နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာစီးတီး ၁-၃ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

လက်စတာစီးတီး ၁-၃ ချဲလ်ဆီး

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇) မှာတော့ ချဲလ်ဆီးက လက်စတာစီးတီးကို ကင်းပါဝါမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အပြန်အလှန် ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြပြီး မထင်မှတ်ပဲ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ နှစ်ဖက်အသင်း ကစားသမားတွေသာ အဆုံးသတ်ပိုင်း သေချာခဲ့ရင် အခုထက် ပိုများတဲ့ ဂိုးရလဒ်နဲ့ ပြီးဆုံးနိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၃ ယောက်တန်း ခံစစ် ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး လက်စတာစီးတီး ကတော့ ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ ပွဲက လူစာရင်းကို နှစ်နေရာ အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။ ချဲလ်ဆီး ကလည်း ဒေါ့မန်ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်းကို နှစ်နေရာပဲ အပြောင်းအလဲ လုပ်လာခဲ့ပြီး ရိစ်ဂျိမ်းစ်နဲ့ စတာလင် နေရာမှာ လော့ဖ်တပ်စ်ချိခ်နဲ့ မူဒရစ်ခ်ကို သုံးခဲ့ပါတယ်။

နှစ်သင်းစလုံး တောင်ပံ ကစားသမားတွေကို အားပြုခဲ့ကြပြီးတော့ ဘောလုံးရတာနဲ့ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ပွဲချိန် ၁၁ မိနစ် မှာပဲ ကူလီဘလီရဲ့ ဖြတ်တင် ပေးပို့မှု ကနေ ဘန် ချေးဝဲလ်က မြေမကျ ကန်ချက်နဲ့ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် လက်စတာစီးတီးတို့ ပွဲကို

ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်း ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၆ နေရာကို ဆင်းခဲ့ရပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်ကိုလည်း ပြန်ရောက်သွားခဲ့ပြန်ပါတယ်။
နည်းပြ သက်တမ်း တစ်လျှောက် တစ်ရာသီ အတွင်း ရှုံးပွဲ အများဆုံး စံချိန် တင်သွားခဲ့တဲ့ ရော့ဒ်ဂျားစ်

ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ချဲလ်ဆီး ကလည်း တန်ပြန် တိုက်စစ် ကနေ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပါတယ်။ ချဲလ်ဆီး ဘက်က ယာအို ဖီးလစ်ရဲ့ ကန်ချက် တိုင်ထိခဲ့သလို လက်စတာ ဘက်က ဂျူးဘယ်ရီဟောလ်စ်ရဲ့ ကန်ချက် ကလည်း ဘားထိခဲ့လို့ နှစ်သင်းစလုံး သက်သာခဲ့ရပါတယ်။ ပွဲချိန် ၃၉ မိနစ် မှာတော့ လက်စတာတို့ ချေပဂိုး ရခဲ့ပါတယ်။ ယာအို ဖီးလစ်ရဲ့ အမှား ကနေ အီရန် နာချိုနဲ့ ဒါကာ အပေးအယူ လုပ်ပြီး ဒါကာ ကပဲ ဂိုးထောင့်ထဲကို လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မက်ဒီဆင်ရဲ့ ကန်ချက် ကောင်းပေမယ့် ကီပါ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သလို ပထမပိုင်း ပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံး မိနစ် မှာလည်း ချဲလ်ဆီး တို့ပဲ ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အန်ဇိုရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ကိုင် ဟာဗက်ဇ်က ပါးပါးနပ်နပ် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လက်စတာတို့ အခွင့်အရေး ပိုရခဲ့ပြီး ဂိုးရသင့်တဲ့ အနေအထားတွေ အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ် ညံ့ခဲ့သလို ချဲလ်ဆီး ဂိုးသမား ကီပါ ကလည်း လက်စွမ်းပြနိုင်ခဲ့လို့ သွင်းဂိုးတွေနဲ့တော့ ဝေးခဲ့ရပါတယ်။ ချဲလ်ဆီး အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ၇၈ မိနစ်မှာ အသင်းခေါင်းဆောင် ကိုဗာချစ်က မူဒရစ်ခ်ရဲ့ ပေးပို့မှုကို မြေမကျ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ၁-၃ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ချဲလ်ဆီးတို့ ကင်းပါဝါ ကနေ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
လိုက်ဇစ်
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.50 @ 2.07
ဂိုးပေါ် 3.00 @ 2.00
ဂိုးပေါင်း 2-3 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ပေါ်တာရဲ့ အသင်း ခြေစွမ်းက မဆိုးဘူးလို့ ပြောလို့ ရပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲပါ။ ယူရို သန်း ၁၀၀ တန် မူဒရစ်ခ် နည်းနည်းလေး အံ့ဝင်စပြုလာတာ တွေ့ရသလို ဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့လို့ မဆိုးဘူးလို့ပဲ ပြောရမှာပါ။ ဒီနေ့ ပွဲမှာ ယာအို ဖီးလစ် တစ်ယောက်က လွဲလို့ ကျန် ချဲလ်ဆီး ကစားသမားတွေ အားလုံး ခြေစွမ်းပြနိုင်ခဲ့သလို တစ်ဖက်က လက်စတာ ကလည်း ချဲလ်ဆီးကို ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပါတယ်။ အဆုံးသတ် အားနည်းခဲ့လို့သာ ဒီလို ရလဒ်နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ဆိုရင်တော့ ၃ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ရလဒ်တွေ ပြန်ကောင်းနေတာကြောင့် နည်းပြ ပေါ်တာရဲ့ မျက်နှာမှာ အပြုံးအရယ်တွေ ပြန်မြင်လာရပြီး ဖိအားတွေလည်း ကင်းသွားပုံ ရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ၁၀ မိုင်ကုန်းမှာသာ ရှိနေဆဲ ဖြစ်ပြီး ဥရောပဝင်ခွင့် တစ်နေရာ ရဖို့ အတွက် ဆိုရင်တော့ နိုင်ပွဲတွေ လိုအပ်နေပါသေးတယ်။ ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်း ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၆ နေရာကို ဆင်းခဲ့ရပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်ကိုလည်း ပြန်ရောက်သွားခဲ့ပြန်ပါတယ်။
လာမယ့် ပွဲစဉ်များ

လက်စတာစီးတီးတို့ လာမယ့် အပတ် စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ကစားဖို့ ရှိပြီး ချဲလ်ဆီး ကတော့ တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်