နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေမာနဲ့ ပတ်သက်ပြီး သတင်းကောင်း ကြားလိုက်ရတဲ့ ဘေယန်၊ ကစားသမားတွေနဲ့ ပြဿနာ တက်ခဲ့ပေမယ့်လည်း နေဂဲလ်စ်မန်းကို ထောက်ခံပေးမယ့် ဘေယန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

နေမာနဲ့ ပတ်သက်ပြီး သတင်းကောင်း ကြားလိုက်ရတဲ့ ဘေယန်၊ ကစားသမားတွေနဲ့ ပြဿနာ တက်ခဲ့ပေမယ့်လည်း နေဂဲလ်စ်မန်းကို ထောက်ခံပေးမယ့် ဘေယန် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နေမာနဲ့ ပတ်သက်ပြီး သတင်းကောင်း ကြားလိုက်ရတဲ့ ဘေယန်

ဂျာမနီ ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့မှာ ပြိုင်ဘက် တိုက်စစ်မှူး နေမာက ခြေကျင်းဝတ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်တော့လို့ သတင်းကောင်း ကြားလိုက်ရပြီ ဖြစ်ပါတယ်။ နေမာဟာ လိုင်လီနဲ့ ကစားခဲ့တဲ့ ပြင်သစ် လီဂူးပွဲမှာ အဆိုပါ ဒဏ်ရာရခဲ့တာပါ။

ပထမအကျော့ အဖြစ် ပဲရစ်မှာ ကစားခဲ့ရာ မှာတော့ ဘေယန်မြူးနစ်က ၁-၀ နဲ့ အနိုင်ရခဲ့ပြီး အိမ်ကွင်းမှာ အခွင့်အရေး ကြီးကြီးမားမားရရှိထားပါတယ်။ ဒီအချိန်မှာ သူတို့ကို ဒုက္ခပေးနိုင်တဲ့ နေမာ ကပါ ဒဏ်ရာရသွားတာကြောင့် ပိုပြီးတော့ အခွင့်အရေးတွေ ကောင်းလာကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အားကောင်းခဲ့ပါတယ်။

နေမာရဲ့ သတင်းကို ပီအက်စ်ဂျီ ကလည်း အတည်ပြုခဲ့ပြီး ကစားသမားဟာ အနည်းဆုံး ၁ လကြာ အနားယူရဖွယ် ရှိနေပါတယ်။ နေမာ မပါဝင်နိုင်ရင် လီယွန်နယ် မက်ဆီနဲ့ ကီလီယန် အမ်ဘာပေး တို့က ပီအက်စ်ဂျီ တိုက်စစ်ကို ဦးဆောင်ရတော့မှာ ဖြစ်ကာ ဘေယန် အတွက်တော့ အနည်းဆုံး သရေကစားနိုင်ဖို့သာ လိုအပ်နေတာ ဖြစ်ပါတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
အက်တလက်တီကို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘယ်လင်ဂမ်ကို ဆုံးရှုံးရဖွယ် ရှိလာတဲ့ လစ်ဗာပူးလ်

ရီးရဲလ်မက်ဒရစ်ကို အန်ဖီးလ်မှာ ၂-၅ နဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာရဖို့ သေချာသလောက် ရှိနေတဲ့ လစ်ဗာပူးလ်ဟာ ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ် ကိုပါ လက်လွှတ်ရဖွယ် ရှိနေပါတယ်။ အသင်းရဲ့ လက်ရှိ အခြေအနေတွေက ဘယ်လင်ဂမ်ကို ဆွဲဆောင်နိုင်မှု အားနည်းလာတာကြောင့်ပါ။

ပရီးမီးယားလိဂ် မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရုန်းကန်နေရတဲ့ လစ်ဗာပူးလ်ဟာ လာမယ့် ရာသီမှာ ဒါကို မလုပ်နိုင်ခဲ့ဘူး ဆိုရင် ဘယ်လင်ဂမ်ကို အခြား အသင်းတွေနဲ့ အပြိုင် ခေါ်ယူရာမှာ တပန်းရှုံးမှာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ် ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့ အသင်း ကိုသာ ဦးစားပေး ရွေးချယ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် လစ်ဗာပူးလ်ရဲ့ ဒီရာသီ ကျရှုံးမှုတွေက အသင်းဆီကို ကစားသမားကောင်းတွေ ခေါ်ယူဖို့ပါ အဟန့်အတား ဖြစ်လာပါပြီ။ ဘယ်လင်ဂမ် ကတော့ ဒေါ့မန်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။


ကစားသမားတွေနဲ့ ပြဿနာ တက်ခဲ့လည်း နေဂဲလ်စ်မန်းကို ထောက်ခံပေးမယ့် ဘေယန်

ဘွန်ဒက်စ်လီဂါ ဘေယန်မြူးနစ် ကတော့ သောမတ်စ် မူလာကို အရန်ခုံမှာ ထားရှိဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်တဲ့ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဝတ်လဲခန်း အတွင်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပေမယ့် ကလပ် အသင်းဘက်က နည်းပြကို ကျောထောက် နောက်ခံပေးဖို့ အာမခံလိုက်တာပါ။

မူလာ ကတော့ ဘေယန်ရဲ့ အထင်ကရ အဖြစ်ဆုံး ကစားသမား ဖြစ်ပြီး ပရိသတ် အင်အား အများအပြား ရှိသူလည်း ဖြစ်ပါတယ်။ ဘေယန် လူငယ်စီမံကိန်းက ထွက်ပေါ်လာသူ ဖြစ်ပြီး အသင်းမှာ နှစ်ပေါင်း များစွာ ကစားပေးခဲ့ကာ ဝါရင့် ကစားသမားနဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သူ့ရဲ့ ခြေစွမ်းပိုင်းက အနည်းငယ် ကျဆင်းလာပေမယ့် ပြီးခဲ့တဲ့ ပွဲတွေမှာ သူ ပွဲထွက်ခဲ့တဲ့ ပွဲစဉ်တွေက ရလဒ်ကောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို အရန်ခုံ ပို့တဲ့ အပေါ်မှာ မေးခွန်း ထုတ်ခဲ့ကြပြီး အခြား ကစားသမားတွေနဲ့ မူလာရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရလဒ်တွေ ဆိုးရွားနေခဲ့ပါတယ်။ ဒါကြောင့် သူ့ကို အရန်ခုံ ပို့တဲ့အပေါ်မှာ မေးခွန်းထုတ်နေကာ နေဂဲလ်စ်မန်း အတွက် အကျပ်ရိုက်နေရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်