားရခက်ပါတယ် ဆိုတဲ့ စိန့်ဂျိမ်းစ်ပါ့ခ် ရောက်မှ Clean Sheet နိုင်ပွဲ ရခဲ့ပါတယ်။ နည်းပြ မီခဲလ် အာတေတာ တစ်ယောက် ကစားသမားတွေကို အဆုံးထိ တိုက်ပွဲဝင်ကြဖို့ တွန်းအား ပေးထားပုံရပြီး ခပ်ကြမ်းကြမ်း ကစားတဲ့ ကာဆယ်ကို ဂန်းနားတို့ ပါးပါးနပ်နပ်နဲ့ အနိုင်ယူပြသွားတာ ကတော့ အထင်ကြီးစရာပါပဲ။ 

အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လုံးဝ လက်မလျှော့သေးသလို ဘရိုက်တန် ကလည်း ယူရိုပါလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ရှိနေလို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။
ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးထားတဲ့ အာဆင်နယ်

ဘရိုက်တန် ကတော့ ရော်ဘတ်တို ဒီဇာဘီရဲ့ ပဲ့ကိုင်မှု အောက်မှာ ရှိတာလေးနဲ့ လှအောင် လုပ်ပြနေဆဲ ဖြစ်ပြီး အသင်းကြီးတွေကို ဆိုရင် ပိုပြီး ဒုက္ခပေးနိုင်စွမ်း ရှိတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဘရိုက်တန်တို့ ယူနိုက်တက်၊ ဝုဗ်နဲ့ ချဲလ်ဆီး တို့ကို နိုင်ပြီး ဖောရက်စ်နဲ့ အဲဗာတန် ကိုတော့ ရှုံးထားပါတယ်။ အဲဗာတန်ကို အိမ်ကွင်းမှာ ၁-၅ ရလဒ်နဲ့ ရှုံးတာ ကတော့ အခြေအနေ တော်တော်လေး ဆိုးပေမယ့် တော်ဖီတွေရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့်လည်း ပါပါလိမ့်မယ်။ နည်းပြ ဒီဇာဘီ ကတော့ ဒီပွဲမှာ ဘရိုက်တန်ရဲ့ စစ်မှန်တဲ့ ခြေစွမ်းကို ထုတ်ပြမယ်လို့ ကြုံးဝါးထားပြီး ဂန်းနားတွေကို အမှန်တကယ်ပဲ ခက်ခဲစေနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သတင်းတွေအရ အာဆင်နယ် ခံစစ်က ဆလီဘာနဲ့ တိုမီယာဆုတို့ ကစားနိုင်ဦးမှာ မဟုတ်တဲ့ အပြင် ဇင်ချန်ကို ကလည်း လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဘရိုက်တန် ဘက်ကတော့ လယ်လာနာ၊ ဝက်ဘ်စတား၊ မိုဒါ၊ ဗဲလ်မန်း၊ ဆာမီရန်တို၊ မက်ချ်၊ လမ့်ပ်တေး တို့ လွဲချော်ဖို့ ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ဂါဘရီရယ်၊ ကီဗီယော၊ တီယာနေး၊ ဝှိုက်၊ ဂျော်ဂျင်ဟို၊ ချာကာ၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဂျေဆုစ်

ဘရိုက်တန် – စတီးလ်၊ ကိုဝဲလ်၊ ဒန့်ခ်၊ အက်စ်တူပီနန်၊ ဂရော့စ်၊ ကိုင်စီဒို၊ အယ်လစ္စတာ၊ အန်စီဆို၊ မီတိုမာ၊ ဂေးလ်မော၊ ဖာဂူဆန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ဘရိုက်တန်ကို ၃ ပွဲ အနိုင်ရခဲ့ပြီး ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။ ဒီရာသီ မှာတော့ ၃ ကြိမ်မြောက် တွေ့ဆုံတာ ဖြစ်ပြီးတော့ ပထမအကျော့မှာ အာဆင်နယ်က ၂-၄ နဲ့ အနိုင်ရခဲ့ပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား တတိယအဆင့် မှာတော့ ဘရိုက်တန်က ၁-၃ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း အာဆင်နယ် အိမ်ကွင်းမှာ ဘရိုက်တန်တို့ ၁-၂ နဲ့ အနိုင်ရထားပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ အနည်းဆုံး ၂ ဂိုး သွင်းတဲ့ ပွဲက ၁၀ ပွဲအထိ ရှိထားပြီး နောက်ဆုံး ၁၃ ပွဲမှာ ၁၂ ပွဲ အနိုင်ရကာ မန်စီးတီး ကိုပဲ အရေးနိမ့်ထားပါတယ်။ နှစ်သင်းစလုံး နောက်ဆုံး ၅ ပွဲမှာ ဂိုးမပေါ်တာ ၁ ပွဲပဲ ရှိခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ အာဆင်နယ် အတွက် ၁.၇၄ ဆ၊ ဘရိုက်တန် အတွက် ၄ ဆ နီးပါး ကြေးဖွင့်ပေးထားပါတယ်။ Handicap မှာ အာဆင်နယ် သရေ တစ်ဝက် ရှုံးလောက် ပေါက်နေပြီးတော့ ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးလောက် ပေါက်နေတာ တွေ့ရပါတယ်။ ဘရိုက်တန်က အသင်းကြီးတွေနဲ့ တွေ့ရင် မာကျောလေ့ပေမယ့် ကာဆယ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး စိတ်ဓာတ် တက်နေတဲ့ အာဆင်နယ် ကိုတော့ အသာရဖို့ မလွယ်ပါဘူး။ အာဆင်နယ်တို့ မနှစ်က အိမ်ကွင်း ရှုံးကြွေးကို ပြန်ဆပ်ပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိနိုင်တာကြောင့်လည်း ဂိုးပေါ် ကြိုက်ပါတယ်။


ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ ဘရိုက်တန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်