နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ်တူဂီ ဆိုရင်တော့ စဉ်းစားမယ့် ဗန်ဟားလ်၊ မက်ဆီကို လိုက်ဝုန်းနေတဲ့ ပီယာ့စ် မော်ဂန် (ကမ္ဘာ့ဖလား နောက်ဆုံးရ သတင်းများ)

ပေါ်တူဂီက ခေါ်မယ် ဆိုရင် စဉ်းစားမယ်လို့ ပြောလိုက်တဲ့ ဗန်ဟားလ်၊ မက်ဆီကို လိုက်ဝုန်းနေတဲ့ မော်ဂန်၊ အမ်ဘာပေးကို လှောင်လို့ မပြီးသေးတဲ့ မာတီနက်ဇ် စတဲ့ ကမ္ဘာ့ဖလား နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပေါ်တူဂီက ခေါ်မယ် ဆိုရင် စဉ်းစားမယ်လို့ ပြောလိုက်တဲ့ ဗန်ဟားလ်

နယ်သာလန် နည်းပြဟောင်း လူးဝစ္စ ဗန်ဟားလ် ကတော့ ပေါ်တူဂီ အသင်းရဲ့ နည်းပြ ရာထူး အတွက် ချဉ်းကပ်မှုကို စဉ်းစားသွားမယ်လို့ ဝန်ခံလိုက်ပါတယ်။

ဗန်ဟားလ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် အသင်းကို ကိုင်တွယ်ခဲ့ပြီး ဒါဟာ သူ့ရဲ့ နည်းပြဘဝ နောက်ဆုံး ကိုင်တွယ်တဲ့ အသင်းလည်း ဖြစ်ကြောင်း အတည်ပြုထားတာ ဖြစ်ပါတယ်။

နယ်သာလန် အသင်းဟာ ကမ္ဘာ့ဖလားမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အာဂျင်တီးနားကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ်က ထွက်ခဲ့ရတာပါ။ ဒါပေမယ့် ဗန်ဟားလ်ဟာ နည်းပြ လောကထဲကို ပြန်လည် ဝင်ရောက်လာနိုင်တဲ့ အကြောင်းကို အံအားသင့်ဖွယ် ပြောလာခဲ့တာ ဖြစ်ပါတယ်။

ဗန်ဟားလ်က “ ကျနော် အနားယူမှာပါ။ ဒါပေမယ့် ပေါ်တူဂီက ခေါ်မယ် ဆိုရင်တော့ နားထောင်သွားမှာပါ။ ဒါပဲ ကျနော် ပြောနိုင်ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ နည်းပြ ဖာနန်ဒို ဆန်းတို့စ်နဲ့ လမ်းခွဲပြီးနောက် နည်းပြသစ် ရှာဖွေနေခဲ့တာပါ။ လက်တလောမှာ ဆီလီကာအိုတို့ အနေနဲ့ ရိုးမားကို ကိုင်တွယ်နေတဲ့ ပေါ်တူဂီ လူမျိုး မော်ရင်ဟို ကိုလည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။


မက်ဆီကို အသားကုန် ဝေဖန် တိုက်ခိုက်နေတဲ့ ပီယာ့စ် မော်ဂန်

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အမာခံပရိသတ် ဖြစ်တဲ့ ပီယာ့စ် မော်ဂန် ကတော့ လီယွန်နယ် မက်ဆီကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်လိုက်ပြန်ပါတယ်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား အရေးနိမ့်မယ်လို့ ပြောဆိုခဲ့သလို မက်ဆီက GOAT မဟုတ်ဘူးလို့လည်း ပြောဆိုဖူးတဲ့ မော်ဂန်က အာဂျင်တီးနားတို့ မြို့ပတ် အောင်ပွဲခံရာမှာ ပရိသတ်တွေ လမ်းပေါ်ထွက်လာမှုနဲ့ ပတ်သက်ပြီး ထပ်မံ ပြောဆိုခဲ့တာပါ။

