နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တစ်ကြိမ် ပြန်မြင်ရဖို့ မလွယ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အခိုက်အတန့်များ

ဒီတစ်ခါ မှာတော့ နောက်ထပ် တစ်ကြိမ် ပြန်မြင်ရဖို့ မလွယ်တော့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အမှတ်တရ အခိုက်အတန့် တချို့ကို ရွေးချယ် ဖော်ပြပေးချင်ပါတယ်။


၁။ ခရိုအေးရှား ခံစစ်ကို တစ်ဦးချင်း ပါးပါးနပ်နပ် ဖြတ်ကျော် သွင်းယူခဲ့တဲ့ နေမာရဲ့ ဂိုး

ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ နေမာ သွင်းယူခဲ့တဲ့ ဂိုးကတော့ တော်တော်လေး ပါးနပ်ပြီး တကယ့် ကွာလတီ ရှိတဲ့ သွင်းဂိုး ဖြစ်ပါတယ်။ နေမာ အနေနဲ့ တစ်ဦးချင်း ဖြတ်ကျော် ထိုးဖောက် အားထုတ်ပြီး သူကိုယ်တိုင်ပဲ အဆုံးသတ် ပြခဲ့တာပါ။ ပြိုင်ဘက် ခံစစ်မှူးတွေကို ကျော်ဖြတ်ပြီး ဂိုးသမားနဲ့ အနီးကပ်အတွေ့မှာ နေမာက အပြင်း ကန်သွင်း ရယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး ကတော့ ထပ်တလဲလဲ ပြန်ကြည့်ချင်စရာကို ကောင်းနေခဲ့တဲ့ ဂိုးဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း ခရိုအေးရှားရဲ့ ချေပဂိုးကြောင့် ဆမ်ဘာသား တို့ရဲ့ ပျော်ရွှင်မှုတွေ မိနစ်ပိုင်း အတွင်းမှာ ပျောက်ဆုံးခဲ့ရပါတယ်။ ပင်နယ်တီ ရောက်တဲ့ အချိန်မှာလည်း ဂိုးသမား လစ်ဗာကိုဗစ်ရဲ့ လက်စွမ်းပြမှုနဲ့ ဘရာဇီးလ်တို့ ဂိုးပေါက် ပျောက်ခဲ့ရပြီး နေမာရဲ့ အပြုံးတွေ ကတော့ မျက်ရည်တွေ အဖြစ် ပြောင်းသွားခဲ့ရပါတယ်။


၂။ အင်္ဂလန်တို့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရတဲ့ ချူအာမန်နီရဲ့ ရော့ကတ်ကစ်

ရော့ကတ်ကစ်လို့ ခေါ်တဲ့ ဒုံးကျည် ကန်ချက် သွင်းဂိုးပါ။ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ချူအာမန်နီ တစ်ယောက် အသင်းဖော်က ပြန်ခင်းပေးတာကို ၁၈ ကိုက်စည်းထိပ် ခပ်လှမ်းလှမ်း ကနေ မထင်မှတ်ပဲ အပြင်း ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ရဲ့ အောက်ခြေထောင့် ကနေ ဝင်သွားခဲ့ပြီး အင်္ဂလန်တို့ ပြိုင်ပွဲ ကနေ ထွက်ခွာရဖို့ အတွက် စောစောစီးစီး သေချာစေခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ဂိုးသမား ပစ်ခ်ဖို့ဒ် အဆင်သင့် မဖြစ်သလို ဂေါင်းကြီး မက်ဂွိုင်းယား တို့ အုပ်စု ဘာလုပ်ရမှန်းမသိချိန်မှာ ချူအာမန်နီက အခွင့်ကောင်းယူသွားခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ ကန်ချက်က ကောင်းမွန် တိကျခဲ့သလို တော်ရုံ ဂိုးဝင်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ကနေ ရရှိသွားခဲ့တဲ့ စပယ်ရှယ် ဂိုးတစ်ဂိုး လို့တောင် ချီးကျူးချင်ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.50 @ 1.85
ဂိုးပေါင် 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၃။ မော်ရိုကိုနဲ့ ပွဲက အော်ဆစ်ရဲ့ Slow Motion နဲ့ ဝေ့ဝိုက်ဝင်သွားတဲ့ဂိုး

