နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန် ပရိသတ် အင်အားကို အားကျသွားခဲ့တဲ့ ချဲလ်ဆီး ပိုင်ရှင်၊ ယူနိုက်တက် ကြယ်ပွင့် အတွက် ဘေယန်မြူးနစ်တို့ တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန် ပရိသတ် အင်အားကို အားကျသွားခဲ့တဲ့ ချဲလ်ဆီး ပိုင်ရှင်၊ ယူနိုက်တက် ကြယ်ပွင့် အတွက် ဘေယန်မြူးနစ်တို့ တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန် ပရိသတ် အင်အားကို အားကျသွားခဲ့တဲ့ ချဲလ်ဆီး ပိုင်ရှင်

ချဲလ်ဆီး ပိုင်ရှင် တော့ဒ် ဘိုလေဟာ ဒေါ့မန်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ပထမအကျော့ ပွဲစဥ်မှာ သူ့ရဲ့ အသင်းကို အဝေးကွင်း အထိ လိုက်ပါ အားပေးခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါပွဲမှာ တော့ဒ် ဘိုလေက ပွဲကြည့်စင် ကနေ ဘွန်ဒက်စ်လီဂါ အသင်းရဲ့ နာမည်ကျော် Yellow Wallကို ဖုန်းနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်ရတဲ့ အထိကို ပြိုင်ဘက် အသင်း ပရိသတ်တွေကို အားကျခဲ့ရတာလည်း ဖြစ်ပါတယ်။ တော့ဒ် ဘိုလေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကို လက်လွှဲ ဝယ်ယူပြီးနောက်ပိုင်း အသင်း အတွက် စံချိန်တင် ငွေကြေးပမာဏကို အသုံးပြုပြီး ကစားသမားသစ်တွေ များစွာနဲ့ အင်အား ဖြည့်တင်း ပေးထားတာပါ။

အခုလိုမျိုး တော့ဒ်ဘိုလေ တစ်ယောက် ဒေါ့မန် ပရိသတ်တွေကို ဖုန်းနဲ့ မှတ်တမ်းတင်သွားတာကြောင့် ဒေါ့မန် ပရိသတ်တွေ ကတော့ သူတို့ရဲ့ Yellow Wall ပရိသတ် ထုထည်ဟာ ရောင်းချဖို့ မဟုတ်ကြောင်း တော့ဒ်ဘိုလေကို ဆိုရှယ်မီဒီယာမှာ နောက်ပြောင်နေကြပါတယ်။


ယူနိုက်တက် ကြယ်ပွင့် အတွက် ဘေယန်မြူးနစ်တို့ တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိ

ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန်မြူးနစ်ဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ဘေယန်မြူးနစ်တို့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိကြောင်း သိရှိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမား ဘက်ကရော၊ အသင်း ဘက်ကပါ စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။

ဘေယန်မြူးနစ် အနေနဲ့လည်း လက်ရှိမှာ ယူနိုက်တက် အတွက် ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးစားတာက သူတို့ အတွက် စိတ်ကူးယဥ်ဆန်တဲ့ ကိစ္စ ဖြစ်ပြီး ဟယ်ရီကိန်း လိုမျိုး လက်တွေ့ကျတဲ့ ပစ်မှတ် ကိုသာ ဦးစားပေးဖွယ် ရှိနေပါတယ်။

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ဆယ်တာဗီဂို
1X2 ဆယ်တာဗီဂို @ 4.40
ဆယ်တာဗီဂို အာရှ ဟန်းဒီးကပ် +0.50 @ 2.13
ဂိုးပေါ် 2.25 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာဖရိက အစားအသောက်တွေကြောင့် အရမ်း မြန်ဆန်လာကြောင်း ဖွင့်ဟလာတဲ့ ဒေါ့မန် ကြယ်ပွင့်

ဒေါ့မန် တိုက်စစ် ကြယ်ပွင့် ကာရင်မ် အဒီယီမီက အာဖရိက အစားအသောက်တွေက သူ့ကို အများကြီး လျင်မြန်လာအောင် ကူညီပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ နိုင်ဂျီးရီးယား နွယ်ဖွား ဂျာမနီ ကစားသမားဟာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ အိမ်ကွင်း ပွဲစဥ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် တစ်လုံး တည်းသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးမှာ အဒီယီမီရဲ့ လျင်မြန်မှုနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေ အကြား ပြောစမှတ်ပြုစရာ သွင်းဂိုး တစ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ လျင်မြန်မှု အတွက် အဒီယီမီက ကျွန်တော် အာဖရိက အစားအသောက်တွေကို အရမ်းစားပြီး အဖေ့ ဆီက ကောင်းမွန်တဲ့ မျိုးရိုးကို ဆက်ခံနိုင်ခဲ့ကြောင်း၊ ဖူဖူလို့ ခေါ်တဲ့ နိုင်ဂျီးရီးယား အစားအသောက်ကို အဓိက စားသောက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်