နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်ကို ရောက်ရှိနေပြီလို့ ဆိုလိုက်တဲ့ မာတီနက်ဇ်၊ အေစီမီလန်မှာ ဆက်နေလိုကြောင်း ဖွင့်ဟလိုက်တဲ့ ဂျရူး (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်ကို ရောက်ရှိနေပြီလို့ ဆိုလိုက်တဲ့ မာတီနက်ဇ်၊ အေစီမီလန်မှာ ဆက်နေလိုကြောင်း ဖွင့်ဟလိုက်တဲ့ ဂျရူး စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်ကို ရောက်ရှိနေပြီလို့ ဆိုလိုက်တဲ့ မာတီနက်ဇ်

အင်တာမီလန် အသင်း ခေါင်းဆောင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က လက်ရှိအချိန်က သူ့အတွက် ကစားသမား ဘဝ အကောင်းဆုံးသော အချိန် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်က ကျွန်တော့် အနေနဲ့ အသင်းမှာ ရှိနေတာ ငါးရာသီ ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ နေ့စဥ်နဲ့ အမျှ ကြိုးစား အားထုတ်မှုတွေကြောင့် အကျိုး ခံစားနေရကြောင်း၊ ဒီလို အသင်းမျိုးရဲ့ အသင်းခေါင်းဆောင် ဖြစ်ခွင့် ရတာက ကြီးမားတဲ့ ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း မာတီနက်ဇ်က ပုံစံကောင်း ပြနိုင်တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် အင်တာမီလန်ကို ရောက်ရှိပြီး နောက်ပိုင်း အကောင်းဆုံး ဖြစ်ကြောင်း၊ အသင်းခေါင်းဆောင် လက်ပတ်နဲ့ အတူ ဂိုးသွင်းနိုင်၊ တည်ငြိမ်တဲ့ ခြေစွမ်း တစ်ရပ်ကို ထိန်းထားနိုင်တာက ကျွန်တော့် အတွက်ရော၊ အသင်း အတွက်ပါ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

အသက် (၂၅) နှစ်အရွယ် အဆိုပါ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးဟာ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဖလား အပြီး နောက်ပိုင်း ပွဲစဥ်တွေ မှာလည်း စီးရီးအေ ကလပ်ရဲ့ အဓိက ဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။


အေစီမီလန်မှာ ဆက်နေလိုကြောင်း ဖွင့်ဟလိုက်တဲ့ ဂျရူး

ဂျရူးဟာ လာမယ့် ဇွန်လမှာ စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် အတွက် မတင်မကျ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။
အေစီမီလန် အတွက် ဒီရာသီ စီးရီးအေမှာ ၇ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးပေးထားတဲ့ ဂျရူး

အေစီမီလန်ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးက သူ့အနေနဲ့ မီလန်မြို့မှာသာ ဆက်ရှိလိုကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ 

စပါးကို အဝေးကွင်းမှာ ဂိုးမရှိ သရေကျကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဂျရူးက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးကြီးက ကျွန်တော် အေစီမီလန်မှာ ဆက်နေချင်ပြီး မီလန်မြို့မှာ အဆင်ပြေနေကြောင်း၊ ပြီးခဲ့တဲ့ရာသီ ကလည်း ထိပ်တန်းအဆင့် ဖြစ်ခဲ့ပြီး ဒီနှစ်မှာလည်း ချန်ပီယံလိဂ်မှာ ခရီးဆက်နေကြောင်း၊ နောက်ထပ် အခွင့်အရေးတွေလည်း ရှိနေပြီး ဒါတွေကို အမိအရ ယူနိုင်ဖို့က ပစ်မှတ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျရူးဟာ လာမယ့် ဇွန်လမှာ စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် အတွက် မတင်မကျ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
အာဆင်နယ်
1X2 အာဆင်နယ် @ 1.59
ဂိုးပေါ် 2.50 @ 1.85
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အေစီမီလန် အတွက် ချန်ပီယံလိဂ်မှာ ယုံကြည်ချက်သာ လိုတော့ကြောင်း ကပ္ပတိန်ဟောင်း ပြောကြား

အေစီမီလန် အသင်းခေါင်းဆောင်ဟောင်း မက်ဆီမို အမ်ဘရိုစီနီက အသင်း အတွက် ချန်ပီယံလိဂ်မှာ ယုံကြည်ချက်သာ လိုအပ်တော့ကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အသင်း ကစားသမားတွေကို ချီးကျူး ပြောကြားခဲ့ပါတယ်။

စီးရီးအေ ကလပ် အေစီမီလန်ဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့်မှာ စပါးကို နှစ်ကျော့ပေါင်း ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အေစီမီလန်ဟာ ဒီရာသီ မှာတော့ အဆိုပါ ချန်ပီယံဆုကို ကာကွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် ချန်ပီယံလိဂ် မှာတော့ ခရီးဆက်နေဆဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အမ်ဘရိုစီနီက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘာမဆို ဖြစ်သွားနိုင်ကြောင်း၊ လာမယ့် ပွဲတွေမှာ ခက်ခဲ ကြမ်းတမ်းတော့မှာ ဖြစ်ပြီး အေစီမီလန် အတွက် ယုံကြည်မှုပဲ လိုအပ်ကြောင်း၊ ဂျရူး၊ ခရူနစ် တို့နဲ့ သုံးယောက်တန်း ခံစစ်ကို သဘောကျကြောင်း၊ မိုင်ဂ်နန် ပြန်လာချိန်မှာတော့ အသင်းက ပိုကောင်းသွားကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်