နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သူဟာ ချဲလ်ဆီးမှာ ပြဿနာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ဂရေဟမ် ပေါ်တာ၊ ငှက်ပစ်ခဲ့တဲ့ သူ့ကန်ချက်ကို သူ ပြန်ပြီး အံ့အားသင့်နေတဲ့ ဟာလန်း (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

သူဟာ ချဲလ်ဆီးမှာ ပြဿနာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ဂရေဟမ် ပေါ်တာ၊ ငှက်ပစ်ခဲ့တဲ့ သူ့ကန်ချက်ကို သူ ပြန်ပြီး အံ့အားသင့်နေတဲ့ ဟာလန်း စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


သူဟာ ချဲလ်ဆီးမှာ ပြဿနာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ဂရေဟမ် ပေါ်တာ 

ချဲလ်ဆီးဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဆင့် ၂၀ နေရာက ဆောက်သမ်တန် အသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အရေးနိမ့်ပြီးနောက် ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေခဲ့ပြီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ ဖိအားတွေကို ပိုပြီးတော့ ခံစားလာရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒေါ့မန် အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပျောက်ဆုံးတာ ၄ ပွဲ အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ ဒီရလဒ်တွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက နယူးကာဆယ်နဲ့ ၁၀ မှတ် ကွာဟသွားပြီ ဖြစ်တာပါ။

ဂရေဟမ် ပေါ်တာက “ ကျွန်တော့်ကို ပြဿနာလို့ ထင်နေတဲ့သူတွေ အပြင်မှာ ရှိနေတယ်လို့ ထင်ပါတယ်။ ကျွန်တော် ကတော့ သူတို့ မှန်တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူတို့ ထင်မြင်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြောဖို့ အတွက် မထိုက်တန်ဘူးလို့ ပြောရလောက်အောင် အထိ ကျွန်တော် မာနမကြီးပါဘူး။ အိမ်ကွင်းမှာ အရေးနိမ့်ပြီးနောက် ရရှိခဲ့တဲ့ ဝေဖန်မှုတွေကို နားလည်နိုင်ပါတယ်”

“ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ခဲ့ရပြီး လူငယ်ကစားသမားတွေကို ပရီးမီးယားလိဂ်နဲ့ ပေါင်းစည်းရာမှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီရလဒ်တွေက ကျွန်တော် တို့လို ချင်တဲ့ လမ်းကို မသွားနိုင်ဘဲ ခက်ခဲနိုင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀၀ သုံးစွဲပြီး အန်ဇို ဖာနန်ဒက်ဇ်၊ မူဒရစ်ခ်၊ ဘာဒီယာရှီးလ် အစရှိတဲ့ ကစားသမားတွေကို ဖြည့်တင်းခဲ့ပေမယ့် ၂၀၂၃ အတွင်း ကစားခဲ့တဲ့ ပွဲတွေမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲ သရေ ၄ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။


၂ ပွဲဆက် နိုင်ပေမယ့် လစ်ဗာပူးလ် အကောင်းဆုံး ပြန်ဖြစ်မလား ဆိုတာကို မပြောနိုင်သေးတဲ့ ကလောပ့်

လစ်ဗာပူးလ် အသင်းဟာ နယူးကာဆယ်ကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်ရခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယာဂင် ကလောပ့် ကတော့ သူ့ အသင်း အကောင်းဆုံး ပြန်ဖြစ်မလား ဆိုတာ ပြောဖို့ စောလွန်းသေးတယ်လို့ ဆိုခဲ့ပါတယ်။

လစ်ဗာပူးလ် ဟာ ဒီပွဲမှာ ဒါဝင် နူညက်ဇ်၊ ဂတ်ပို တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ လစ်ဗာပူးလ်ဟာ ဒီပွဲမှာ အဓိက နောက်ခံလူ ဗန်ဒိုက်ခ် ပြန်လည် ပါဝင်လာနိုင်ခဲ့ပြီး ဂိုးသမား အလီဆန် ကလည်း လက်စွမ်း ပြသနိုင်ခဲ့တာကြောင့် နိုင်ပွဲ ရခဲ့ပြီး အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလောပ့်က “ အကောင်းဆုံး အခိုက်အတန့်မှာ မရှိခဲ့ရင်တောင် ဒီအတွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပြီး ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် ၂ ပွဲဆက် နိုင်ပွဲရခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် ခံစားချက် အလွန်ကောင်းပါတယ်။ ဒီလိုမျိုး မရှိတာ နည်းနည်းကြာပြီ ဖြစ်လို့ ဒါဟာ ကောင်းတဲ့ နေ့ပါပဲ။ ကျွန်တော်တို့ ဒီလိုမျိုး ထပ်ပြီး လုပ်နိုင်မလား ဆိုတာက ပြောဖို့ စောပါသေးတယ်”

