အာဆင်နယ်ကို လှောင်ပြောင်ခဲ့တဲ့ မူဒရစ်ခ်၊ ဂက်ခ်ပိုကို မရခဲ့တာ မှန်ကန်တယ်လို့ ဆိုနေကြတဲ့ ယူနိုက်တက် ပရိသတ်များ စတဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ပရိသတ်တွေနဲ့ အတူ အာဆင်နယ်ကို လှောင်ပြောင်ခဲ့တဲ့ မူဒရစ်ခ်
ချဲလ်ဆီး အသင်းရဲ့ ကစားသမားသစ် မီခိုင်လို မူဒရစ်ခ် ကတော့ သူ့ရဲ့ ပွဲဦးထွက်မှာပဲ အသင်း ပရိသတ်တွေ သဘောကျစေလောက်မယ့် ခြေစွမ်းကို ပြသသွားခဲ့ပြီး ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး ပရိသတ်တွေဟာ အာဆင်နယ်ကို ငြင်းပယ်ခဲ့တဲ့ မူဒရစ်ခ်ရဲ့ အကြောင်းကို လစ်ဗာပူးလ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲ အတွင်းမှာ သီကြွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ကို လှောင်ပြောင်ခဲ့တာကို မူဒရစ်ခ်က ပြန်ပြီး သူ့ရဲ့ အကောင့်မှာ တင်ထားခဲ့တာပါ။ ပရိသတ်တွေ သီကြွေးခဲ့တာ ကတော့ “ သူဟာ ဘိုလေရဲ့ ကိုယ်ပိုင် လေယာဉ်နဲ့ ယူကရိန်း ကနေ ပျံသန်းလာခဲ့ပါတယ်။ မူဒရစ်ခ်က အာဆင်နယ်က ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်ပြီလားလို့ မေးပါတယ်။ မဖြစ်သေးဘူး။ သွားရမယ့် နေရာကို သိတယ် ဆိုပြီး ပြောလိုက်တယ်။ သူက ၃ ကြိမ်မြောက် ရမယ့် ချန်ပီယံလိဂ်ကို ကိုင်မြှောက်ချင်တယ်” လို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မူဒရစ်ခ်ဟာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခွင့်ရပေမယ့် လစ်ဗာပူးလ် အသင်း ခံစစ် ကစားသမားတွေ အပြိုပြိုအလဲလဲ ဖြစ်အောင် လုပ်နိုင်ခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ မူဒရစ်ခ်ဟာ ဖေဖော်ဝါရီ ၃ ရက်မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ချဲလ်ဆီး အတွက် ပွဲစကတည်းက ပါဝင်နိုင်ဖွယ် ရှိပါတယ်။
ဂက်ခ်ပိုကို လှောင်ပြောင်နေကြတဲ့ ယူနိုက်တက် ပရိသတ်များ
လစ်ဗာပူးလ် ကစားသမားသစ် ကိုဒီ ဂက်ခ်ပိုဟာ ချဲလ်ဆီးနဲ့ ပွဲမှာလည်း ပွဲထွက်ခွင့် ရခဲ့ပေမယ့် ခြေစွမ်း မပြနိုင်တာကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ရင်ဆိုင်နေရပါတယ်။ ဂက်ခ်ပိုဟာ အခွင့်အရေး တချို့ ရခဲ့ပေမယ့် ဆိုးရွားတဲ့ အဆုံးသတ်မှုတွေ ကိုသာ ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းမပြနိုင် ဖြစ်ခဲ့ရကာ လူစား လဲလှယ်ခံခဲ့ရပါတယ်။
ဂက်ခ်ပိုရဲ့ ခြေစွမ်း ကိုတော့ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက် အသင်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာပါ။ ဂက်ခ်ပိုကို ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပြီး ကစားသမား ကလည်း ပြောင်းရွှေ့ချင်ခဲ့ပေမယ့် လစ်ဗာပူးလ် ဆီက ကမ်းလှမ်းမှု ရတဲ့ချိန်မှာ လက်ခံခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက် ပရိသတ်တွေက မင်းကို ငါတို့ အသင်း အတွက် မခေါ်ယူခဲ့တာ မှန်ကန်ခဲ့တယ် ဆိုပြီး လှောင်ပြောင်နေတာပါ။
လစ်ဗာပူးလ် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ် ကတော့ ပရိသတ်တွေ အနေနဲ့ ဂက်ခ်ပိုကို စိတ်ရှည်ပေးရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဂက်ခ်ပိုရဲ့ ခြေစွမ်းပြလာမယ့် အချိန်တွေ ရောက်လာမှာ ဖြစ်ပြီး လက်ရှိ အချိန်မှာ စိတ်မပျက်ကြဖို့ ဂျရတ်က တိုက်တွန်းခဲ့ကာ ကစားသမား ဘက်ကနေ ကာကွယ် ပြောဆိုပေးခဲ့ပါတယ်။
အာစင်ဝင်းဂါးကို အသားလွတ် ခလုတ်တိုက်ခဲ့တဲ့ ယာဂင် ကလော့ပ်
လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ် ကတော့ မနေ့က ချဲလ်ဆီးနဲ့ ပွဲမှာ သူ့ရဲ့ နည်းပြဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အမှတ်တရ ပွဲမျိုးမှာ ကလော့ပ်ရဲ့ အသင်းက အနိုင်မယူနိုင်ခဲ့ဘဲ အိမ်ကွင်းမှာ သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပြီး ဒီအပေါ်မှာ သူအနေနဲ့ ပျော်ရွှင်တယ်လို့ ကလော့ပ်က ဆိုပါတယ်။
ပွဲပေါင်း ၁၀၀၀ ပြည့်မှာ သရေ ရလဒ်နဲ့သာ အဆုံးသတ်ခဲ့တဲ့ အပေါ် ဘယ်လိုခံစားရလဲ ဆိုတဲ့ မေးခွန်းကို ကလော့ပ်က “ အာစင်ဝင်းဂါးလည်း သူ့ရဲ့ ပွဲပေါင်း ၁၀၀၀ ပြည့်မှာ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာလေ၊ ဒါကြောင့် ဒီနေ့ ရလဒ် အတွက် ကျနော် အရမ်း ပျော်ပါတယ်” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ ဒီရာသီမှာ ချဲလ်ဆီးနဲ့ အတူ အခြေအနေ ဆိုးရွားနေတဲ့ အသင်း ဖြစ်ပါတယ်။ လာမယ့် ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ကို နှစ်သင်းစလုံး တော်တော်လေး ရုန်းကန်ရမှာ ဖြစ်ပြီး လက်ရှိမှာ ဇယား အလယ်ပိုင်းကို ရောက်ရှိနေကြကာ ဖူလ်ဟမ်၊ ဘရန်ဖို့ဒ် တို့လို အသင်းတွေက သူတို့ အထက် မှာတောင် ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.