နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အမှုန့် ကြိတ်ပစ်လိမ့်မယ် ဆိုတဲ့ ဝိန်းရွန်နီ၊ ဘူးစကွက်စ် နေရာမှာ အစားထိုးရမယ့် ကစားသမားကို ခေါ်ဖို့ ပိုက်ဆံမရှိတဲ့ ဘာဆာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အမှုန့်ပါ ကြိတ်ပစ်လိမ့်မယ် ဆိုတဲ့ ဝိန်းရွန်နီ၊ ဘူးစကွက်စ် နေရာမှာ အစားထိုးရမယ့် ကစားသမားကို ခေါ်ဖို့ ပိုက်ဆံမရှိတဲ့ ဘာဆာ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၈ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အမှုန့်ပါ ကြိတ်ပစ်လိမ့်မယ် ဆိုတဲ့ ဝိန်းရွန်နီ

မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားဟောင်း ဝိန်းရွန်နီက လာမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးက လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ချေမှုန်းလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။

မန်စီးတီး ကတော့ ဒီရာသီမှာ အဓိက ဆုဖလား ၃ လုံးကို တပြိုင်တည်း ရယူနိုင်တဲ့ အခွင့်အရေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အမှတ်ပေးဖလား အတွက်လည်း အာဆင်နယ်ကို ၁ မှတ် အသာနဲ့ ဦးဆောင်နေပြီး အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲ ရောက်ရှိနေကာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဖလား အတွက် ရီးရဲလ်ကို ကျော်ဖြတ်ရမှာလည်း ဖြစ်ပါတယ်။

ရွန်နီက “ တကယ်လို့သာ မန်စီးတီးက ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့မယ် ဆိုရင် သူတို့က ၁၉၉၉ တုန်းက ယူနိုက်တက်လို အသင်းမျိုးလို့ သတ်မှတ်ရမှာပါပဲ၊ ၂၀၀၈ တုန်းက ကျနော်တို့ အသင်း ကလည်း ခမ်းနား ကြီးကျယ်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း မန်စီးတီး လုပ်နေတာတွေက ကျနော်တို့ထက်ကို ပိုပါတယ်၊ သူတို့ မက်ဒရစ်ကို အနိုင်ရမှာပါ၊ သူတို့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရုံတင် မဟုတ်ပါဘူး၊ အမှုန့်ပါ ကြိတ်ပစ်မှာပါ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။


ဘူးစကွက်စ် နေရာမှာ အစားထိုးရမယ့် ကစားသမားကို ခေါ်ဖို့ ပိုက်ဆံမရှိတဲ့ ဘာဆာ

ဘာစီလိုနာ ကတော့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ်ရဲ့ နေရာကို အစားထိုးဖို့ အတွက် ကစားသမားတွေ ရှာဖွေနေခဲ့ပေမယ့် အခုအခါမှာ ဝယ်ယူဖို့ အတွက် ပိုက်ဆံ မရှိဘူးလို့ သိရပါတယ်။ လာလီဂါ ကလပ်ဟာ ဘူးစကွက်စ် နေရာ အတွက် အီတလီ စီးရီးအေ ကလပ် ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ပစ်မှတ်ထားနေတာပါ။

လာလီဂါ ကလပ်ဟာ ဘူးစကွက်စ် နေရာ အတွက် အီတလီ စီးရီးအေ ကလပ် ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ပစ်မှတ်ထားနေတာပါ။
ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

ဒါပေမယ့် အဆိုပါ ကစားသမားကို ဖီအိုက စျေးပေါပေါနဲ့ ရောင်းထုတ်မှာ မဟုတ်ဘဲ သူတို့လိုချင်တဲ့ စျေးနှုန်းကို ပေးချေရဖို့ ရှိနေပါတယ်။ ကစားသမား ကလည်း အသင်းပြောင်းချင်နေပေမယ့် ဘာစီလိုနာ ကသာ ငွေပေးချေနိုင်တာ မရှိရင်တော့ အခက်တွေ့ဖွယ်ရာ ရှိနေကာ အပြောင်းရွှေ့ ဖြစ်ပေါ်လာနိုင်ချေက နည်းပါးသွားပါလိမ့်မယ်။

ဘာစီလိုနာဟာ ဘဏ္ဍာရေး ပြသနာတွေကို ကြီးကြီးမားမား ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ရှိရင်းစွဲ ကစားသမားတွေကို ရောင်းချပြီးမှသာ ကစားသမားသစ်တွေ ခေါ်ယူရဖွယ် ရှိပါတယ်။ ဘူးစကွက်စ် နေရာ ကတော့ မဖြစ်မနေ အစားထိုးရတော့မှာ ဖြစ်လို့ အရေးပါတဲ့ နေရာလို့ ဆိုနိုင်ပါတယ်။


မန်စီးတီး ဘယ်ခြမ်းခံစစ်ကစားသမားတွေကို သတိပေးလိုက်တဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် ကစားသမား ရိုဒရီဂိုက သူဟာ မန်စီးတီး ဘယ်နောက်ခံလူတွေ ကစားပုံကို စောင့်ကြည့်နေခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ အိုဆာဆူနာ ဘက်ကို အတွက် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့ကာ ခြေစွမ်းပြခဲ့ပြီးနောက် ရိုဒရီဂိုက အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး ဒါဟာ မန်စီးတီး နောက်ခံလူတွေ အတွက်တော့ သတိပေးသံ ဖြစ်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးရဲလ်မက်ဒရစ်
မန်ချက်စတာစီးတီး
1X2 ရီးရဲလ်မက်ဒရစ် @ 2.83
ဂိုးပေါ် 3.00 @ 2.14
ဂိုးပေါင်း 0-1 @ 3.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းမှာ ဘယ်နောက်ခံလူ နေရာကို နသန် အေခီက ကစားပေးနေတာ ဖြစ်ပါတယ်။ ၃ ယောက်တန်း ခံစစ်ကို အသုံးပြုနေတဲ့ ဂွာဒီယိုလာက အေခီ မကစားနိုင်ချိန်မှာဆို ဗဟိုခံစစ်မှူး ၃ ဦးနဲ့ ကစားနေခဲ့ပြီး ဘယ်ခြမ်း နေရာမှာတော့ အာကန်ဂျီက ဝင်ရောက် ကစားပေးလေ့ ရှိပါတယ်။

ရိုဒရီဂိုက “ ကျနော်နဲ့ ရင်ဆိုင်ရမယ့် မန်စီးတီး အသင်းရဲ့ ဘယ်နောက်ခံကစားသမားကို ကျနော် စောင့်ကြည့်နေခဲ့ပါတယ်” လို့ ပြောဆိုခဲ့တာပါ။ အေခီ ကတော့ လက်ရှိမှာ ဒဏ်ရာရရှိထားပြီး ရီးရဲလ်နဲ့ ပွဲအမီ ကြံ့ခိုင်မှု ပြည့်၀မလား ဆိုတာ မသိရသေးဘဲ သူမကစားနိုင်ရင်တော့ အာကန်ဂျီက ရိုဒရီဂိုနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖွယ်ရာ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်