နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

King League ဗိုလ်လုပွဲမှာ မက်ဆီရဲ့ နာမည်ကို သီကြွေးခဲ့ကြတဲ့ ပရိသတ်များ၊ ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ လူစာရင်းက ထွက်ခဲ့တဲ့ ကော်တွိုက်စ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

King League ဗိုလ်လုပွဲမှာ မက်ဆီရဲ့ နာမည်ကို သီကြွေးခဲ့ကြတဲ့ ပရိသတ်များ၊ ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ လူစာရင်းက ထွက်ခဲ့တဲ့ ကော်တွိုက်စ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


King League ဗိုလ်လုပွဲမှာ မက်ဆီရဲ့ နာမည်ကို သီကြွေးခဲ့ကြတဲ့ ပရိသတ်များ

နူးကမ့်ပ် ကွင်းမှာ ကျင်းပတဲ့ ဂျရတ် ပီကေးရဲ့ King League ဗိုလ်လုပွဲမှာ ကွင်းလုံးပြည့် လာရောက် အားပေးတဲ့ ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီရဲ့နာမည်ကို သီကြွေးနေကြတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပျံနှံနေခဲ့ပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အခုအချိန်ထိ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးတာကြောင့် ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေဟာ အမျိုးမျိုး ထွက်ပေါ်နေတာပါ။

လက်ရှိအချိန်မှာ အသင်းဟောင်း ဘာစီလိုနာက မက်ဆီကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်း ဥက္ကဌ လာပေါ်တာ အပါအဝင် နည်းပြ ဇာဗီနဲ့ ကစားသမားတွေ ကလည်း မက်ဆီ အသင်းထံ ပြန်လာဖို့ အလိုရှိနေတာပါ။ မက်ဆီ ကလည်း ပီအက်စ်ဂျီ အသင်းမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံနေရတာကြောင့် စိတ်ပျက်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် အဝတ်လဲခန်းထဲကို တန်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာက အခြေအနေ ကောင်းနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့် ပီအက်စ်ဂျီ ကတော့ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေသလို မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီနဲ့ ဆော်ဒီ ကလပ်တွေ ကလည်း ငွေကြေး အများအပြား သုံးစွဲပြီး ခေါ်ယူဖို့ ပြင်နေတာ ဖြစ်ပါတယ်။ မက်ဆီ ကတော့ လက်ရှိအချိန်ထိ အနာဂတ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပြီး ရာသီကုန် မှသာ ဆုံးဖြတ်သွားဖွယ် ရှိမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။


ပေါ်တူဂီ အတွက် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနည်း အသစ်ကို ပြုလုပ်ခဲ့တဲ့ ရော်နယ်ဒို

စီးရီးအေ
ဂျူဗင်တပ်စ်
ဟဲလက်စ် ဗာရိုနီကာ
1X2 သရေ (Draw) @ 3.90
ဂိုးအောက် 2.00 @ 2.29
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လူဇင်ဘတ်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီ အတွက် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနည်း အသစ်ကို ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပေါ်တူဂီ အသင်းနဲ့ စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့ ရော်နယ်ဒိုဟာ နည်းပြသစ် မာတီးနတ်ဇ် လက်အောက်မှာ ပေါ်တူဂီ အတွက် ခြေစွမ်းပြနေပြီး ယူရိုခြေစစ်ပွဲ ၂ ပွဲစလုံးမှာ ၂ ဂိုးစီ သွင်းယူခဲ့တာပါ။

ရော်နယ်ဒိုဟာ လက်ချင်စတိန်းနဲ့ ပွဲမှာ ၂ ဂိုးနဲ့ အခု လူဇင်ဘတ်နဲ့ ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် အရွယ် ရော်နယ်ဒိုဟာ ပေါ်တူဂီ အတွက် ၉ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပြီးနောက် မတူညီတဲ့ အောင်ပွဲခံမှုကို ပြုလုပ်သွားခဲ့တာပါ။ ရော်နယ်ဒိုဟာ SIUU အောင်ပွဲခံနည်းကို နှစ်ပေါင်းများစွာကြာ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင် အောင်ပွဲခံနည်း အဖြစ် ဘောလုံးလောကမှာ လူသိများခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တုန်းက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် တင်ကာ မျက်လုံးကို ပိတ်ပြီး အောင်ပွဲခံနည်းကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လူဇင်ဘတ် အသင်း ဘက်ကို ဂိုးသွင်းပြီးချိန် မှာတော့ အဆိုပါ အောင်ပွဲခံနည်း ၂ ခုစလုံးကို ပေါင်းစပ်ပြီး ပြုလုပ်သွားခဲ့တာပါ။ ရော်နယ်ဒိုဟာ လူဇင်ဘတ် အသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့လို့ နိုင်ငံတကာ သွင်းဂိုး ၁၂၂ ဂိုး အထိ ရှိသွားခဲ့ပြီ ဖြစ်ပြီ ဖြစ်ပါတယ်။


ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ လူစာရင်းက ထွက်ခဲ့တဲ့ ကော်တွိုက်စ်

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂိုးသမား သီဘောက် ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း လူစာရင်း ကနေ နှုတ်ထွက်ခဲ့ပါပြီ။
ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ အသင်း လူစာရင်းက ထွက်ခဲ့တဲ့ ကော့တွိုက်စ်

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂိုးသမား သီဘောက် ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း လူစာရင်း ကနေ နှုတ်ထွက်ခဲ့ပါပြီ။ ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့တာ ဖြစ်ပြီး ကလပ် အသင်း ရီးရဲလ်မက်ဒရစ်ကို ပြန်လာနေပြီလို့ သိရကာ အယ်လ်ကလက်စီကို ပွဲ အတွက်တော့ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါပြီ။
ဧပြီလ ၁ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်က ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိအကျော့ အဖြစ် နူးကမ့်မှာ ဘာစီလိုနာကို သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကော့တွိုက်စ်ရဲ့ ဒဏ်ရာ အခြေအနေ ကသာ ဆိုးရွားခဲ့မယ် ဆိုရင် အရေးကြီးပွဲမှာ သူ့ကို လက်လွှတ်ထားရတော့မှာ ဖြစ်ပြီး ပထမအကျော့ အိမ်ကွင်း မှာတောင် အရေးနိမ့်ထားတဲ့ ရီးရဲလ်တို့ အတွက် ခက်ခဲလာနိုင်ပါတယ်။

ကော့တွိုက်စ် မကစားနိုင်ရင် အခြား ဂိုးသမား ဖြစ်တဲ့ လူနင်ကို အသုံးပြုရမှာ ဖြစ်ပြီး ဒါက ဘာစီလိုနာ တိုက်စစ်ပိုင်းကို အကြိုက်တွေ့စေမှာလည်း ဖြစ်ပါတယ်။ လူနင်က စိတ်ချရတဲ့ ဂိုးသမား တစ်ဦး မဟုတ်ဘဲ အတွေ့အကြုံ နည်းပါးကာ လက်စွမ်း ကလည်း သာမန်ထက် အနည်းငယ်သာ ပိုတဲ့ အဆင့်ရှိတဲ့ ဂိုးသမား ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်