နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းနဲ့ အပြည့်အဝ ပြန်လည် ပူးပေါင်းနိုင်ခဲ့တဲ့ မာနေး၊ ရော်နယ်ဒိုကို ရည်ရွယ် ထိုးနှက်လိုက်တဲ့ ဒေါ့မန် အုပ်ချုပ်မှု ဒါရိုက်တာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

အသင်းနဲ့ အပြည့်အဝ ပြန်လည် ပူးပေါင်းနိုင်ခဲ့တဲ့ မာနေး၊ ရော်နယ်ဒိုကို ရည်ရွယ် ထိုးနှက်လိုက်တဲ့ ဒေါ့မန် အုပ်ချုပ်မှု ဒါရိုက်တာ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်းနဲ့ အပြည့်အဝ ပြန်လည် ပူးပေါင်းနိုင်ခဲ့တဲ့ မာနေး

ဘေယန်မြူးနစ် တိုက်စစ် ကစားသမား ဆာဒီယို မာနေးဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ (၂၀၂၂) ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်မှာ ညာဘက် ခြေသလုံး ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန် အထိ အနားယူနေခဲ့ရတာပါ။

ဒဏ်ရာရပြီး (၃) လ အကြာ မှာတော့ မာနေး တစ်ယောက် အခုလိုပဲ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ခံစားချက် တစ်ခု ဖြစ်ကြောင်း မာနေးက ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် ဘောလုံးသမား တစ်ယောက် အနေနဲ့ ဘောလုံးသမားဘဝကို အရမ်း လွမ်းဆွတ်ခဲ့ရကြောင်း၊ ဂိုးတွေ သွင်းပြီး နိုင်ပွဲတွေ ရှာဖွေသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပြီး နေဂဲလ်စ်မန်း ကလည်း မာနေး အနေနဲ့ အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်းတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။


ဒဏ်ရာကြောင့် ဘေယန်မြူးနစ်နဲ့ ပွဲကို လွဲချော်မယ့် နေမာ

ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ လိုင်လီနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘေယန်မြူးနစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ဒုတိယအကျော့ပွဲကို လွဲချော်မှာ ဖြစ်ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီဟာ ပထမအကျော့ အိမ်ကွင်းပွဲမှာ အဆိုပါ ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ဒုတိယအကျော့မှာ မဖြစ်မနေ နိုင်ပွဲ ရရှိဖို့ အရေးကြီးနေပါတယ်။

ဒါပေမယ့် ဒီလို အချိန်မျိုးမှာပဲ နေမာ ဒဏ်ရာရရှိသွားတာက ပီအက်စ်ဂျီ အတွက် ထိုးနှက်ချက်၊ ဘေယန်မြူးနစ် အတွက် အားသာချက် တစ်ခု ဖြစ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပထမအကျော့ မကစားခင် ကလည်း လီယွန်နယ် မက်ဆီ၊ ကီလီယန် အမ်ဘာပေတို့ ဒဏ်ရာကြောင့် လွဲချော်မယ် ဆိုခဲ့ပေမယ့် ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက အယုံအကြည် မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

တကယ်တမ်း ပွဲကစားချိန်မှာလည်း မက်ဆီရော၊ အမ်ဘာပေရော ပါဝင်ကစားခဲ့ပြီး အမ်ဘာပေရဲ့ သွင်းဂိုး နှစ်ဂိုးကို ခွင့်မပြုခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ သက်သာရာ ရခဲ့ပါတယ်။


ရော်နယ်ဒိုကို ရည်ရွယ် ထိုးနှက်လိုက်တဲ့ ဒေါ့မန် အုပ်ချုပ်မှု ဒါရိုက်တာ

ဒေါ့မန်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကာစတန် ကရမ်မာက အသင်းရဲ့ တန်ဖိုးက Social Media ပေါ်က Follower တွေအပေါ်မှာ မူတည်နေတာ မဟုတ်ဘူးလို့ အတိအလင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဒီစကားဟာ ကမ္ဘာကျော် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုကို ရည်ရွယ် ထိုးနှက်တာ ဖြစ်တယ်လို့ ဥရောပ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အပါအဝင် ဥရောပ ထိပ်တန်း အသင်း အများအပြားနဲ့ သတင်းထွက်ခဲ့တာပါ။
ဒေါ့မန် အပါအဝင် အသင်း အများအပြားနဲ့ သတင်းထွက်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အပါအဝင် ဥရောပ ထိပ်တန်း အသင်း အများအပြားနဲ့ သတင်းထွက်ခဲ့တာပါ။

ဒါပေမယ့် သူ့အနေနဲ့ ဆော်ဒီအာရေဗျ ကလပ် အယ်လ်နာဆာ ကိုသာ ပြောင်းရွှေ့သွားခဲ့ရပြီး ထိပ်တန်း အသင်းကြီးတွေက သူ့ကို လိုချင်ခဲ့ပေမယ့် ဆော်ဒီမြေကိုသာ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။

ရော်နယ်ဒိုဟာ ဒေါ့မန် အပြင် အခြားသော ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်း ဘေယန်မြူးနစ်နဲ့လည်း သတင်း ထွက်ခဲ့ပေမယ့် ဘေယန်မြူးနစ် ကတော့ အဆိုပါ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ တရားဝင် ငြင်းဆန်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်