နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂလာဘတ်ကို အရေးနိမ့်တဲ့ပွဲမှာ ဒိုင်လူကြီးကို ဒေါသထွက်ခဲ့တဲ့ နေဂဲလ်စ်မန်း၊ ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ဖွင့်ဟခဲ့တဲ့ ဘော်နာ ဆိုဆာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဂလာဘတ်ကို အရေးနိမ့်တဲ့ပွဲမှာ ဒိုင်လူကြီးကို ဒေါသထွက်ခဲ့တဲ့ နေဂဲလ်စ်မန်း၊ ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ဖွင့်ဟခဲ့တဲ့ ဘော်နာ ဆိုဆာ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂလာဘတ်ကို အရေးနိမ့်တဲ့ပွဲမှာ ဒိုင်လူကြီးကို ဒေါသထွက်ခဲ့တဲ့ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ကတော့ မိုချန်ဂလာဘတ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့နောက် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်နေပါတယ်။ နောက်ခံလူ အူပါမီကာနို ထုတ်ပယ်ခံရပြီးနောက်မှာ ဘေယန်တို့ ပွဲကို ခက်ခက်ခဲခဲကစားခဲ့ရပြီး ဂလာဘတ်ကို ထုံးစံ အတိုင်း အရေးနိမ့်ခဲ့ရပြန်ပါတယ်။

နေဂဲလ်စ်မန်းဟာ ဒေါသတကြီးနဲ့ ကွင်းပြင်ကို ထွက်ခဲ့ပြီး ဒိုင်လူကြီး အဝတ်လဲခန်း ဘက်ကို လျှောက်သွားခဲ့ကာ “ မင်း ငါ့ကို နောက်နေတာလား၊ ဒါမှမဟုတ်ရင် ဘာလဲ” လို့ အော်ဟစ် ပြောဆိုခဲ့ပါတယ်။ ဒိုင်လူကြီးတွေ အခန်းထဲက ထွက်လာချိန်မှာလည်း သူက “ ဘုရား၊ ဘုရား အားနည်းလွန်းတဲ့ လူတစ်စုပဲ” လို့ ထပ်မံ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီရှုံးပွဲကြောင့် ဘေယန်ဟာ သူ့နောက်က အသင်းတွေကို အခွင့်အရေး ပေးသလို ဖြစ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလား အတွက် အသင်း ၄ သင်းလောက် အပြိုင်အဆိုင် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘေယန် အတွက်တော့ ဒီရာသီမှာ ၂ ပွဲမြောက် ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပြီး ရမှတ် ၄၃ မှတ် ရရှိထားကာ ဒုတိယနေရာက ယူနီယံဘာလင်က တစ်ပွဲလျော့ပြီး ၄၂ မှတ်၊ ဒေါ့မန် ကလည်း တစ်ပွဲ လျော့ပြီး အမှတ် ၄၀ နဲ့ အစဉ်လိုက် ရှိနေပါတယ်။


ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ဖွင့်ဟခဲ့တဲ့ ဘော်နာဆိုဆာ

ဂျာမန် ဘွန်ဒက်လီဂါ ကလပ် စတုဂတ် အသင်းရဲ့ ကစားသမား ဖြစ်သူ ဘော်နာ ဆိုဆာ ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားဖို့က သူ့ အိပ်မက် ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ သူ့အတွက် ယူရို ၁၀ သန်းတန် ကမ်းလှမ်းမှုကို အသင်း ဘက်က ငြင်းပယ်ခဲ့တဲ့နောက်မှာ ဆိုဆာက ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ ကစားသမားတိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက် ရှိပြီး ဖြစ်နိုင်ရင် ကျနော်လည်း ဥရောပ အသင်းတွေမှာ ကစားချင်ပါတယ်၊ ဒါပေမယ့် လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့က မဖြစ်လာခဲ့ဘူး၊ ဒါပေမယ့် ဒီမှာလည်း ကျနော် သက်တောင့် သက်သာ ရှိနေပြီးတော့ ငါးနှစ်လောက် နေခဲ့ပြီးပါပြီ၊ စတုဂတ်မှာ နေရတာလည်း ဘာပြသနာမှ မရှိပါဘူး” လို့ သူက ပြောခဲ့ပါတယ်။

“ တခြား ကစားသမားတွေ လိုပါပဲ။ ကျနော် အိပ်မက်က တနေ့မှာ ပရီးမီးယားလိဂ်မှာ သွားကစားချင်တာပါ၊ ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံး လိဂ်ပါပဲ၊ ထိပ်တန်း အသင်း ၆ သင်းတင် မကဘဲ တခြားအသင်းတွေ ကလည်း တောင့်တင်းပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လိုက်ဇစ်
မန်ချက်စတာစီးတီး
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 3.00 @ 2.16
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ်ကို ဒဲ့ကစ်ပေးလိုက်တဲ့ မိုချန်ဂလာဘတ်

မနေ့ညက ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒက်လီဂါ ပွဲစဉ် မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘေယန်မြူးနစ်ဟာ အဝေးကွင်းမှာ မိုချန်ဂလာဘတ်ကို ၃-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ပထမပိုင်းမှာ ကတည်းက နောက်ခံလူ အူပါမီကာနို ထုတ်ပယ်ခံခဲ့ရပြီး ဘေယန်ဟာ အမြဲတမ်းလိုလို အသာမရခဲ့တဲ့ ဂလာဘတ်ကို အရေးနိမ့်ခဲ့လို့ အမှတ်ပေးဖလား အတွက်ပါ ခြိမ်းခြောက်ခံလိုက်ရပါတယ်။

ဒီပွဲ အပြီးမှာ ဂလာဘတ်က သူတို့ရဲ့ လူမှုကွန်ရက် တစ်ခု ဖြစ်တဲ့ တွစ်တာ ကနေ ဘေယန်မြူးနစ်ကို လှောင်ပြောင်သွားခဲ့ပါတယ်။ “ ယန်း ဆွမ်မားကို မင်းတို့ ဝယ်ခဲ့လည်း ငါတို့ကို မနိုင်ပါဘူး” လို့ သူတို့က ရေးသားခဲ့တာပါ။ ယန်း ဆွမ်မား ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂလာဘတ် ကနေ ဘေယန်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဘေယန်က အဓိက ဂိုးသမား နော်အာ ဒဏ်ရာရနေတာကြောင့် ယန်းဆွမ်မားကို အားဖြည့် ခေါ်ယူခဲ့တာပါ။ ဘေယန်က လိဂ်ပြိုင်ဘက်ရဲ့ အဓိကဂိုးသမားကို ခေါ်ယူခဲ့တာ ဖြစ်ပြီး မနေ့က ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက် အခုလို လှောင်ပြောင်ခံခဲ့ရတာပါ။ ဘေယန် ကတော့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အနိုင်ရအပြီး နောက် တစ်ပွဲမှာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်