နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန် ဂိုးသမားကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်၊ အလုပ်ကနေ နှုတ်ထွက်သွားတဲ့ နေဂဲလ်စ်မန်းရဲ့ ချစ်သူ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန် ဂိုးသမားကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်၊ အလုပ်ကနေ နှုတ်ထွက်သွားတဲ့ နေဂဲလ်စ်မန်းရဲ့ ချစ်သူ စတဲ့ သတင်းတွေ အပါအဝင် မတ် ၃၁ ရက်နေ့ ညနေခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန် ဂိုးသမားကို ဆက်တိုက် စောင့်ကြည့်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ဂိုးသမား ဂရီဂေါ် ကိုဘယ်လ်ကို ဆက်တိုက် စောင့်ကြည့်နေပြီး ခေါ်ယူသင့်၊ မခေါ်ယူသင့် ကိုလည်း ချင့်ချိန် တွက်ဆနေတယ်လို့ သိရပါတယ်။

ကိုဘယ်လ်ဟာ အနာဂတ်မှာ တောက်ပလာမယ့် ဂိုးသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး သူ့ကို ခေါ်ယူဖို့ ယူနိုက်တက် အပြင် ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ယူနိုက်တက်က သူတို့ရဲ့ အဓိက ဂိုးသမား ဒါးဗစ် ဒဟဲယားကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေသည့်တိုင်အောင် အဆင်မပြေသေးတဲ့ အတွက် စပိန်သားရဲ့ နေရာမှာ အစားထိုးဖို့ အတွက်လည်း ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အသက် (၂၅) နှစ် အရွယ် ဆွစ်ဇာလန် ဂိုးသမား အတွက်တော့ ဒေါမန် ဘက်က ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း သတ်မှတ်ထားပါတယ်။ အကယ်၍ ဒဟဲယားသာ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ရင် ယူနိုက်တက်တို့ ကိုဘယ်လ်ကို အမှန်တကယ် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။


လေဗာကူဆင် ကစားသမားရဲ့ ချီးကျူးခြင်းကို ခံလိုက်ရတဲ့ အလွန်ဆို

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ တောင်ပံ ကစားသမား ဂျရယ်မီ ဖရင်ပေါင် ကတော့ သူ့အသင်းရဲ့ နည်းပြ ဇာဘီ အလွန်ဆိုကို ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

စပိန် လက်ရွေးစင်ဟောင်း အလွန်ဆိုက ဒီရာသီမှ လေဗာကူဆင်ကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပေမယ့် ပုံစံကောင်း ရရှိအောင် တည့်မတ်ပေးထားနိုင်သလို ကစားသမားတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားသူ ဖြစ်ပါတယ်။

အလွန်ဆိုနဲ့ ပတ်သက်ပြီး ဖရင်ပေါင်က “ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်ရင် လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ အလွန်ဆိုက ထိပ်တန်း နည်းပြ တစ်ယောက် ဖြစ်ပြီးတော့ အသင်း အတွက် ခွန်အား အသစ်တွေ ပေးစွမ်းနိုင်သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဖရင်ပေါင်က သူတို့ အသင်းဟာ ဆက်လက် တိုးတက်အောင် လုပ်ဆောင်နေပြီးတော့ လက်ရှိရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း၊ လက်ရှိအချိန်ထိလည်း အသင်းက ယူရိုပါလိဂ်မှာ ရှိနေဆဲ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


အလုပ်ကနေ နှုတ်ထွက်ခဲ့တဲ့ နေဂဲလ်စ်မန်းရဲ့ ချစ်သူ

ဘေယန်မြူးနစ် အသင်း ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ ချစ်သူ မိန်းကလေး လီနာဝါဇန်ဘာဂါဟာ Bild သတင်းထောက် အဖြစ် ကနေ နှုတ်ထွက်ခဲ့ပြီလို့ သိရပါတယ်။

နေဂဲလ်စ်မန်းဟာ အဆိုပါ မိန်းကလေးနဲ့ ချစ်ကြိုက်ခဲ့တဲ့ နောက်ပိုင်း ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ အဝတ်လဲခန်း အတွင်း ကစားသမားတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နေဂဲလ်စ်မန်း ရာထူး ကနေ အထုတ်ခံခဲ့ရတာ ကလည်း အဆိုပါ မိန်းကလေးကြောင့် ဖြစ်တယ်လို့ ယူဆခဲ့ကြပြီး ဝါဇန်ဘာဂါက ဘေယန်မြူးနစ် အဝတ်လဲခန်း အတွင်း ကြီးမားတဲ့ ပြဿနာ ဖြစ်စေခဲ့တယ်လို့ သတင်းထောက်တွေက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

လက်ရှိ အချိန် မှာတော့ ဝါဇန်ဘာဂါ ကိုယ်တိုင် ကလည်း Bild သတင်းထောက် အဖြစ် ကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး နေဂဲလ်စ်မန်း နည်းတူ သူ့ရဲ့ ရာထူးကို လက်လွတ်ခံခဲ့ပြီလို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက အတည်ပြုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်