အောက်တိုဘာ ၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ဘယ်လွန်ဒေါဆု ထိုက်တန်တယ်လို့ ထောက်ခံခဲ့တဲ့ မာနေး
ဘေယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေးဟာ (၂၀၂၂) ခုနှစ် ဘယ်လွန်ဒေါဆုဟာ လာလီဂါ ကလပ် ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာနဲ့ ထိုက်တန်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
လာမယ့် အောက်တိုဘာ (၁၇) မှာ ဘယ်လွန်ဒေါ ဆုပေးပွဲ အခမ်းအနားကို ပဲရစ်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး မာနေးနဲ့ ဘန်ဇီမာ တို့က ဒီဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေကြတာပါ။
မာနေးကတော့ “အရိုးသားဆုံး ပြောရရင် ဒီနှစ် ဘယ်လွန်ဒေါဆုက ဘန်ဇီမာနဲ့ ထိုက်တန်တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် အာဖရိကဖလားရခဲ့ပြီး ဒါက ကျနော်နဲ့ ဆီနီဂေါနိုင်ငံ အတွက် တကယ်ကို သက်သာရာ ရစေခဲ့တဲ့ အရာပါ”
“ဒီအတွက်လည်း ကျနော် တကယ်ကို ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ဘယ်လွန်ဒေါနဲ့ ထိုက်တန်တာက ဘန်ဇီမာလို့ ကျနော် ထင်ပြီး ဒါကိုလည်း ကျနော် ရိုးရိုးသားသား ယုံကြည်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လေဗာကူဆင် နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဇာဘီ အလွန်ဆို
စပိန် ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်းကြီး ဇာဗီ အလွန်ဆိုကို ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်က နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
လေဗာကူဆင်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ (၈) ပွဲ ကစားပြီးချိန်မှာ ရမှတ် (၅) မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်ထဲကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် မှာလည်း နိုင်ပွဲ လုံးဝ မရရှိသေးဘဲ ပေါ်တိုကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ဆီယာအိုနီနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
အလွန်ဆိုဟာ ပြီးခဲ့တဲ့ မေလ ကမှ ဆိုစီဒက် B အသင်းနဲ့ လမ်းခွဲထားခဲ့ပြီး အသင်း လက်မဲ့ ဖြစ်နေခဲ့သူပါ။ အလွန်ဆိုဟာ ကစားသမား ဘဝမှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်၊ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်၊ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တို့နဲ့ အောင်မြင်မှုတွေ ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ကစားသမားဘဝမှာ အောင်မြင်မှု များစွာ ရရှိခဲ့ဖူးတဲ့ အလွန်ဆို တစ်ယောက် ပရော်ဖက်ရှင်နယ် နည်းပြ ဘဝ အစမှာရော အောင်မြင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒုတိယအကျော့မှာ ဖရန့်ဖတ်ကို အနိုင်ကစားရမယ်လို့ စပါး နောက်ခံလူ ဖွင့်ဟ
တော့တင်ဟမ်ဟော့စပါး နောက်ခံလူ ကလီမန့် လန်းဂ်လတ်က စပါး အနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တဆင့်ကို တက်ရောက်ဖို့ အတွက် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ် ၂ ပွဲ ဖြစ်တဲ့ ဖရန့်ဖတ်၊ စပို့တင်းလစ္စဘွန်း တို့နဲ့ ပွဲတွေကို အနိုင်ကစားမှ ရလိမ့်မယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
စပါးဟာ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဖရန့်ဖတ်ကို အဝေးကွင်း ပွဲစဉ်မှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ်။ စပါး အနေနဲ့ လာမယ့် တပတ်မှာ ဘွန်ဒက်စ်လီဂါ ကလပ်ကို အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံရမှာ ဖြစ်ပြီး ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။
ဒီအပေါ်မှာ လန်းဂ်လတ်က “နောက်တဆင့် တက်ဖို့ အတွက် ကျနော်တို့ ဖရန့်ဖတ်၊ စပို့တင်း လစ္စဘွန်းတို့နဲ့ အိမ်ကွင်း ပွဲတွေကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှပဲ ကျနော်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ နီးစပ်မှာပါ”
“ကျနော်တို့ ရည်မှန်းချက်က တကယ်ကို ရှင်းလင်း ပြတ်သားပြီး ပုံစံကောင်း ပြသဖို့ လိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ စပါးဟာ လက်ရှိ ချန်ပီယံလိဂ် အုပ်စုပွဲ (၃) ပွဲ ကစားပြီးချိန်မှာ ရမှတ် (၄) မှတ်သာ ရရှိထားပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.