“ သေချာတာ ကတော့ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်မှာမို့ တွေ့မြင်ရဦးမှာပါ။ ကျွန်တော်တို့ဟာ ဒုတိယပိုင်းမှာ သွင်းဂိုးတွေ ထပ်ပြီး ရနိုင်မယ့် အခြေအနေတွေ ရှိခဲ့ပါတယ်။ တတိယမြောက် သွင်းဂိုးသာ ရခဲ့ရင် ဒါဟာ သေချာပေါက် ပြီးသွားမှာပါ။ ကျွန်တော်တို့ သွင်းခဲ့တဲ့ ဂိုး ၂ ဂိုး စလုံးက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။


ငှက်ပစ်ခဲ့တဲ့ သူ့ကန်ချက်ကို သူ ပြန်ပြီး အံ့အားသင့်ခဲ့တဲ့ ဟာလန်း

နော့တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း တစ်ယောက် သူ့ကန်ချက်ကို သူ မယုံကြည်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတဲ့ အခိုက်အတန့် ရှိခဲ့ပါတယ်။
နော့တင်ဟမ်ဖောရက်စ်နဲ့ သရေကျပြီးနောက် အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်ဆင်းသွားရတဲ့ မန်စီးတီး

နော့တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း တစ်ယောက် သူ့ကန်ချက်ကို သူ မယုံကြည်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတဲ့ အခိုက်အတန့် ရှိခဲ့ပါတယ်။ ဒီပွဲ မှာတော့ ဟာလန်း ဂိုးပေါက် ပျောက်ခဲ့ပြီး အသင်း ကလည်း ၁-၁ သရေသာ ဖြစ်ခဲ့တာကြောင့် မန်စီးတီးတို့ အာဆင်နယ်ရဲ့ ၂ မှတ် အသာစီး ရရှိမှုကို ခံလိုက်ရပြီး အဆင့် ၂ နေရာ အတွက်ပါ ယူနိုက်တက် ဆီက ခြိမ်းခြောက်မှုတွေကို တွေ့ကြုံရတော့မှာ ဖြစ်ပါတယ်။ 

ပွဲကစားချိန် မိနစ် ၆၀ ကျော်မှာ မန်စီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရမယ့် အခွင့်အရေး ရရှိခဲ့တာပါ။ ဖိုဒန်ရဲ့ ကန်သွင်းချက်ကို ကေလာ နာဗက်စ် ပုတ်ထုတ်ခဲ့လို့ အံထွက်လာတဲ့ ဘောလုံးကို ဟာလန်းက အပိုင်ကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်း ထိပြီး ပြန်ထွက်လာခဲ့ပါတယ်။ ဒီလို တိုင်ထိ ထွက်လာတာကိုမှ ဟာလန်းက တစ်ချက် ထိန်းပြီး ဂိုးပေါက်နဲ့ အနီးကပ်ဆုံး နေရာ ကနေ အပိုင် ထပ်သွင်းရာမှာ ဂိုးဘားတန်းပေါ် ကနေ ကျော်သွားခဲ့တာပါ။

သူ့ရဲ့ ကန်သွင်းချက်ကို သူ ကိုယ်တိုင်ပဲ မယုံနိုင်အောင် ဟာလန်း တစ်ယောက် ဖြစ်ခဲ့ရပြီး မန်စီးတီး အသင်းဖော်တွေနဲ့ ဂိုးပေါက်နောက်က မန်စီးတီး ပရိသတ်တွေပါ ဟာခနဲ ဖြစ်ခဲ့ရပါတယ်။ တကယ်ကို ပါးစပ်အဟောင်းသား ဖြစ်စရာ ပိတ်သွင်းယူမှုလည်း ဖြစ်ပြီး ဟာလန်း တစ်ယောက် ဒီကန်ချက်ကို ပြန်ကြည့်ပြီး ကြေကွဲနေမှာတော့ အသေအချာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်