ESPNက သူတို့ရဲ့ တွစ်တာ စာမျက်နှာမှာ လူပေါင်း ၄ သန်း အထိ မြို့ထဲ ထွက်ကာ အောင်ပွဲခံတယ်လို့ ရေးသားခဲ့မှုမှာ ပီယာ့စ် မော်ဂန်က “ ဘာလို့လဲ၊ အဲဒီမြို့မှာ လူပေါင်း ၁၅ သန်း နေတာလေ၊ ကျန်တဲ့ ၁၄ သန်းက ငါ့လိုပဲ အိမ်ထဲမှာပဲ နေနေကြတာလား၊ သူတို့က မာရာဒိုနာ ကိုပဲ အာဂျင်တီးနားရဲ့ GOAT လို့ ထင်နေတုန်းပဲလား” လို့ ရေးသားပြောဆိုခဲ့တာပါ။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား အရေးနိမ့်မယ်လို့ ပြောဆိုခဲ့သလို မက်ဆီက GOAT မဟုတ်ဘူးလို့လည်း ပြောဆိုဖူးတဲ့ မော်ဂန်က အာဂျင်တီးနားတို့ မြို့ပတ် အောင်ပွဲခံရာမှာ ပရိသတ်တွေ လမ်းပေါ်ထွက်လာမှုနဲ့ ပတ်သက်ပြီး ထပ်မံ ပြောဆိုခဲ့တာပါ။
ကစားသမားဘဝ အမြင့်ဆုံး အောင်မြင်မှု အဖြစ် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရခဲ့တဲ့ မက်ဆီ

ဒါဟာ မက်ဆီကို အာဂျင်တီးနားသား အများစုက GOAT လို့ မသတ်မှတ်ဘဲ မာရာဒိုနာ ကိုသာ သတ်မှတ်ထားတာလို့ သူက စောင်းမြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူပေါင်း ၁၅ သန်းမှာ ၄ သန်းပဲ အပြင်ထွက်တာလား လို့ပါ ခနဲ့ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ ကတော့ သူ့ရဲ့ပြောဆိုမှုတွေ အပေါ်မှာ ပြန်လည် ဝေဖန် တုံ့ပြန်နေကြပါတယ်။


အမ်ဘာပေးကို လှောင်ပြောင် အောင်ပွဲခံလို့ မပြီးသေးတဲ့ မာတီနက်ဇ်

အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ အမ်ဘာပေးရဲ့ မျက်နှာ တပ်ထားတဲ့ ကလေးအရုပ်ကို ကိုင်ထားပြီး ကမ္ဘာ့ဖလား အောင်ပွဲခံ အခမ်းအနားမှာ အောင်ပွဲခံခဲ့ပါတယ်။ ဗြူနိုအေရိစ်မြို့မှာ လှည့်လည် အောင်ပွဲခံချိန် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကလေးအရုပ်မှာ အမ်ဘာပေးရဲ့ ခေါင်းကို တပ်ဆင်ပြီး မငိုနဲ့ ဆိုပြီးတော့ လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

မာတီနတ်ဇ်ဟာ အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလား ရရှိခဲ့ရာမှာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ပင်နယ်တီ အဆုံးအဖြတ်မှာ ပြင်သစ် ဘက်က ကိုမန်ရဲ့ ကန်ချက်ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာပါ။ အချိန်ပိုမှာ ကိုလို မူအာနီရဲ့ ကန်သွင်းချက် ကိုလည်း ကာကွယ်နိုင်ခဲ့တဲ့ မာတီနက်ဇ်ဟာ ပွဲအပြီးမှာ ရွှေလက်အိတ်ဆုလည်း ရရှိခဲ့ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် အဝတ်လဲခန်း အတွင်း အောင်ပွဲခံချိန်မှာ အမ်ဘာပေးကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့သလို အာဂျင်တီးနား ပြန်ရောက်လို့ အောင်ပွဲခံချိန် မှာလည်း လှောင်ပြောင်မှုတွေကို ဆက်လက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမ်မီ မာတီနက်ဇ်ဟာ မက်ဆီ ဘေးနားမှာ ရှိနေပြီး ဒီလိုမျိုး လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။ မာတီနက်ဇ် ဗိုလ်လုပွဲ မကစားခင် ကလည်း တောင်အမေရိက ဘောလုံးကို ဝေဖန်ခဲ့တဲ့ အမ်ဘာပေးကို တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပရိသတ် တချို့ ကတော့ မာတီနက်ဇ်ရဲ့ လုပ်ရပ်က ပြိုင်ဘက် ကစားသမား အပေါ် လေးစားမှု ကင်းမဲ့တာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်