မက်စ်လက်ဗ် အော်ဆစ်က မော်ရိုကိုနဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသင်းဖော်ရဲ့ ပေးပို့မှုကို ဂိုးဧရိယာရဲ့ ဘယ်အစွန်မှာ ရှိနေတဲ့ အော်ဆစ်က လက်ခံရယူပြီး ညာခြေနဲ့ သာသာလေး ဝေ့ဝိုက် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂိုးရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲကို လှလှပပ ဝင်သွားခဲ့လို့ ဂိုးသမား ဘွန်နူလည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အော်ဆစ် အနေနဲ့ ဒီသွင်းဂိုးထက် ပိုကောင်းတဲ့ ဂိုးမျိုးကို နောက်ထပ် တစ်ကြိမ် သွင်းယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောရတဲ့ အထိ အရည်အသွေး ပြည့်တဲ့ ဂိုးလို့တောင် တင်စားရပါမယ်။


၄။ ပြိုင်ဘက်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်သလောက် ရှိခဲ့တဲ့ ဒီမာရီယာရဲ့ ဂိုး

ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာ အာဂျင်တီးနား တောင်ပံကစားသမား အိန်ဂျယ်လ် ဒီမာရီယာ ကန်သွင်း ရယူခဲ့တာပါ။ အာဂျင်တီးနား အတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ဖြစ်ပြီး အသင်းလိုက် အချိတ်ဆက်မိမိ ကစားပုံ ကနေ အသင်းဖော် မက်အယ်လစ္စတာ ဖန်တီး ပေးခဲ့တာကို ဒီမာရီယာက ဘယ်ခြေနဲ့ အနီးကပ် အပိုင် ပိတ်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဂိုးဟာ အရမ်းကြီး ထူးဆန်း ပြောင်မြောက်နေတာ မဟုတ်ပေမယ့် ပြင်သစ် အသင်းနဲ့ ပရိသတ်တွေကို မျှော်လင့်ချက် မဲ့သွားစေခဲ့တဲ့ သွင်းဂိုးလို့တော့ သတ်မှတ်နိုင်ပါတယ်။ အဲ့ဒီပွဲမှာ ဒီမာရီယာက တောင်ပံ တစ်လျှောက် တော်တော်လေး ခြေစွမ်းပြ ကစားသွားခဲ့ပြီး ပြင်သစ် ခံစစ်ကို တစ်ချိန်လုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၇၀ အရောက်မှာ ဒီမာရီယာကို လူစားလဲလိုက်တာကြောင့် အာဂျင်တီးနားရဲ့ ကစားပုံက ပြိုဆင်းသွားခဲ့သလို ချေပဂိုးတွေလည်း ဆက်တိုက် ပေးခဲ့ရပါတယ်။ ဒါကြောင့် မလိုအပ်ပဲ ပင်နယ်တီ ဆက်ကန်ခဲ့ရပြီး ပင်နယ်တီ မှာတော့ မာတီနက်ဇ်ရဲ့ ကာကွယ်မှုကြောင့် အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။


၅။ ပြင်သစ် အတွက် တဒင်္ဂ အသက်ကယ်ဆေး ဖြစ်ခဲ့တဲ့ ကီလီယန် အမ်ဘာပေးရဲ့ မြေမကျ သွင်းဂိုး

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာပဲ အမ်ဘာပေး သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ ပြင်သစ် အတွက် အဖိုးတန် ချေပဂိုး ဖြစ်ခဲ့ပြီး ပထမဂိုးနဲ့ ၁ မိနစ်နီးပါး ကွာတဲ့ အချိန်မှာ အမ်ဘာပေးက လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခြင်း မရှိခဲ့တဲ့ ပြင်သစ်

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာပဲ အမ်ဘာပေး သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ ပြင်သစ် အတွက် အဖိုးတန် ချေပဂိုး ဖြစ်ခဲ့ပြီး ပထမဂိုးနဲ့ ၁ မိနစ်နီးပါး ကွာတဲ့ အချိန်မှာ အမ်ဘာပေးက လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး သွင်းဂိုးတွေ ထဲက တစ်ဂိုး အဖြစ် သတ်မှတ်ခံခဲ့ရပြီး လှပတဲ့ ကိုယ်ဟန် အနေအထားနဲ့အတူ သွင်းယူခဲ့တာကြောင့် တော်တော်လေးလည်း ဟော့သွားခဲ့ပါတယ်။ အမ်ဘာပေးဟာ အဲ့ဒီ သွင်းဂိုးကြောင့် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို မက်ဆီကို ကျော်ပြီး သွင်းဂိုး ၈ ဂိုးနဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံ မဖြစ်ခဲ့တဲ့ အတွက်တော့ အမ်ဘာပေး တစ်ယောက် ဆုတက်ယူချိန်မှာ အပြုံးအရယ်တွေ လုံးဝ ကင်းမဲ့နေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်