နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တဆင့် တက်ဖို့ ရေပန်းစားနေတုန်း ဆိုတဲ့ အမ်ဘာပေးကို တုန့်ပြန်လိုက်တဲ့ နေဂဲလ်စ်မန်း၊ ပီအက်စ်ဂျီနဲ့ပွဲ အမီ ပြန်လည် သက်သာလာဖွယ် ရှိနေတဲ့ မာနေး (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

နောက်တဆင့် တက်ဖို့ ရေပန်းစားနေတုန်း ဆိုတဲ့ အမ်ဘာပေးကို တုန့်ပြန်လိုက်တဲ့ နေဂဲလ်စ်မန်း၊ ပီအက်စ်ဂျီနဲ့ပွဲ အမီ ပြန်လည် သက်သာလာဖွယ် ရှိနေတဲ့ မာနေး စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နောက်တဆင့် တက်ဖို့ ရေပန်းစားနေတုန်း ဆိုတဲ့ အမ်ဘာပေးကို တုန့်ပြန်လိုက်တဲ့ နေဂဲလ်စ်မန်း 

ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ကတော့ ချန်ပီယံလိဂ်မှာ သူတို့ကို အနိုင်ယူပြီး ပီအက်စ်ဂျီက နောက်တဆင့်ကို တက်ရောက်နိုင်သေးတယ်လို့ ပြောခဲ့တဲ့ ကီလီယန် အမ်ဘာပေးရဲ့ ပြောဆိုမှုတွေကို တုံ့ပြန်လိုက်ပါတယ်။ အိမ်ကွင်းမှာ ၁-၀နဲ့ အရေးနိမ့်ခဲ့ပေမယ့် နောက်တဆင့် တက်နိုင်သေးတယ်လို့ အမ်ဘာပေး ပြောခဲ့တာပါ။ 

“ ကျနော် တို့ကို နာကျင်အောင် လုပ်နိုင်တယ်လို့ အမ်ဘာပေးက ပြောခဲ့ပါတယ်၊ သူတို့တွေ ဘောလုံးပိုင်ဆိုင်မှု ယူပြီး တိုက်စစ်ကို ကစားနိုင်မယ် ဆိုရင် ပေါ့လေ၊ တခြား နည်းလမ်းတွေနဲ့လည်း ဒါက အတူတူပါပဲ၊ ဒုတိယအကျော့မှာ ကျနော် တို့က ခံစစ်ကို ကစားသွားမှာမှ မဟုတ်တာ” လို့ ပြောဆိုခဲ့ပြီး ဘေယန် ကလည်း တိုက်စစ်ပဲ ကစားမှာလို့ တုံ့ပြန်သွားခဲ့တာပါ။ 

အမ်ဘာပေးက ပထမအကျော့မှာ လူစားဝင်လာခဲ့ပြီးနောက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့သာ ဂိုးမရခဲ့တာပါ။ သူ လူစားဝင်လာပြီးနောက် ပီအက်စ်ဂျီက တိုက်စစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ကာ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ကျော့မှာ ဒီလိုပုံစံ ကစားရင် ဘေယန်ကို အနိုင်ယူပြီး နောက်တဆင့် ရောက်နိုင်တယ်လို့ အမ်ဘာပေးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


တူရကီနဲ့ ဆီးရီးယား ငလျင် အတွက် အထူး ထုတ်လုပ်ထားတဲ့ ဂျာစီကို လေလံတင် ရောင်းချမယ့် ဒေါ့မန်

ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် ကတော့ လူပေါင်း ၄ သောင်းကျော် အထိ သေဆုံးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ကို ကူညီဖို့ အတွက် အထူး ဖန်တီးထားတဲ့ ဂျာစီကို လေလံတင် ရောင်းချကာ ရရှိမယ့် ငွေကြေးတွေကို လှူဒါန်းသွားဖို့ စီစဉ်လိုက်ပါတယ်။ Cola and Steel လို့ နာမည် ပေးထားထားတဲ့ အရေအတွက် ကန့်သတ်ထားတဲ့ ဂျာစီကို မနေ့က ထုတ်ဖော် ပြသခဲ့တာပါ။ 

စီးရီးအေ
ဆမ်ဒိုးရီးယား
ဘိုလော့နာ
1X2 သရေ (Draw) @ 3.00
ဂိုးပေါ် 2.00 @ 1.80
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒေါ့မန် ကတော့ Ruhr ဒေသက ကျောက်မီးသွေးနဲ့ သံမဏိ ထုတ်လုပ်ရာမြို့မှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။ အခု ထုတ်လုပ်ထားတဲ့ ဂျာစီကို မနက်ဖြန်မှာ ကစားမယ့် ဟာသာဘာလင်နဲ့ ပွဲမှာ ဝတ်ဆင်သွားမှာ ဖြစ်ပြီး အဲဒီနောက်မှာ လေလံတင် ရောင်းချမယ်လို့ ကြေညာခဲ့ပြီး အသင်း ဝက်ဘ်ဆိုက် မှာလည်း ငလျင် အတွက် ကူညီပေးဖို့ ဘဏ်အကောင့် တစ်ခုကို မျှဝေထားခဲ့ပါတယ်။ 

ဒီငလျင်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ပြင်းအား ၇.၇ အထိ ရှိခဲ့ကာ လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့သလို အဆောက်အဦး တွေလည်း အများအပြား ပြိုကျ ပျက်စီးခဲ့ရပါတယ်။ လူပေါင်း ၁၃ သန်း အထိကို ကြီးကြီးမားမား ရိုက်ခတ်မှု ရှိခဲ့တဲ့ ငလျင် ဖြစ်တာကြောင့် အခုအချိန်ထိကို ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။


ပီအက်စ်ဂျီနဲ့ပွဲ အမီ ပြန်လည် သက်သာလာဖွယ် ရှိနေတဲ့ မာနေး

ဘေယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေး ကတော့ ခြေထောက် ဒဏ်ရာ ကနေ ပြန်လည် သက်သာလာနေပြီး အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းနေပါပြီ။ ရာသီအစတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့လည်း လွဲချော်ခဲ့တဲ့ ဆီနီဂေါ တိုက်စစ်မှူးဟာ တနင်္လာနေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ပြန်လည် ပူးပေါင်းနိုင်မယ် လို့လည်း မျှော်လင့်ရပါတယ်။ 

ဒါကြောင့် ဘေယန်က ပီအက်စ်ဂျီကို အိမ်ကွင်းမှာ လက်ခံကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ မတိုင်ခင် ပြန်ကစားနိုင်ဖွယ်ရာ ရှိနေလို့ ဒါက ဘေယန် အတွက် အားတက်ဖွယ်ရာပါပဲ။ မာနေးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူ၁၉ အသင်းရဲ့ ဂိုးသမားနဲ့ အတူ လေ့ကျင့်ခဲ့ပြီး လူငယ်ကစားသမားတွေ ကိုလည်း အားပေးမှုတွေ လုပ်ခဲ့ပါသေးတယ်။ 

မာနေးဟာ ဘေယန်ကို ဒီရာသီကမှ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၂၃ ပွဲ ကစားပေး အပြီးမှာ ၁၁ ဂိုး အထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီစတင်ပြီး သိပ်မကြာခင်မှာပဲ ဒဏ်ရာကြောင့် အနားယူခဲ့ရကာ ရုန်းကန်နေရပြီး အခုတော့ ပြန်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။ 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်