နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း အားသာချက် အပြင် ပြိုင်ပွဲ အတွေ့အကြုံ ပိုသာတဲ့ ဘေယန် ဘက်မှာပဲ နေရဦးမှာပါ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – ပီအက်စ်ဂျီ

ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့ရဲ့ ပွဲစဉ်ကို အားပေးရဦး ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေ၊ စျေးကွက် အနေအထားနဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…

ပထမအကျော့ အဝေးကွင်းမှာ နိုင်ပွဲ ရထားတဲ့ ဘေယန်မြူးနစ်တို့ အိမ်ကွင်းမှာ သရေ ကစားနိုင်တာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို လက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ မဖြစ်မနေ အနိုင်ရအောင် ကစားရမှာ ဖြစ်ပေမယ့် နေမာ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိလို့ အားနည်းနိုင်ပါတယ်။ ဘေယန် ကတော့ အဓိက ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု ပြည့်၀နေပြီး ခြေစွမ်းလည်း ကောင်းနေသလို မာနေး ကလည်း အရန်ခုံမှာ ပါဝင်လာဦးမှာပါ။ ပီအက်စ်ဂျီက မက်ဆီနဲ့ အမ်ဘာပေး တို့ကို အားကိုးရမှာ ဖြစ်ပြီး မြူးနစ် မှာတော့ သိပ်လွယ်မယ် မထင်ပါဘူး။ ဥရောပ ပြိုင်ပွဲတွေမှာ ဆိုရင် ကံဆိုးတတ်တဲ့ ပီအက်စ်ဂျီ အတွက် ဒီပွဲက ဒီရာသီ အတွက် နောက်ဆုံး ချန်ပီယံလိဂ်ပွဲ ဖြစ်လာမယ်လို့ အားလုံးက ယူဆနေပါတယ်။ ကစားသမားကောင်းတွေရဲ့ ပြိုင်ဆိုင်မှုကို မြင်ရဦးမှာ ဖြစ်လို့ ပွဲက ကြည့်ကောင်းဦးမှာတော့ သေချာပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဥရောပ ပြိုင်ပွဲတွေမှာ ဆိုရင် ကံဆိုးတတ်တဲ့ ပီအက်စ်ဂျီ အတွက် ဒီပွဲက ဒီရာသီ အတွက် နောက်ဆုံး ချန်ပီယံလိဂ်ပွဲ ဖြစ်လာမယ်လို့ အားလုံးက ယူဆနေပါတယ်။
ဘေယန်မြူးနစ်နဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်တွေ ဆိုးရွားလေ့ ရှိတဲ့ ပီအက်စ်ဂျီ

ဘေယန်မြူးနစ် – ယန်း ဆွမ်မား၊ စတန်နီဆစ်၊ အူပါမီကာနို၊ ဒီလစ်ဂျ်၊ ကိုမန်၊ ကင်မစ်ချ်၊ ဂေါ်ရက်ဇ်ကာ၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ ဆာနေး၊ မူစီယာလာ၊ ချူပိုမော့တင်း

ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ ပါရဲရား၊ မာကွင်ညော့စ်၊ ရာမို့စ်၊ ဟာကီမီ၊ ဖေဘီယန် ရုဇ်၊ ဗာရက်တီ၊ ဗစ်တင်ဟာ၊ မန်ဒက်စ်၊ မက်ဆီ၊ အမ်ဘာပေး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ဘေယန်က ၅ ပွဲ အထိ အနိုင်ရပြီး ပီအက်စ်ဂျီက ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဘေယန်က နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရခဲ့သလို ၁ ပွဲတည်း ရှုံးနိမ့်ခဲ့ပြီး ပွဲတိုင်းက နှစ်ဖက် သွင်းဂိုး အနည်းဆုံး ၃ ဂိုးနဲ့ အထက် ရှိခဲ့တာက ထူးခြားချက်ပါ။ ပီအက်စ်ဂျီ ကလည်း ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရခဲ့ပြီး ၁ ပွဲ ရှုံးနိမ့်ခဲ့ကာ ပွဲတိုင်း ဂိုးပေါ် ကစားခဲ့ပါတယ်။ ဒီနှစ်သင်းကို ပထမအကျော့တုန်းက အားလုံးက ဂိုးပေါ်မယ် ထင်ခဲ့ပေမယ့် ဂိုးအောက် ကစားခဲ့တာ သတိပြုစရာပါ။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ဘေယန် နိုင်ရင် ၁.၈ ၃ဆ၊ ပီအက်စ်ဂျီ နိုင်ရင် ၃.၇၅ ဆ တောင် ပေးထားပါတယ်။ Handicap မှာ ဘေယန်က သရေ အရှုံးပေးထားကာ ဂိုးပေါင်း ကတော့ ၃ လုံး သရေ/ ၂လုံး အရှုံး ဖွင့်လှစ်ထားပါတယ်။ 1×2 မှာ ပီအက်စ်ဂျီ နိုင်ရင် ရမယ့် အဆ ကတော့ မက်လောက်စရာ ဖြစ်ပြီး ထိုးသားတွေကို စိတ်ယိုင်အောင် လုပ်ထားတယ်လို့ ယူဆမိပါတယ်။ ဘေယန် ပေးထားတဲ့ ကြေး ကတော့ သင့်တော်ပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ အနိုင်ရထားတဲ့ အသင်းကို အိမ်ကွင်းမှာ သရေ အရှုံး ပြန်ပေးထားတာက လက်ခံနိုင်စရာ ဖွင့်လှစ်မှုပါ။ ဒီပွဲ မှာတော့ အိမ်ကွင်း အားသာချက် ရှိပြီး ချန်ပီယံလိဂ် မှာဆို ပီအက်စ်ဂျီထက် အတွေ့အကြုံ သာလွန်နေတဲ့ ဘေယန် ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဘေယန်မြူးနစ် ၂-၁ ပီအက်စ်ဂျီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်