ဒေါ့မန်နဲ့ စာချုပ် သက်တမ်းတိုးလိုက်တဲ့ မူကိုကို၊ လစ်ဗာပူးလ် အတွက် ဘယ်လင်ဟမ်ကို သွားခေါ်ပေးမယ်လို့ ဆိုလိုက်တဲ့ စတီဗင် ဂျရတ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၂ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန်နဲ့ စာချုပ် သက်တမ်း တိုးမြှင့်လိုက်တဲ့ ယူဆိုဖာ မူကိုကို
ဘိုရပ်ရှား ဒေါ့မန် လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ယူဆိုဖာ မူကိုကိုဟာ အသင်းနဲ့ အတူ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။ မူကိုကိုဟာ ၂၀၂၆ ခုနှစ် အထိ ဘွန်ဒက်စ်လီဂါ ကလပ်မှာ ဆက်ရှိနေတော့မှာ ဖြစ်ပြီး ချဲလ်ဆီးနဲ့ ဘာဆာ အပါအဝင် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့် ဒေါ့မန်နဲ့ပဲ စာချုပ်သက်တမ်း တိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
“ အခြား အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိတာက ဂုဏ်ယူစရာပါပဲ၊ ဒါပေမယ့် ဒီဆုံးဖြတ်ချက်က ကျနော့် နှလုံးသားထဲက လာတာပါ၊ ပရိသတ်တွေက ကျနော့်ကို အမြဲတမ်း အားပေးခဲ့ကြတယ်၊ သူတို့ကို ကျနော် ပြန်ပြီး ပေးဆပ်ချင်တယ်၊ ပြီးတော့ အသင်း ကိုလည်း တစ်ခုခု ပြန်လုပ်ပေးချင်ပါတယ်” လို့ စာချုပ်သက်တမ်းတိုး အပြီးမှာ မူကိုကိုက ပြောဆိုခဲ့ပါတယ်။
မူကိုကို ကတော့ ဂျာမနီ လက်ရွေးစင် အသင်းနဲ့ အတူ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လိုက်ပါခွင့် ရခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဒေါ့မန် အတွက် ဒီရာသီမှာ ၆ ဂိုး သွင်းယူပေးထားသလို ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပြီး ၂၂ ပွဲ အထိ ပွဲထွက်ကစားပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ မူကိုကိုက သူ့ရဲ့ အသက် အရွယ်ကို လိမ်ညာထားတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
လစ်ဗာပူးလ် အတွက် ဘယ်လင်ဟမ်ကို သွားခေါ်ပေးမယ်လို့ ဆိုလိုက်တဲ့ စတီဗင် ဂျရတ်
ဂျူ့ဒ် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းဟောင်းရဲ့ လုပ်ငန်းစဉ်တွေကို ပါဝင် ကူညီပေးသွားမယ်လို့ စတီဗင် ဂျရတ်က နောက်ပြောင် ပြောဆိုလိုက်ပါတယ်။ နည်းပြ ယာဂင် ကလော့ပ်က ဘယ်လင်ဂမ်ကို စိတ်ဝင်စားနေပြီး လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်အဆိုင် ဖြစ်နေခဲ့တာပါ။
“ ဘယ်လင်ဂမ်က လစ်ဗာပူးလ် အတွက်ပဲ ဆိုတာ သိသာပါတယ်၊ ကျနော်က သူ့ရဲ့ အကြီးစား ပရိသတ်ပါ၊ လစ်ဗာပူးလ်က ပြေးလွှားကစားပေးမယ့် နံပါတ် ၈ ကစားသမားမျိုး လိုအပ်နေတာပါ”
“ ပြီးတော့ သူက ဂိုးဧရိယာထဲ ရောက်ရင် ဂိုးသွင်းယူပေးနိုင်သူ ဖြစ်ရပါမယ်၊ ဘယ်လင်ဟမ်က ဧရိယာထဲ အထိ လိုက်ကစားတတ်တဲ့ သူမျိုးပါ၊ သူလုပ်ဖို့ လိုအပ်နေတာက ကျနော့်ဆီကို ဒိုင်ယာရီ ပို့ပေးဖို့ပါပဲ၊ ကျနော် ဒေါ့မန်ကို သွားပြီး သူနဲ့ ညစာ အတူတူ စားပြီး ပြန်ခေါ်လာခဲ့ပါမယ်” လို့ ဂျရတ်က ပြောဆိုသွားခဲ့ပါတယ်။
ဖိနပ်မှာ ထူးဆန်းတဲ့စာ ရေးထိုးထားတဲ့ ဆီဘက်စတီယန် ဟော်လာ
ဒေါ့မန် တိုက်စစ်မှူး ဆီဘတ်စတီယန် ဟော်လာ ကတော့ ဝှေးစေ့ ကင်ဆာကို ရင်ဆိုင် အနိုင်ယူပြီး အသင်း အတွက် ပြန်လည် ကစားပေးနိုင်ဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ သူပြန်လည် ပါဝင် ကစားပေးနိုင်ခဲ့သလို ဟက်ထရစ်တောင် သွင်းယူနိုင်ခဲ့ပါသေးတယ်။ အခု လာမယ့် ညမှာ ကစားမယ့် အော့စ်ဘတ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲမှာလည်း ပါဝင် ကစားခွင့်ရဖို့ကို ဟော်လာက ပစ်မှတ်ထားနေပါတယ်။
ဟော်လာက အေဂျက်ဇ် ကနေ ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့လာပြီးကတည်းက ဒေါ့မန် အတွက် တစ်ပွဲမှ မကစားပေးရသေးပါဘူး။ ဝှေးစေ့ အကျိတ် ရောဂါကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ဟော်လာက သူ့ရဲ့ ဖိနပ်မှာ Fuck Cancer ဆိုတဲ့ စာတန်းကို ရေးထိုး ဝတ်ဆင် ကစားသွားဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.