နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေမာကို ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာကို တံခါးဖွင့်ပေးလိုက်တဲ့ ပီအက်စ်ဂျီ၊ မန်စီးတီးကို ကျော်ပြီး ဘယ်လင်ဟမ်ကို အရ ခေါ်ယူနိုင်တော့မယ့် ရီးရဲလ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

နေမာကို ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာကို တံခါးဖွင့်ပေးလိုက်တဲ့ ပီအက်စ်ဂျီ၊ မန်စီးတီးကို ကျော်ပြီး ဘယ်လင်ဟမ်ကို အရ ခေါ်ယူနိုင်တော့မယ့် ရီးရဲလ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၅ ရက်နေ့ရဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နေမာကို ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာကို တံခါးဖွင့်ပေးလိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ တိုက်စစ်မှူး နေမာကို အငှား ဒါမှမဟုတ် အပြီးသတ် ရောင်းချဖို့ အတွက် စီစဉ်နေပြီး အသင်းဟောင်း ဘာစီလိုနာ ဘက်ကသာ စိတ်ဝင်စားရင် တံခါးဖွင့်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နေမာ ကတော့ ၂၀၁၇ တုန်းက လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ပီအက်စ်ဂျီကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူပါ။ 

လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ နေမာကို ပီအက်စ်ဂျီ ပရိသတ်တွေက အသင်း ကနေ ထွက်သွားဖို့ အတွက် အိမ်ရှေ့ထိ သွားကာ အော်ဟစ် မောင်းထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် နေမာ ကလည်း အသင်း ကနေ ထွက်ဖို့ ဖြစ်နိုင်ချေ အများကြီးရှိနေသလို ပီအက်စ်ဂျီက သူ့ကို ဝယ်ယူတုန်းက ယူရို ၂၂၂ သန်း ပေးခဲ့ရလို့ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးတော့ အလို ရှိနေပါတယ်။ 

နေမာကို ချဲလ်ဆီးက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးလို့ ငွေကို ရေလိုသုံးနေတဲ့ တော့ဒ် ဘိုလေ အနေနဲ့ ပစ်မှတ်ထားလာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ဆန္ဒ ကသာ အဓိက ကျနေပြီး နေမာ တစ်ယောက် ပရီးမီးယားလိဂ်ကို ပထမဆုံး အကြိမ် လာရောက် ကစားမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

ဘန်ဒက် လီဂါ
လေဗာကူဆင်
ကိုးလ်
1X2 သရေ (Draw) @ 4.00
ဂိုးပေါ် 2.75 @ 2.00
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကာဒစ်ဇ်ကို ၂ ဂိုးသွင်းပြီးတဲ့နောက် နောက်ပြောင် ကျီစယ်ခဲ့တဲ့ ဂရစ်ဇ်မန်း

အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အန်တွမ် ဂရစ်ဇ်မန်းဟာ ကာဒစ်ဇ်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်း အတွက် ၂ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲက အက်သလက်တီကိုကို လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ရောက်ရှိစေခဲ့ပြီး မြို့ခံ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ အထက်မှာ ရပ်တည်စေခဲ့ပါတယ်။ 

ပွဲအပြီးမှာ ဂရစ်ဇ်မန်းက “ ဧပြီလ အတွက် အကောင်းဆုံး ကစားသမားဆုကို ကျနော် မရခဲ့လို့ ဒေါသထွက်ခဲ့ပါတယ်၊ ဒါကြောင့် ကျနော့် ဒေါသတွေကို ပွဲစတာနဲ့ ပြသဖို့ အတွက် ဆန္ဒရှိခဲ့တာပါ၊ ဒီနေ့ပွဲ အတွက် ကျနော် ပျော်ရွှင်ပါတယ်၊ ငါးဂိုး သွင်းနိုင်ခဲ့ပြီး ပွဲကောင်း တစ်ပွဲ ကိုလည်း ကစားနိုင်ခဲ့ပါတယ်၊ ဒီပုံစံကို ဆက်လက် ထိန်းသိမ်းထားရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။ 

ဂရစ်ဇ်မန်း ကတော့ ဒီရာသီမှာ အက်သလက်တီကိုမက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၁၄ ဂိုး အထိ သွင်းပေးထားပြီး လာလီဂါ သွင်းဂိုးက ၁၃ ဂိုး အထိ ရှိနေခဲ့ပါတယ်။ ဖန်တီးမှု ကတော့ ၁၅ ကြိမ် အထိ ရှိနေကာ အေတီကိုမှာ တကျော့ပြန် ကစားချိန် အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေခဲ့တာလည်း ဖြစ်ပါတယ်။ 


မန်စီးတီးကို ကျော်ပြီး ဘယ်လင်ဟမ်ကို အရ ခေါ်ယူနိုင်တော့မယ့် ရီးရဲလ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ ဒေ့ါမန် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိလုနီးပါး ဖြစ်နေပါပြီ။ အင်္ဂလန်သားကို မန်ချက်စတာစီးတီး ကလည်း စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ရာ စောင့်ကြည့်နေချိန်မှာ ရီးရဲလ်မက်ဒရစ်က လက်ဦးမှု ရယူနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ သူတို့ အသင်း ကွင်းလယ်ပိုင်းကို အားဖြည့်နိုင်တော့မှာ ဖြစ်ပါတယ်။ 

ဒါဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် မန်စီးတီးကို ရီးရဲလ်မက်ဒရစ်က အသာစီးရယူနိုင်ခဲ့တာလို့ အားလုံးက မှတ်ချက်ပြုခဲ့ကြပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် တစ်ပတ်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို ကစားရတော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက မကျေပွဲကို ပြန်နွှဲရတော့မှာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် မှာတုန်းက မန်စီးတီးတို့ အနိုင်ရကာ ဗိုလ်လုပွဲကို တက်နိုင်တော့မယ့် အချိန်မှာပဲ ရီးရဲလ်က နောက်ကျ ချေပဂိုးတွေ သွင်းယူကာ အချိန်ပိုထိ ဆက်ကစားခဲ့ပြီးနောက် အနိုင်ရရှိခဲ့တာပါ။ ဒီရာသီ မှာတော့ မန်စီးတီးက ခြေစွမ်းကောင်းတွေ ပြသနေပြီး ဆုဖလား ရယူနိုင်ဖို့ အထိပါ ရေပန်စားနေခဲ့ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်